နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာကို ဒုက္ခပေးဦးမှာလား ပိုချက်တီနို – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ – မန်ချက်စတာစီးတီး

အခုတစ်ပတ်မှာ‌တော့ အားလုံး စောင့်မျှော်နေခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ ကစားကြမှာ ဖြစ်ပြီးတော့ ဒုတိယနေ့မှာတော့ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ ပွဲလည်း ရှိနေပါတယ်။ နှစ်သင်းစလုံး အခုနှစ် ချန်ပီယံလိဂ်မှာ ပုံစံကောင်းတစ်ခုနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိလာခဲ့တာ ဖြစ်လို့ ဘယ်အသင်းက အသာရသွားမလဲဆိုတာ တော်တော်လေးတော့ ပြောရခက်ပါတယ်။

 

မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့တဲ့ ပီအက်စ်ဂျီတို့ ဒီနှစ်မှာလည်း နည်းပြသစ် ပိုချက်တီနိုနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်ထိ‌ ရောက်ရှိလာခဲ့ပါပြီ။ မနှစ်ကနဲ့ မတူတာက ဒီနှစ်မှာ ချန်ပီယံလိဂ် ဖလား ရမယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ဒီအဆင့်မှာ တွေ့ဆုံနေတာကြောင့် ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းက ခြေစွမ်းမတည်ငြိမ်သေးဘူးဆိုပေမယ့် ဘာစီလိုနာ၊ ဘေယန်မြူးနစ် တို့လို အသင်းတွေကို အကောင်းဆုံး ကျော်ဖြတ်ပြခဲ့တာဟာ တကယ့်ကို လေးစားဖို့ ကောင်းပါတယ်။ နောက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးတိုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီတို့ ဘယ်လို နောက်တန်းကိုမဆို ကျော်ဖြတ်ဖို့ ဝန်လေးနေမှာတော့ မဟုတ်ပါဘူး။ အသက်အရွယ်အရ တည်ငြိမ်လာတဲ့ နေမာ၊ လျင်မြန်ပြီး ကြံ့ခိုင်မှု ကောင်းတဲ့ အန်ဘာပေးတို့ အပြင် ဒီမာရီယာရဲ့ အတွေ့အကြုံတို့ ပေါင်းစပ်လိုက်ရင် မန်ချက်စတာစီးတီး‌ နောက်တန်းကို တော်တော်လေး အလုပ်ပေးနိုင်ဦးမှာပါ။ ဒါတောင် အရန်ကစားသမားတွေ ဖြစ်တဲ့ မွိုက်စ်ကိန်း၊ အီကာဒီ တို့ကို ထည့်မတွက်ရသေးပါဘူး။ နောက်ဆုံးသတင်းတွေ အရတော့ ပီအက်စ်ဂျီရဲ့ အဓိကကစားသမား အားလုံးနီးပါး ဒဏ်ရာပြသနာ ကင်းရှင်းနေပြီး ဘာနတ်၊ ရာဖင်ညာ တို့ကတော့ လွဲချော်မယ်လို့ သိရပါတယ်။

မနှစ်ကချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့ပီအက်စ်ဂျီတို့ဒီနှစ်မှာလည်းနည်းပြသစ်ပိုချက်တီနိုနဲ့အတူဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိလာခဲ့ပါပြီ။
ဘာစီလိုနာ၊ ဘေယန်မြူးနစ် တို့လို အသင်းကြီးတွေကို ကျော်ဖြတ်လာတဲ့ ပီအက်စ်ဂျီ

