နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အုပ်စု (F) ပွဲပြီးသုံးသပ်ချက်နဲ့ အလားအလာ

countdown banner

ဒီကနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (F) မှာတော့ ဒေ့ါမန်နဲ့ အေစီမီလန်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။


ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ပြခဲ့တဲ့ အေစီမီလန်

အေစီမီလန် ၂-၁ ပီအက်စ်ဂျီ

အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ပွဲအစောပိုင်းမှာပဲ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် အေစီမီလန်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေလို့ အေစီမီလန်က တိုက်စစ်မှာ လူစုံတက်စုံ အသုံးပြုခဲ့ပြီး ဂျရူးနဲ့ လွီယောင် တိုက်စစ် အတွဲကို ပူလီဆစ်က ထောက်ပံ့ပေးတဲ့ ပုံစံကို ခင်းကျင်းလာပါတယ်။ ပီအက်စ်ဂျီ ကတော့ ပုံမှန် ပွဲထွက်နေကျ အတိုင်း အမ်ဘာပေးကို တိုက်စစ်မှာ တင်ထားပြီး လီကန်အင်၊ ဒမ်ဘီလီ တို့နဲ့ ဝန်းရံလာခဲ့တာပါ။ ပွဲချိန် ၉ မိနစ် မှာပဲ စကီရီနီယာက ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ ဒါပေမယ့် တိုက်စစ်ကို မြှင့်ကစားလာတဲ့ အေစီကို သူတို့ မထိန်းနိုင်ခဲ့ပါဘူး။ လီယောင်က လှပတဲ့ နောက်ပြန် ကန်ချက်နဲ့ ချေပဂိုးသွင်းကာ ဂျရူးက ဒုတိယပိုင်းမှာ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းပေးသွားခဲ့ပြီး အဖိုးတန် နိုင်ပွဲယူသွားခဲ့ပါတယ်။


ဇောင်းကြွနေတဲ့ ငှက်ကြားတွေကို အဝါရောင် တံတိုင်းမှာ ဆုံးမပေးခဲ့တဲ့ ဒေါ့မန်

ဒေါ့မန် ၂-၀ နယူးကာဆယ်

နှစ်သင်းစလုံး အဓိက ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး ချန်ပီယံလိဂ်မှာ ပိုဝါရင့်တဲ့ ဒေါ့မန်တို့ အသာစီးရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (D)ကို ဦးဆောင်နိုင်ခဲ့တဲ့ ဒေါ့မန်

ဒေါ့မန် ကတော့ ဇောင်းထနေတဲ ငှက်ကြားတွေကို အိမ်ကွင်းမှာ ပညာပေးသွားခဲ့ပါတယ်။ ဆက်တိုက် ခြေစွမ်းပြနေတဲ့ နယူးကာဆယ်တို့ အဝေးကွင်းမှာ ဘာမှမလုပ်နိုင်ခဲ့ဘဲ ဒေါ့မန် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ကိုပါ ရင်ဆိုင်ခဲ့ရတဲ့ ပွဲပါ။ နှစ်သင်းစလုံး အဓိက ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး ချန်ပီယံလိဂ်မှာ ပိုဝါရင့်တဲ့ ဒေါ့မန်တို့ အသာစီးရယူနိုင်ခဲ့ပါတယ်။ ၂၆ မိနစ်မှာ ဖူးခရော့ဂျ်၊ ၇၉ မိနစ်မှာ ဂျူလီယန် ဘရန့်တ် တို့က ဂိုးတွေ အသီးသီး သွင်းခဲ့ပြီး နယူးကာဆယ်တို့ ချေပဂိုးတောင် မရခဲ့ပါဘူး။ ဂိုးကန်သွင်းချက်၊ တိုက်စစ် ကစားပုံတွေမှာ နယူးကာဆယ် အသာစီးရခဲ့ပေမယ့် ဂိုးမရခဲ့တာက ဆိုးပါတယ်။ နိုင်ပွဲဆက်နေတဲ့ ငှက်ကျားတွေ အရေးနိမ့်ပြီး နောက်တဆင့်တက်ဖို့ အတွက် ရုန်းကန်ရတော့မှာပါ။

ဒီအုပ်စုရဲ့ လက်ရှိ ရပ်တည်မှုကို ကြည့်ရင် ဒေါ့မန်က ၇ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေကာ ပီအက်စ်ဂျီက ၆ မှတ်၊ အေစီက ၅ မှတ်၊ နယူးကာဆယ်က ၄ မှတ်နဲ့ အစဉ်လိုက် ရှိနေတာပါ။ အမှတ်ကွာဟချက် ကျဉ်းမြောင်းလို့ ချန်ပီယံလိဂ် ရှုံးထွက်တက်ဖို့ အသင်းတိုင်းမှာ မျှော်လင့်ချက် ရှိနေပါတယ်။ လက်ကျန် ၂ ပွဲမှာ ထိပ်တိုက်တွေ့မယ့် ပွဲတိုင်းက သေရေးရှင်ရေးလိုပါပဲ။ အနိုင်ရတဲ့ အသင်းက နောက်တဆင့် တက်ဖို့ အခွင့်အရေး အသာရမှာပါ။ လက်ရှိမှာတော့ ဘယ်အသင်းမှ နောက်တဆင့် အတွက် မသေချာသေးပါဘူး။ ဒီအုပ်စုက မရဏ အုပ်စု ဆိုတဲ့ အတိုင်း နောက်ဆုံး အချိန်ထိ စိတ်ဝင်စားစရာ အကောင်းဆုံး အုပ်စု အဖြစ်နဲ့ ရှိနေဦးမှာ သေချာပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်