နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံးခံစစ် အားပြိုင်ပွဲမှာ အနိုင်၊ အရှုံး အဖြေပေါ်ဖို့ ခက်လိမ့်မယ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး vs ပီအက်စ်ဂျီ

အခုတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့ ရဲ့ ပွဲစဉ်က မေလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ကစားမှာ ဖြစ်ပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေး ပိုသာနေခဲ့ပေမယ့် ဖောင်ဖျက်ကစားလာမယ့် ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် ဘယ်လိုထိန်းချုပ်သွားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မန်ချက်စတာစီးတီးတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ အပြင် အဝေးဂိုးတွေပါ ရထားလို့ ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ကောင်းနေခဲ့ပေမယ့် အီတီဟတ်မှာ ဧည့်ခံကစားရမယ့် အခုပွဲကို ဘယ်လောက်အထိ အာရုံစိုက်ထားတယ် ဆိုတာ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲကို ကြည့်တာနဲ့ သိသာပါတယ်။ ကန်ဆယ်လိုနဲ့ ရိုဒရီ တို့ကလွဲလို့ ကီဗင် ဒီဘရိုင်းနား၊ မားရက်ဇ်၊ ဖိုဒန်၊ ရူဘင်ဒီးရာ့ဇ် အပါအဝင် ပထမအကျော့က ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့သူတွေ အားလုံးကို အနားပေးထားခဲ့တာပါ။ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ပရီးမီးယားလိဂ် ဖလားရဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်လို့ ကစားသမားတွေ အနေနဲ့ကလည်း တော်တော်လေး စိတ်ဓာတ်တက်ကြွနေပါလိမ့်မယ်။ နောက်ပြီး ပထမအကျော့တုန်းက အဝေးဂိုး ၂ ဂိုး ရခဲ့တာဟာ မန်စီးတီး အတွက် တော်တော်လေး တန်ဖိုးရှိခဲ့ပြီး အခုပွဲမှာ ၀-၁နဲ့ ရှုံးခဲ့ရင်တောင် ဗိုလ်လုပွဲ တက်ခွင့် ရနိုင်ဦးမှာ ဖြစ်လို့ အမှားနည်းနည်းနဲ့ ပွဲကို ထိန်းချုပ်ကစားဖို့ပဲ ကြိုးစားလာမယ့် သဘောရှိနေပါတယ်။ ဒီအတွက်လည်း ရူဘင်ဒီးရာ့ဇ်၊ ဂျွန်စတုန်းစ်၊ ဝေါလ်ကာတို့ကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လုံးဝ အနားပေးထားခဲ့ပြီး နေမာ၊ ဘာပေ၊ ဒီမာရီယာ၊ ဗာရက်တီတို့ရဲ့ တိုက်စစ်ကို ပထမအကျော့တုန်းကလိုပဲ အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ထားပုံ ပေါ်ပါတယ်။

 
တကယ်တမ်း ပြီးခဲ့တဲ့ ပွဲတုန်းက ပီအက်စ်ဂျီတို့ ဦးဆောင်ဂိုး ခပ်စောစော ရခဲ့သလို ပထမပိုင်း တစ်ပိုင်းလုံးလည်း မန်ချက်စတာစီးတီးကို အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ စီးတီးရဲ့ အားထုတ်မှုအပြင် မထင်မှတ်ပဲ ဂိုးတွေ ပေးခဲ့ရတာနဲ့ ကွင်းလယ်က ဂူရီ ထုတ်ခံလိုက်ရလို့ အိမ်ကွင်းမှာ ရှုံးသွားခဲ့တာ ဖြစ်ပေမယ့် ပီအက်စ်ဂျီရဲ့ ခြေစွမ်းက သိပ်တော့မဆိုးခဲ့ပါဘူး။ တစ်ချက်ရှိတာက တိုက်စစ်က အန်ဘာပေး အနေနဲ့ မန်ချက်စတာစီးတီးရဲ့ ဂိုးပေါက်ကို တစ်ကြိမ်တောင် ကန်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းက လက်တလော ပြင်သစ်လီဂူးဝမ်း မှာလည်း လိုင်လီရဲ့ ဦးဆောင်ခြင်းကို ခံနေရလို့ ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ အခြေအနေကို ရောက်နေပြီး မန်စီးတီးလို အဓိက ကစားသမားတွေ အားလုံးနီးပါးကို အနားပေးထားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ အခုပွဲမှာလည်း ပိုချက်တီနို အနေနဲ့ ပထမအကျော့က လူစာရင်းအတိုင်း ပွဲထွက်လာမယ့် ‌သဘောရှိပြီး ကစားကွက် အခင်းအကျင်းပဲ အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာမယ် ထင်ပါတယ်။ နေမာ ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခွင့်ရဖို့ အတွက် သူဟာ ရှေ့ဆုံးကနေ တိုက်ပွဲဝင်မယ့်သူ ဖြစ်ပြီး ကွင်းထဲမှာ သေရမယ်ဆိုရင်တောင် အကောင်းဆုံး ပေးဆပ်သွားမယ်လို့ ပြောကြားထားပါတယ်။

ထင်ပါတယ်။ နေမာ ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခွင့်ရဖို့ အတွက် သူဟာ ရှေ့ဆုံးကနေ တိုက်ပွဲဝင်မယ့်သူ ဖြစ်ပြီး ကွင်းထဲမှာ သေရမယ်ဆိုရင်တောင် အကောင်းဆုံး ပေးဆပ်သွားမယ်လို့ ပြောကြားထားပါတယ်။
ဘာစီလိုနာ၊ ဘေယန်မြူးနစ် တို့လို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားခဲ့တဲ့ ပီအက်စ်ဂျီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပြီးခဲ့တဲ့ ပွဲအပါအဝင် ၄ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ စီးတီးတို့ ၂ ပွဲနိုင်ပြီး ၂ ပွဲ သရေကစားနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် အီတီဟတ်မှာ ကစားခဲ့စဉ်က ကီဗင်ဒီဘရိုင်းနားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၃-၂ နဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ခဲ့ဖူးတဲ့ အစဉ်အလာရှိခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး vs ပီအက်စ်ဂျီ 1X2 သရေ @ 3.95
မေလ ၅ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၃၃ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ်ရဲ့ အားပြိုင်ပွဲက အနိုင်အရှုံး အဖြေပေါ်ဖို့ဆိုတာ ခက်ပါတယ်။ ဂိုးရဖို့ လိုတဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ် အားပြုတဲ့ ကစားပုံကြောင့် မန်ချက်စတာစီးတီးတို့ တန်ပြန်တိုက်စစ် ကနေ ဂိုးတွေ ပြန်ရသွားနိုင်တယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်ပြီး ရလဒ်ကတော့ သရေလို့ပဲ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ အားကစားများ STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်