နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ အချက်အလက်များ

ဒီတစ်ခါ မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ စံချိန်၊ မှတ်တမ်းတွေနဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တချို့ကို SBOTOP ပရိသတ်တွေကို ပြန်လည် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲကို ၁၉၅၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲ သက်တမ်း ကတော့ ၆၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားတာက နှစ်စဉ် မပျက်ပဲ ကျင်းပခဲ့ပြီး မူလက ဥရောပ ချန်ပီယံများ ဖလား နာမည်နဲ့ ကျင်းပခဲ့ပေမယ့် ၁၉၉၂ ခုနှစ် မှာတော့ ချန်ပီယံလိဂ် နာမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အားလုံး သိကြသလိုပဲ ကမ္ဘာ့ အကောင်းဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်သလို ပရိသတ် စိတ်ဝင်စားမှု အများဆုံး ပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ အချက်အလက်တွေအရ ဆိုရင် ကမ္ဘာတစ်ဝှမ်း နှစ်စဉ် နှစ်တိုင်း ကြည့်ရှုသူပေါင်း သန်း ၄၀၀ နီးပါး ရှိပြီး ၂၀၂၁ ဗိုလ်လုပွဲ ကတော့ နောက်ဆုံး ၆ နှစ် အတွင်း ပရိသတ် ကြည့်ရှုမှု အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အားလုံး သိကြတဲ့ အတိုင်းပဲ မစ္စတာ ချန်ပီယံလိဂ် လို့ အမည်တွင်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၁၈၃ ပွဲ ကစားထားပြီး ပွဲအများဆုံး ကစားထားသူ အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲအရေအတွက် အများဆုံး ကစားထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

အအောင်မြင်ဆုံး ကလပ်များ

ချန်ပီယံလိဂ်လို ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲ ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ခြေစွမ်း မကောင်းပေမယ့် ကံကောင်းလို့ ချန်ပီယံ မဖြစ်သလို ခြေစွမ်းကောင်းပြီး ကံဆိုးလို့လည်း ချန်ပီယံဆုနဲ့ လွဲခဲ့ရတဲ့ အသင်းတွေ အများကြီးပါပဲ။ ဒီလို ခက်ခဲလွန်းတဲ့ ပြိုင်ပွဲမှာ အားလုံးထက် ခေါင်းတစ်လုံးမက အသာရနေတဲ့ အသင်း ကတော့ ရီးရဲယ်မက်ဒရစ်ပဲ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဖလားကို ၁၃ ကြိမ် ရရှိထားခဲ့ပြီး ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ အေစီမီလန် ထက် နှစ်ဆနီးပါး သာလွန်တဲ့ အောင်မြင်မှု ရရှိထားတာ ဖြစ်ပါတယ်။ ဒီနှစ်မှာသာ ထပ်ပြီး ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ မက်ဒရစ်တို့ ချန်ပီယံလိဂ် ဘုရင်ဘွဲ့ကို ဆက်ထိန်းပြီး မှတ်တမ်းသစ်တွေလည်း ထပ်မံရေးထိုးနိုင်ဦးမှာပါ။ ၁၉၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀ ခုနှစ်တွေမှာ ၅ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ထားခဲ့သလို ၂၀၁၆၊ ၁၇၊ ၁၈ မှာ နောက်ထပ် တစ်ကြိမ် ၃ ရာသီဆက် ချန်ပီယံ ဖြစ်ခဲ့တာတွေ ကတော့ လိုက်မှီဖို့ မလွယ်ကူတဲ့ ရီးရဲယ်မက်ဒရစ်ရဲ့ အောင်မြင်မှု စံချိန်တွေပဲ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် ပြီးရင် အေစီမီလန် ကတော့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ၁၉၆၃၊ ၆၉၊ ၈၉၊ ၉၀၊ ၉၄၊ ၂၀၀၃နဲ့ ၂၀၀၇ နှစ်တွေမှာ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ အဲ့နောက်ပိုင်း မှာတော့ အေစီမီလန်တို့ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ အောင်မြင်မှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး စီးရီးအေ မှာလည်း ၁၁ နှစ်ကျော် အကြာမှ ချန်ပီယံဆုကို ပြန်လည် ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် တို့ကတော့ ၆ ကြိမ်စီနဲ့ တတိယ အအောင်မြင်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေပြီး ဘာစီလိုနာက ၅ ကြိမ်၊ အေဂျက်စ်က ၄ ကြိမ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်က ၃ ကြိမ်စီ၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာ၊ ချဲလ်ဆီး၊ နော့တင်ဟမ်ဖောရက်စ်၊ ပေါ်တို တို့က ၂ ကြိမ်စီနဲ့ ဆဲလ်တစ်၊ ဟမ်းဘတ်၊ စတူအာ ဘူခါရက်စ်၊ မာဆေးလ်၊ ဒေါ့မန်၊ ဖီယင်နော့ဒ်၊ အက်စတွန်ဗီလာ၊ ပီအက်စ်ဗွီ၊ ရက်စတားဘဲလ်ဂရိတ်တို့က ၁ ကြိမ်စီ ချန်ပီယံ ဖြစ်ထားပါတယ်။


