နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူမစုံတဲ့ ပီအက်စ်ဂျီကို ရှုံးကြွေးဆပ်မယ့် လိုက်ပ်ဇစ်ကို အားပေးပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

လိုက်ပ်ဇစ် vs  ပီအက်စ်ဂျီ

အောက်တိုဘာလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ ထဲက အကောင်းဆုံး ပွဲစဉ် တစ်ပွဲကို ရွေးချယ်ပါ ဆိုရင်တော့ လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ ပွဲကို ရွေးချယ်ရမှာပါ။ မျှော်လင့်ချက်ကိုယ်စီနဲ့ အနိုင် ၃ မှတ် အတွက် အားထုတ်လာမယ့် ပွဲစဉ်လည်း ဖြစ်လို့ SBOTOP ချန်ပီယံလိဂ် ပရိသတ်အကြိုက် အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ အသေအချာပါပဲ။

မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ တက်ခဲ့တဲ့ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ လိုက်ပ်ဇစ်တို့ ဒီနှစ် ချန်ပီယံလိဂ် မှာတော့ အုပ်စုအဆင့် မှာတင် မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ တို့နဲ့ တွေ့ပြီး နောက်တစ်ဆင့် တက်ရေး အိမ်မက် ဂယောက်ဂယက် ဖြစ်နေခဲ့ပါပြီ။ ရာသီအစ ပွဲစဉ်တွေ မှာ တောက်လျောက် နိုင်ပွဲတွေ ဆက်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်တို့ မန်ချက်စတာယူနိုက်တက်ကို ၅ ဂိုးပြတ် ရှုံးပြီးတဲ့နောက် မိုချင်ဂလတ်ဘတ်ကို ၁-၀ နဲ့ ထပ်ပြီး ရှုံးနိမ့်ခဲ့လို့ အဆင့် ၃ နေရာထိ ဆင်းပေးလိုက် ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိုးထရက်ဖို့ဒ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လိုက်ပ်ဇစ်တို့ တော်တော်လေး နလံမထူနိုင် ဖြစ်နေတယ် ဆိုတာ သိသာပါတယ်။ အခုလည်း ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်လို့ လိုက်ပ်ဇစ် အတွက် ကတော့ တကယ့်ကို ကံဆိုးလွန်းတဲ့ ရက်သတ္တပတ်တွေကို ဖြတ်သန်းနေရတယ် လို့ပဲ ဆိုရမှာပါ။ နောက်တစ်ချက်က လိုက်ပ်ဇစ်တို့ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ၃ ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ အသင်းကို ၃ လ အတွင်း နောက်တစ်ကြိမ် ထပ်ပြီး ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ်တို့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။ လိုက်ပ်ဇစ် ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲလုံးဝ မရှိသေးသလို ရက်ဘူးလ် အရီးနားမှာ ကစားထားတဲ့ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ဂိုးသွင်းထားပါတယ်။

 
ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ တူရကီကလပ် အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားကို ၂ ဂိုး ပြတ်အနိုင်ရခဲ့တယ် ဆိုပေမယ့် အသည်းအသန် ကစားပြီးမှ အနိုင် ၃ မှတ်ရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လီဂူးဝမ်း မှာလည်း နန့်တက်စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားလို့ ပီအက်ဂျီ တိုက်စစ်က အားရစရာ ကောင်းနေခဲ့ပေမယ့် လက်တလော အသင်းမှာ နေမာ၊ ဒရက်စလာ၊ ပယ်ရီဒက်စ်၊ အီကာဒီ၊ ဗရက်တီ၊ ဘားနတ် တို့လို ကစားသမားတွေ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး သတင်းတွေအရ ဆိုရင် ကြွက်သားဒဏ်ရာကြောင့် အန်ဘာပေးလည်း လိုက်ပ်ဇစ်နဲ့ ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။ လက်ရှိလူစာရင်းနဲ့ ဆိုရင်တော့ နည်းပြ သောမက်စ်တူချယ် ရဲ့ ပီအက်စ်ဂျီတို့ ဂျာမန်မြေမှာ လိုက်ပ်ဇစ် ဆီကနေ သရေ ၁ မှတ် ရဖို့တောင် ခက်ခက်ခဲခဲ ရုံးကန်ရတော့မှာလည်း ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ် ချန်ပီယံလိဂ် မှာတော့ အုပ်စုအဆင့် မှာတင် မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ တို့နဲ့ တွေ့ပြီး
ချန်ပီယံလိဂ် အုပ်စု H ရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်

ဒီနှစ်အသင်း အတွက် ၃လ အတွင်း ၂ကြိမ်မြောက် ချန်ပီယံလိဂ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီတို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပူပူနွေးနွေး တွေ့ဆုံထားခဲ့ကြပြီးတော့ မာကွင်ဟို၊ ဒီမာရီယာ၊ ဘားနတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီက ၃ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိုက်ပ်ဇစ် vs ပီအက်စ်ဂျီ အချိန်ပြည့် 1X2 အိမ်ရှင် @ ၂.၅၂ဆ
နိုဝင်ဘာလ ၅ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ ဆိုရင်တော့  အိမ်ရှင်အသင်းအတွက် ၂.၅၂ ဆ၊ သရေ အတွက် ကိုတော့ ၃.၂၅ ဆ နဲ့ဧည့်သည် အသင်းဘက်ကိုတော့ ၂.၇၄ ဆပေးထားတာတွေ့ရပါတယ်။ နေမာနဲ့ အန်ဘာပေး မပါရင် ပီအက်စ်ဂျီက သာမန် အသင်း တစ်သင်း အဆင့်ပဲ ရှိတာ အားလုံး အသိပါ။ ပေါက်ကြေး အရလည်း လိုက်ပ်ဇစ် ဘက်ကနေတာပဲ ပိုပြီး စိတ်ချရပါလိမ့်မယ်။ ဒီပွဲ အတွက်ကိုတော့ အိမ်ရှင်နဲ့ သွင်းဂိုး အနည်းကိုပဲ ရွေးချယ်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်