နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးတို့ အက်တီဟတ်မှာ ရီးရဲလ်မက်ဒရစ်ကို အသာရသွားမလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာစီးတီး – ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အက်တီဟတ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ မက်ဒရစ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျထားလို့ ဆီမီးဖိုင်နယ် ကို ဘယ်အသင်း တက်ရောက်သွားမလဲ ဆိုတာ အဆုံးအဖြတ်ပေးမယ့် ပွဲလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံနဲ့ ချန်ပီယံလိဂ် ဘုရင်ကြီး တို့ရဲ့ ပထမအကျော့ တွေ့ဆုံမှု ကတော့ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့လို့ ဆီမီးဖိုင်နယ် တက်ရောက်ရေး ၅၀/၅၀ ရှိနေဆဲပါ။ မန်စီးတီးဟာ ခြေစွမ်းပိုသာတယ် ဆိုပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် မှာဆိုရင် မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်းပါ။ အိမ်ကွင်း၊ အဝေးကွင်း မခွဲတတ်သလို မန်စီးတီး ဘယ်လောက် ကောင်းကောင်း ရှိန်နေမှာတော့ မဟုတ်ပါဘူး။ မန်စီးတီး ကလည်း ပထမအကျော့ ရီးရဲလ်မက်ဒရစ် ရပ်ဝန်းမှာ အကောင်းဆုံး တုန့်ပြန်လိုက်နိုင်လို့ စိတ်ဓာတ် တက်ကြွနေပြီး သူတို့ ကွင်းမှာ ပရိသတ်အားနဲ့ အပြတ်သိပ်ချင်နေပါတယ်။

ဒါ့အပြင် မန်စီးတီးက ရာသီကုန်ခါနီးလေ၊ အရေးကြီးတဲ့ အချိန်ရောက်လေ ပိုတည်ငြိမ်လာလေ ဖြစ်ပြီး သူတို့ရဲ့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အသင့် ဖြစ်နေတယ်လို့တောင် ပြောရပါမယ်။ အခုပွဲမှာ ညာနောက်ခံလူ ကိုင်လီ ဝေါလ်ကာ ပြန်ပါလာခြင်းနဲ့ အတူ ရီးရဲလ်ရဲ့ အဓိက တောင်ပံ တိုက်စစ်အား တစ်ခု ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ရှိနေပါတယ်။ နှစ်သင်းစလုံး ကတော့ ဒီပွဲ မတိုင်ခင် ကြားရက်မှာ ကစားခဲ့တဲ့ လိဂ် ပွဲတွေမှာ နိုင်ပွဲ ကိုယ်စီရရှိထားကြပြီး မန်စီးတီးက လူတန်ကို ၅-၁ ရလဒ်နဲ့ အနိုင်ရကာ၊ ရီးရဲလ်မက်ဒရစ် ကတော့ မာယော့ကာကို ခက်ခက်ခဲခဲ ကစားပြီးမှ ၁ ဂိုးတည်းနဲ့ ကပ်နိုင်ထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

မန်စီးတီးဟာ ခြေစွမ်းပိုသာတယ် ဆိုပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် မှာဆိုရင် မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်းပါ။
နောက်ဆုံး ကစားခဲ့တဲ့ ၁၅ ပွဲဆက် မရှုံးထားတဲ့ ရီးရဲလ်မက်ဒရစ်

အခုပွဲကိုတော့ မန်ချက်စတာစီးတီး ဘက်က ဂျွန်စတုန်းစ် တစ်ဦးတည်း ပါဝင်ကစားဖို့ မသေချာသေးတာလို့ သိရပါတယ်။

ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ ချူအာမန်နီ ပွဲပယ် ပြစ်ဒဏ်ထိထားပြီး ကော့တွိုက်စ်နဲ့ ဒေးဗစ် အလာဘာ တို့ ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – အီဒါဆင်၊ ဝေါလ်ကာ၊ ဒီးရာ့စ်၊ စတုန်းစ်၊ ဂဗာဒီယိုလ်၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဒိုခု၊ ဟာလန်း

ရီးရဲလ်မက်ဒရစ် – လူနင်၊ ကာဗာဟယ်၊ နာချို၊ ရူဒီဂါ၊ မန်ဒီ၊ ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါ၊ ခရူးစ်၊ ဘယ်လင်ဟမ်၊ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ် ဂျူနီယာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်၊ မန်စီးတီးက ၅ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ချန်ပီယံလိဂ် တွေ့ဆုံမှု မှာတော့ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ် နိုင်ပြီး မန်စီးတီးက ၅ ကြိမ် နိုင်ကာ ပြီးခဲ့တဲ့ ပထမအကျော့ မှာတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၅၉ ဆ၊ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၄.၅၄ ဆ၊ သရေ ဆိုရင်တော့ ၃.၉၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်ချက်စတာစီးတီးက တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး အရှုံးပေးထားပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံး က စဖွင့်ပါတယ်။ လက်ရှိမှာ ဥရောပရဲ့ အကောင်းဆုံး အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် အကြိတ်အနယ် ရှိဦးမှာပါ။ မှားတဲ့ အသင်းက ခံရမှာ ဖြစ်ပြီး ဒီပွဲကလည်း အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ဦးမှာပါ။ ဂိုးပေါ်ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် မန်ချက်စတာစီးတီး ၂-၂ ရီးရဲလ်မက်ဒရစ် (နှစ်ကျော့ပေါင်း ရလဒ် ၄-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်