အအောင်မြင်ဆုံး နိုင်ငံများ

စပိန် ကလပ် တွေ ကတော့ ချန်ပီယံလိဂ် မှာ ဆုဖလား အများဆုံး ရယူထားနိုင်ပြီး ချန်ပီယံ ၁၈ ကြိမ်၊ ဒုတိယ ၁၁ ကြိမ် ဖြစ်ထားပါတယ်။ အင်္ဂလန် ကလပ်တွေက ချန်ပီယံ ၁၄ ကြိမ်၊ ဒုတိယ ၁၀ ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အီတလီ ကလပ်တွေ ကတော့ ချန်ပီယံ ၁၂ ကြိမ်၊ ဒုတိယ ၁၆ ကြိမ်နဲ့ တတိယ အအောင်မြင်ဆုံး ရပ်တည်နေခဲ့ပါတယ်။ ဂျာမန် ကလပ်တွေ ကတော့ ချန်ပီယံ ၈ ကြိမ်သာ ဖြစ်ထားပြီး နယ်သာလန် ကလပ် တွေကတော့ ချန်ပီယံ ၆ ကြိမ် ဖြစ်ထားပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 1.00 @ 1.83
ဂိုးပေါင်း 0-1 @ 3.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အကြိမ်ရေ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကလပ်များ

ရီးရဲယ်မက်ဒရစ် အသင်း ကပဲ ထိပ်ဆုံးမှာ ရှိနေပြီး ၄၇ ကြိမ်အထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားခဲ့ပြီး ဘင်ဖီကာက ၄၁ ကြိမ်၊ ဒိုင်နမိုကိယက်ဗ်က ၃၉ ကြိမ်၊ အေဂျက်စ်က ၃၈ ကြိမ်၊ ဂျူဗင်တပ်စ်က ၃၅ ကြိမ်၊ ဘေယန်မြူးနစ်က ၃၄ ကြိမ်၊ အန်ဒါလက်ချ်၊ အိုလံပီယာကော့စ်နဲ့ ဆဲလ်တစ် တို့က ၃၂ ကြိမ်စီ၊ ပေါ်တိုက အကြိမ် ၃၀ ယှဉ်ပြိုင်ထားခဲ့ပါတယ်။ အအောင်မြင်ဆုံး အသင်းတွေထဲက ဆိုရင်တော့ ဘာစီလိုနာက ၂၉ ကြိမ်၊ ယူနိုက်တက်က ၂၈ ကြိမ်၊ လစ်ဗာပူးလ်က ၂၅ ကြိမ်၊ အေစီမီလန်က ၂၄ ကြိမ်နဲ့ အင်တာမီလန်က ၁၉ ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရထားခဲ့တာ တွေ့ရပါတယ်။


နိုင်ပွဲ အများဆုံး၊ သရေပွဲ အများဆုံးနဲ့ ရှုံးပွဲ အများဆုံး ကလပ်များ

ဒီနေရာ မှာလည်း ရီးရဲယ်မက်ဒရစ် အသင်းက အများဆုံး ဖြစ်ပြီး ၄၆၃ ပွဲ ကစားထားရာမှာ ၂၇၆ ပွဲနိုင်၊ ၇၉ ပွဲသရေ၊ ၁၀၈ ပွဲ ရှုံးထားပါတယ်။ ရီးရဲယ်မက်ဒရစ် ပြီးရင် ဘေယန်မြူးနစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက် တို့က နိုင်ပွဲ အများဆုံး ရထားတဲ့ အသင်းတွေ အဖြစ် ရပ်တည်နေပါတယ်။ သရေပွဲ အများဆုံး အသင်းတွေ ကလည်း ဒီ ၅ သင်းပဲ ဖြစ်ပြီး ရှုံးပွဲ အများဆုံး အသင်းတွေ အဖြစ်တော့ ရီးရဲယ်မက်ဒရစ်နဲ့ အတူ ဒိုင်နမိုကိယက်ဗ်၊ ဘင်ဖီကာ၊ အန်ဒါလက်ချ်နဲ့ ပေါ်တိုတို့ ထိပ်ဆုံးမှာ ရှိနေပါတယ်။


