နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗိုလ်လုပွဲကို အလိုင်းရန့်ဇ် အရီနာမှာ ကစားမှာ ဖြစ်လို့ ထူးကဲတဲ့ ခံစားချက်တွေ ရနေတယ် ဆိုတဲ့ ကွန်ပနီ | ချန်ပီယံလိဂ်

အခုနှစ် ဘောလုံးရာသီမှာ အသွင်သစ်နဲ့ ကျင်းပမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ကတော့ ဂျာမနီ နိုင်ငံ မြုးနစ်မြို့က အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဒီကွင်းဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီက ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သူတို့ အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပမှာ ဖြစ်တဲ့ အတွက် ထူးခြားတဲ့ ခံစားမှုတွေ ရရှိနေတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လိဂ် အဆင့် ပွဲစဉ် (၁)ကို မကြာခင်မှာ စတင် ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပြီး ဘေယန်မြူးနစ် ကတော့ ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်ဘ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အသင်းဟာ အခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်ဘ်၊ ယူကရိန်း ကလပ် ရှက်တာဒိုးနတ်၊ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ၊ လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာ၊ ပြင်သစ် ကလပ် ပီအက်စ်ဂျီ၊ နယ်သာလန် ကလပ် ဖီယင်နော့ဒ်နဲ့ ဆလိုဗန် တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ် ရေးဆွဲမှု အနေအထားအရ ဘေယန်မြူးနစ် အနေနဲ့ ပွဲမကြပ်ပေမယ့်လည်း နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီနဲ့ လက်အောက်မှာ စတင် ကစားရတဲ့ ရာသီ ဖြစ်နေတာကြောင့် ဥရောပ အဆင့် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ မလွယ်ကူကြောင်း သုံးသပ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လိဂ် အဆင့် ပွဲစဉ် (၁)ကို မကြာခင်မှာ စတင် ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပြီး ဘေယန်မြူးနစ် ကတော့ ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်ဘ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လိဂ် အဆင့် ပွဲစဉ် ၁ အဖြစ် ဒိုင်နမိုဇာဂရက်ဘ်နဲ့ ကစားရမယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆုဖလား ၆ ကြိမ် ရရှိထားတဲ့ တတိယ အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ ချန်ပီယံလိဂ် မှာတော့ ဘေယန်မြူးနစ်ရဲ့ ဗိုလ်စွဲရန် ရေပန်းစားမှုက အဆင့် ၈ နေရာမှာသာ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲတွေ ဆက်နေပြီး ကွန်ပနီရဲ့ လက်အောက်မှာ အကောင်းဆုံး ပုံစံကို ပြသထားနိုင်တာ ဖြစ်ပါတယ်။

ဒီအခြေအနေကို ကွန်ပနီက ကျေနပ် အားရမှု အပြည့် ရှိနေပြီး UEFAနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းတဲ့ အခါမှာတော့ “ရည်မှန်းချက်တွေ ကတော့ ရိုးရှင်းပါတယ်။ ကျွန်တော် တို့က ပြိုင်ပွဲတိုင်းမှာ ဆုဖလား ရယူနိုင်ဖို ကြိုးစားသွားမှာပါ။ ချန်ပီယံလိဂ် ဆိုတာ အခက်ခဲဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့ လတ်တလောမှာ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ အသင်း အနည်းစုထဲမှာ ကျွန်တော် တို့လည်း ပါဝင်နေပါတယ်။ ဗိုလ်လုပွဲက ထူးခြားတဲ့ ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး အဲဒီအတွက် ထူးခြားတဲ့ ခံစားမှုလည်း ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ လွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနေရပေမယ့်လည်း ဗင်းဆင့်န် ကွန်ပနီက ပြိုင်ဘက်တိုင်း ကိုတော့ အလေးထား ယှဉ်ပြိုင်သွားမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်