နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ဘေယန်မြူးနစ် ၂-၀ ဘာစီလိုနာ (ချန်ပီယံလိဂ်)

ဘေယန်မြူးနစ် ၂-၀ ဘာစီလိုနာ

ချန်ပီယံလိဂ် အုပ်စု (C) ရဲ့ ပွဲစဉ် (၂) အဖြစ် ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင် ဘေယန်မြူးနစ်တို့ လူးကပ်စ် ဟာနန်ဒက်ဇ်၊ လီရွိုင်း ဆာနေး တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ တကယ်တမ်း ခြေစွမ်း ပိုကောင်းခဲ့တဲ့ ဘာစီလိုနာ ဖြစ်ပြီး တိုက်စစ်မှူး လီဝမ်ဒေါစကီး သာ အပိုင်အခွင့်အရေးတွေ အသုံးချနိုင်ခဲ့ရင် အဖြေ တစ်မျိုး ပြောင်းသွားနိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ထုံးစံ အတိုင်း ဥရောပရဲ့ အကောင်းဆုံး အသင်း နှစ်သင်း အားပြိုင်မှု ဖြစ်တာကြောင့်လည်း တော်တော်လေး အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲ ကစား အပြီး ၂ ပွဲစလုံး အနိုင်ရထားတဲ့ ဘေယန်မြူးနစ် ကတော့ အုပ်စု (C)ကို ဆက်လက် ဦးဆောင်နိုင်ခဲ့သလို ရှုံးပွဲတွေ့ခဲ့ရတဲ့ ဘာစီလိုနာ ကလည်း ရမှတ် ၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ခြေစွမ်း ပိုကောင်းခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်ကြောင့် ရှုံးခဲ့တဲ့ ဘာစီလိုနာ

ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းက ထုံးစံ အတိုင်း ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး သောမက်စ် မူလာကို အထောင် တိုက်စစ်မှူး အဖြစ် သုံးခဲ့ပါတယ်။ တောင်ပံ နှစ်ဖက်မှာ ဆာဒီယို မာနေးနဲ့ ဆာနေးကို ကစားစေပြီး ကွင်းလယ်နဲ့ ခံစစ်မှာတော့ ကင်မစ်ချ်၊ မူဆီယာလာ၊ ဆဘစ်ဇာ၊ ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ပါဗက်ဒ်၊ ဒေးဗီးစ်နဲ့ နော်အာ တို့ ပွဲထွက်ခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ၄-၃-၃ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ လီဝမ်ဒေါစကီး၊ ဒမ်ဘီလီ၊ ရာဖင်ညာ၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ဂါဗီ၊ ပက်ဒရီ၊ ခံစစ်မှာ အလွန်ဆို၊ ခရစ္စတန်ဆန်၊ အာရူဟို၊ ကွန်ဒေးနဲ့ တာစတီဂန်တို့ ပါဝင်လာခဲ့ပါတယ်။

ဘေယန်မြူးနစ်တို့ အိမ်ကွင်းမှာ ကစားရပေမယ့် ဧည့်သည် ဘာစီလိုနာကို ပွဲစကတည်းက မယှဉ်နိုင်ခဲ့ပါဘူး။ ဘေယန်မြူးနစ် နောက်တန်းက ဒမ်ဘီလီ၊ ရာဖင်ညာနဲ့ လီဝမ်ဒေါစကီး တို့ရဲ့ အတိုးအလှုပ်တွေကို သတိထား ထိန်းချုပ်ခဲ့ရသလို တစ်ဖက်က မာနေး၊ မူဆီယာလာ၊ ဆာနေး တို့လည်း ဘာစီလိုနာ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်။ အဓိက ကွင်းလယ်ချင်း မယှဉ်နိုင်ခဲ့တာ ဖြစ်ပြီး လီဝမ်ဒေါစကီးသာ အဆုံးသတ် အားမနည်းခဲ့ရင် ဘာစီလိုနာတို့ ပထမပိုင်း ကတည်းက ၂ ဂိုး အသာလောက်နဲ့ ဦးဆောင်နိုင်တဲ့ အခြေအနေမျိုး ရှိခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးရဲ့ အပိုင်ခေါင်းတိုက်ချက်ကို နော်အာ ကာကွယ်နိုင်ခဲ့သလို အပိုင် ကန်ချက် တစ်ကြိမ် ဂိုးဘားတန်းပေါ် ကျော်သွားတာ ကလည်း ဘာစီလိုနာ အတွက် နစ်နာစရာ ဖြစ်ခဲ့ရပါတယ်။