ရဂိုး အများဆုံးနဲ့ ပေးဂိုး အများဆုံး ကလပ်များ

ရီးရဲယ်မက်ဒရစ်က ၁၀၂၀ ဂိုးနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ဘေယန်မြူးနစ်က ၇၈၂ ဂိုး၊ ဘာစီလိုနာက ၆၅၅ ဂိုး၊ မန်ချက်စတာယူနိုက်တက်က ၅၃၃ ဂိုး၊ ဂျူဗင်တပ်စ်က ၄၇၀ ဂိုးနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။ ပေးဂိုး အများဆုံး ကလပ် စာရင်း မှာတော့ ၅၀၈ ဂိုးနဲ့ ရီးရဲယ်မက်ဒရစ်၊ ၃၆၇ ဂိုးနဲ့ ဘေယန်မြူးနစ်၊ ၃၃၁ ဂိုးနဲ့ ဘာစီလိုနာ၊ ၃၂၀ ဂိုးနဲ့ အန်ဒါလက်ချ်၊ ၃၁၉ ဂိုးနဲ့ ဘင်ဖီကာ တို့က ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။


ပွဲအများဆုံး ကစားထားသူများ

အားလုံး သိကြတဲ့ အတိုင်းပဲ မစ္စတာ ချန်ပီယံလိဂ် လို့ အမည်တွင်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၁၈၃ ပွဲ ကစားထားပြီး ပွဲအများဆုံး ကစားထားသူ အဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ရော်နယ်ဒို အနေနဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်း ကစလို့ မန်ချက်စတာယူနိုက်တက် အသင်း အတွက် ၅၉ ပွဲ၊ ရီးရဲယ်မက်ဒရစ် အတွက် ၁၀၁ ပွဲ၊ ဂျူဗင်တပ်စ် အတွက် ၂၃ ပွဲ ကစားပေးထားပါတယ်။ ဒါပေမယ့် လာမယ့် ရာသီမှာ မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ်နဲ့ လွဲချော်ထားခဲ့တာကြောင့် နှစ်ပေါင်း ၂၀ ဆက်တိုက် ချန်ပီယံလိဂ် ကစားခဲ့ရတဲ့ စံချိန် ကျိုးပျက်သွားဖို့တော့ ရှိနေပါတယ်။ နောက်ထပ် ရီးရဲယ်မက်ဒရစ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ကာဆီးလက်စ်က ၁၇၇ ပွဲနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ဇာဗီက ၁၅၇ ပွဲ၊ ဂစ်က ၁၅၁ ပွဲ၊ ရာအူးလ်က ၁၄၄ ပွဲ၊ ဘန်ဇီမာက ၁၄၁ ပွဲ၊ မာဒီနီက ၁၃၉ ပွဲ၊ မူလာက ၁၃၆ ပွဲနဲ့ အင်နီယေစတာက ၁၃၂ ပွဲနဲ့ ပွဲအများဆုံး ကစားထားသူတွေ အဖြစ် ရပ်တည်လျက် ရှိပါတယ်။


ဂိုးအများဆုံး သွင်းထားသူများ

ဂိုးအများဆုံး သွင်းထားသူ စာရင်း မှာလည်း ခရစ္စတီယာနို ရော်နယ်ဒိုက ၁၄၁ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်ထပ် G.O.A.T တစ်ဦး ဖြစ်တဲ့ မက်ဆီ ကတော့ ၁၂၅ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီး တို့ကတော့ ၈၆ ဂိုးစီ သွင်းထားကြပြီး ရာအူးလ်က ၇၁ ဂိုး၊ နစ်စတယ်ရွိုင်းက ၆၀ ဂိုး၊ ရှက်ဗ်ချန်ကိုက ၅၉ ဂိုး၊ မူလာက ၅၂ ဂိုး၊ ဟင်နရီက ၅၁ ဂိုးနဲ့ အင်ဇာဂီက သွင်းဂိုး ၅၀ ရရှိထားကာ ချန်ပီယံလိဂ်ရဲ့ ဂိုးအများဆုံး သွင်းထားသူ ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်မှာ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်