ဒီနှစ်အတွက် ပထမဦးဆုံး ဆုဖလားအဖြစ် လိဂ်ဖလား(ခရာဘောင်)ကို ပူပူနွေးနွေး သိမ်းပိုက်ထားနိုင်တဲ့ မန်ချက်စတာစီးတီးတို့ အတွက် နောက်ထပ် ပစ်မှတ်ထားတဲ့ ဆုဖလား ဖြစ်ပါတယ်။ပြည်တွင်းဆုဖလားတွေပဲ အလီလီ ရရှိထားတဲ့ မန်ချက်စတာစီးတီးနဲ့ ဂွာဒီယိုလာတို့ အတွက် ချန်ပီယံလိဂ် ဟာ အသည်းအသန် လိုချင်နေတဲ့ ဖလား ဆိုရင်လည်း မမှားပါဘူး။ ဂွာဒီယိုလာရဲ့ အသင်းက ရာသီအစမှာ ယိမ်းယိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျောက် တည်ငြိမ်လာပြီး ကစားသမားတွေလည်း တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရှိနဲ့ ပွဲစဉ်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြနေတာ တွေ့ရပါတယ်။ နောက်တစ်ချက်က ခံစစ်ပိုင်းပါ။ ပီအက်စ်ဂျီမှာ အကောင်းဆုံး တိုက်စစ် ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာစီးတီး မှာလည်း အကောင်းဆုံး ခံစစ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ပွဲလုံးမှာ ဟာလန်း၊ မာကိုရိုက်စ်တို့လို ကစားသမားတွေရဲ့ တိုးအားကိုတောင် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တဲ့ မန်စီးတီး နောက်တန်းရဲ့ လက်ရှိအခြေအနေက အားရစရာ ကောင်းပါတယ်။ ဗဟိုခံစစ်နေရာမှာ ရူဘင်ဒီးရာ့ဇ်နဲ့ ဂျွန်စတုန်းစ်ကိုပဲ တွဲပေးမလား၊ ရူဘင်ဒီးရာ့ဇ်နဲ့ လာပေါ့တ်ကိုပဲ တွဲပေးမလားဆိုတာ ဂွာဒီယိုလာ စိတ်ကြိုက်ရွေးချယ်လာနိုင်ပြီး အစွန်နေရာ မှာတော့ ကန်ဆယ်လိုနဲ့ ကိုင်လီဝေါလ်ကာကိုပဲ ပွဲထွက် ကစားစေမယ့် သဘောရှိပါတယ်။ ကွင်းလယ် မှာတော့ ဂွမ်ဒိုအန်၊ ဒီဘရိုင်းနား၊ တောင်ပံနှစ်ဖက်မှာ မားရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား တို့ကိုထားပြီး အထောင်တိုက်စစ် နေရာ မှာတော့ ဖေးလ်ဖိုဒန် ပွဲထွက်လာဖို့ များပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် သာရှိခဲ့ပြီး စီးတီးတို့ ၁ ပွဲနိုင်ပြီး ၂ ပွဲ သရေကစားနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ  တွေ့ဆုံခဲ့ပြီး ပီအက်စ်ဂျီကွင်းမှာ မန်ချက်စတာစီးတီး တို့ ၂-၂ ရလဒ် ကစားနိုင်ခဲ့သလို ဒုတိယအကျော့မှာတော့ ၁-၀ နဲ့ အနိုင်ယူပြီး ကျော်ဖြတ်ထားနိုင်ခဲ့တဲ့ အစဉ်အလာတော့ ရှိခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပီအက်စ်ဂျီ – မန်ချက်စတာစီးတီး 1X2 အိမ်ရှင် @ ၃.၂၅ ဆ
ဧပြီလ ၂၉ရက်, ည၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၃.၂၅ ဆနဲ့ဧည့်သည်အသင်းအတွက်၂.၀၅ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၈၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။မန်ချက်စတာစီးတီးရဲ့ အသင်းလိုက် ကစားပုံ ပိုကောင်းပေမယ့် အသင်းကြီးတွေကိုတောင် ဂိုးပြတ်ကျော်ဖြတ်လာတဲ့ ပိုချက်တီနိုရဲ့ အသင်းကို သွားလျှော့တွက်လို့ မရပါဘူး။ နောက်ပြီး ပိုချက်တီနိုက ဂွာဒီယိုလာဆိုရင် ဒုက္ခပေးတတ်တဲ့အပြင် အိမ်ကွင်းအားသာချက် ရှိနေတဲ့ ပြင်သစ်ထိပ်သီး ဘက်ကပဲ ရပ်တည်ချင်ပါတယ်။ ခန့်မှန်းရလဒ် ၂-၁ လောက်ပဲ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်