နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းအားသာချက်နဲ့ မိုချင်ဂလတ်ဘတ်ကို အနိုင်ယူဖို့ လိုအပ်နေတဲ့ ရီးရဲယ်မက်ဒရစ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် နှင့် မိုချင်ဂလတ်ဘတ်

ချန်ပီယံလိဂ် အုပ်စု B က ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်မယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့် နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ကစားသမားကောင်းတွေ ရှိနေတဲ့ မိုချင်ဂလတ်ဘတ်တို့ ကစားပုံ ဆိုးရွားနေပေမယ့် ရှုံးထွက်အဆင့်အတွက် အားကုန်ထုတ် ရုန်းမယ့် ရီးရဲယ်မက်ဒရစ်ကို အဝေးကွင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်မှာလည်း ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ရီးရဲယ်မက်ဒရစ်တို့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီးတော့ နာမည်ကျော် နည်းပြ ဇီဒန်းလက်အောက်မှာ နိုင်ပွဲတစ်ပွဲ ရဖို့တောင် အသည်းအသန် ကစားနေရပါတယ်။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လာလီဂါမှာလည်း ရလဒ်တွေ မကောင်းဖြစ်နေပြီး ရှုံးပွဲ ၃ ပွဲအထိ ရှိထားပါတယ်။ ချန်ပီယံလိဂ် မှာ ဆိုရင်လည်း ကစားပုံ ပရမ်းပတာ ဖြစ်နေပြီး ကစားသမားတွေအနေနဲ့ နိုင်ပွဲဆာလောင်စိတ် ပျောက်ဆုံးနေတာကြောင့်လည်း တစ်ပွဲထက် တစ်ပွဲ ခက်ခဲနေရပါတယ်။ ရှက်တာဒိုးနတ်စ်ကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တာကြောင့်လည်း အခုလို နောက်ဆုံး ပွဲစဉ်မှာ အဆုံးအဖြတ် ကစားရဖို့အထိ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်ဘက်မှာ ကံတရားရှိနေသေးပါတယ်။ အခုပွဲက စပိန်မြေမှာ ကစားရမှာ ဖြစ်လို့ မက်ဒရစ်တို့ အတွက် အခွင့်အရေး အများကြီးပို ရှိနေပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲသရေကျထားခဲ့လို့ ရလဒ်ပိုင်းမှာ သိပ်အားရစရာ မရှိပါဘူး။ ရီးရဲယ်မက်ဒရစ်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ကို ကြည့်မယ်ဆိုရင် ကစားပုံမာကျောတဲ့ ဆီဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားပါတယ်။ လက်ရှိအသင်းရဲ့ လူစာရင်းမှာ ပွဲအဖြေ ပြောင်းလဲပေးနိုင်မယ့် ကစားသမားတွေ ရှိနေပေမယ့် နောက်တန်းမှာ ဗာရန်းကို ဦးဆောင်ပေးမယ့် ဆာဂျီယို ရာမို့စ်ကို မဖြစ်မနေ အသုံးပြုမှပဲ နိုင်ပွဲတစ်ပွဲကို မျှော်လင့်လို့ ရနိုင်မှာပါ။

 
မိုချင်ဂလတ်ဘတ်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ သရေပွဲတွေ များလာပေမယ့် လက်ရှိစုဖွဲ့မှုအရတော့ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ မိုချင်ဂလတ်ဘတ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ နဲ့ ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ကြည့်မယ်ဆိုရင်လည်း အင်တာမီလန်အသင်းကို ဖြစ်ပြီး ပြိုင်ဘက် အသင်းရဲ့ ရုန်းအားကောင်းလွန်းလို့သာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ မိုချင်ဂလတ်ဘတ်တို့ ချန်ပီယံလိဂ်မှာ သမိုင်းသစ်ရေးထိုးဖို့ ကြိုးပမ်းနေလို့ ပထမအကျော့တုန်းကလိုပဲ ရီးရဲယ်မက်ဒရစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးဖို့ အားထုတ်လာမှာ သေချာနေပါတယ်။ ဟော့ဖ်မန်း၊ ပလီရာ၊ အန်ဘိုလိုတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့ မိုချင်ဂလတ်ဘတ်တို့ အမှန်တကယ်ပဲ ရီးရဲယ်မက်ဒရစ် အိမ်ကွင်းမှာ သွားရောက်ကစားပြီး အသာရနိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မိုချင်ဂလတ်ဘတ်တို့ ချန်ပီယံလိဂ်မှာ သမိုင်းသစ်ရေးထိုးဖို့ ကြိုးပမ်းနေလို့ ပထမအကျော့တုန်းကလိုပဲ ရီးရဲယ်မက်ဒရစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးဖို့ အားထုတ်လာမှာ သေချာနေပါတယ်။
ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်မှာ အင်တာမီလန်အသင်းကို ရှုံးနိမ့်ထားတဲ့ မိုချင်ဂလတ်ဘတ်

ရီးရဲယ်မက်ဒရစ်နဲ့ မိုချင်ဂလတ်ဘတ်တို့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၁ ကြိမ်ပဲ ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ပြီးခဲ့တဲ့ ပထမအကျော့မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျထားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်တုန်းက ပြင်သစ် နာမည်ကျော် လီလီသူရမ် ရဲ့ သားဖြစ်သူ မားကပ်စ် သူရမ်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲယ်မက်ဒရစ် vs မိုချင်ဂလတ်ဘတ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၇၁ဆ
ဒီဇင်ဘာလ ၁၀ ရက်, ည ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၁ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၃၀ ဆနဲ့ သရေအတွက်ကို တော့ ၃.၉၅ ဆကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ဒီရာသီ လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ ရလဒ်တွေ ဆိုးရွားနေတယ်ဆိုပေမယ့် အသင်းကြီးတွေနဲ့ ကစားထားတဲ့ ပွဲစဉ်အများစုမှာတော့ အနိုင်ရထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဇီဒန်းရဲ့ အသင်းက အရေးကြီးတဲ့ အချိန်မှာ အရေးပါတဲ့ အလုပ်ကို အကောင်းဆုံး လုပ်ပြနိုင်တယ် ဆိုတာကို သက်သေပြထားသလိုပါပဲ။ မိုချင်ဂလတ်ဘတ်လို အသင်းနဲ့ ကစားရမှာ ဖြစ်လို့ ရီးရဲယ်မက်ဒရစ် တို့ မလွယ်ကူနိုင်ပေမယ့် နောက်ဆုံးမှာတော့ ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ ရှိပြီး ချန်ပီယံလိဂ် အတွေ့အကြုံ ပိုသာတဲ့ ရီးရဲယ်မက်ဒရစ်ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်