ဝါရင့် ကွင်းလယ်လူ ဂိုရက်ဇ်ကာ ကို ဒုတိယပိုင်းမှာ ထည့်သွင်း ကစားစေခဲ့တဲ့ နေဂဲလ်စ်မန်းရဲ့ ဗျူဟာ အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး ဂျာမန်သား ဝင်ရောက်လာချိန်မှာတော့ ဘေယန်မြူးနစ်တို့ ကစားအား ပိုကောင်းသွားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် မိနစ် ၅၀ မှာတော့ ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး နောက်ခံလူ ဟာနန်ဒက်ဇ်က ထောင့်ကန်ဘော ကတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၄ မိနစ် အကြာမှာပဲ ဘေယန်မြူးနစ်တို့ အနိုင်သေချာစေမယ့် ဒုတိယဂိုး ထပ်ရခဲ့ပြီး ဆာနေးက ဘာစီလိုနာ ဂိုးဧရိယာ ထဲကို တစ်ကိုယ်တော် မြန်နှုန်းမြင့် တိုးဖောက် ဝင်ရောက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘာစီလိုနာ တို့ ချေပဂိုး ရဖို့ အသည်းအသန် ကြိုးပမ်းခဲ့သေးပေမယ့် ပက်ဒရီရဲ့ ကန်ချက် တိုင်ထိခဲ့သလို အူပါမီကာနို အနေနဲ့ လီဝမ်ဒေါစကီးကို အမှားနည်းနည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လိုက်ဇစ်
1X2 ရီးယဲလ်မက်ဒရစ် @ 1.53
ဂိုးပေါ် 3.25 @ 2.01
ဂိုးပေါင်း 2-3 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ထပ်ပြီး ပြောရရင် ဘာစီလိုနာတို့ ဒီနေ့ပွဲမှာ ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ပြိုင်ဘက်ကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လီဝမ်ဒေါစကီးရဲ့ အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ ရှော်တာလား။ ချော်တာလား။ မသိတဲ့ အဆုံးသတ်တွေကြောင့် ဘာစီလိုနာတို့ ထုံးစံ အတိုင်း ဘေယန်မြူးနစ်ကို အရှုံးပေးခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဒီပုံ အတိုင်းဆို နူးကမ့်ပ်မှာ ကစားရမယ့် ဘာဆာနဲ့ ဘေယန်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်က ပိုပြီး ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းဖို့တော့ ရှိနေပါပြီ။ မူလာကို အထောင် ထားခဲ့တဲ့ ဘေယန်မြူးနစ် တိုက်စစ် ကတော့ ဒီနေ့ပွဲမှာ တော်တော်လေး သေနေခဲ့ပြီး ဆာနေးနဲ့ မာနေးရဲ့ တောင်ပံ နှစ်ဖက် လှုပ်မရခဲ့တာ ကလည်း လာမယ့် ပွဲတွေ အတွက် စိုးရိမ်စရာပါပဲ။

ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲ ကစား အပြီး ၂ ပွဲစလုံး အနိုင်ရထားတဲ့ ဘေယန်မြူးနစ် ကတော့ အုပ်စု (C)ကို ဆက်လက် ဦးဆောင်နိုင်ခဲ့သလို ရှုံးပွဲတွေ့ခဲ့ရတဲ့ ဘာစီလိုနာ ကလည်း ရမှတ် ၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အော့စ်ဘက်ဂျ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဘာစီလိုနာ ကတော့ အဲလ်ချီနဲ့ လာလီဂါ ပွဲစဉ် ၆ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်