နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေ မှာတော့ ရီးရဲယ်နဲ့ပဲ လက်တွဲထားသင့်တယ် | ရီးရဲယ်မက်ဒရစ် – ပီအက်စ်ဂျီ (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် – ပီအက်စ်ဂျီ

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်တွေထဲက အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှုလို့ ပြောရမယ့် ရီးရဲယ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ဒုတိယအကျော့ ပွဲစဉ် ကလည်း ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဥရောပရဲ့ အကောင်းဆုံး အသင်း နှစ်သင်း ကစားမယ့် ပွဲဖြစ်သလို ပထမအကျော့ ရလဒ်ကြောင့်လည်း ဘယ်အသင်း နောက်တစ်ဆင့် တက်ရောက်သွားနိုင်မလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ အလျင်အမြန် အသားကျခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ လာလီဂါ မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံး ကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲ ကစားခဲ့ရာမှာ ၅ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး အုပ်စု ပထမနေရာ ကနေ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အငြင်းပွားဖွယ် မဲခွဲမှုကြောင့် မထင်မှတ်ပဲ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲယ်မက်ဒရစ်တို့ ပထမအကျော့ ပြင်သစ်မြေ မှာတော့ ကီလီယန် အန်ဘာပေးရဲ့ နောက်ကျဂိုးကြောင့် ရှုံးနိမ့်ထားခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဒီရာသီ ရီးရဲယ်မက်ဒရစ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်း အနေနဲ့ လာလီဂါ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးသလို ရှရစ်ဖ်ကို ဘာနေဗျူးမှာ ရှုံးပြီး နောက်ပိုင်း ပြိုင်ပွဲစုံ အိမ်ကွင်း ၁၃ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် နောက်ဆုံး ၃ ကြိမ်မှာ ၂ ကြိမ် နောက်တစ်ဆင့်ကို တက်လှမ်းထားခဲ့တဲ့ အစဉ်အလာ ရှိထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရဆိုရင်တော့ ရီးရဲယ်တို့ ပြီးခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ရီးရဲယ်ဆိုစီဒက်လို အသင်း ကိုတောင် ၄-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် တစ်ဦး ဖြစ်တဲ့ တိုနီခရူးစ် တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို ကတ်ဆီမီရိုနဲ့ ဖာလန်း မန်ဒီတို့ ပွဲပယ် ပြစ်ဒဏ် ထိထားတာတွေက ရီးရဲယ်မက်ဒရစ်ရဲ့ အသင်းလိုက် စုဖွဲ့မှုကို အနည်းငယ် အားနည်းစေနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရတော့ ဘန်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ အဆန်စီရို တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ကာမာဗင်ဂါ၊ ဗယ်ဗာဒီ၊ မိုဒရစ် တို့ ပါဝင်လာနိုင်ပြီး ခံစစ် မှာတော့ ကာဗာဟယ်၊ မီလီတောင်၊ အလာဘာ၊ မာဆယ်လို သို့မဟုတ် နာချို ဖာနန်ဒက်ဇ်နဲ့ ဂိုးမှာ ကော့တွိုက်စ်ပဲ ပွဲထွက်လာဖို့ များနေပါတယ်။

ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ရီးရဲယ်မက်ဒရစ်ကို အနိုင်ရပြီးနောက် ကစားထားတဲ့ ၃ ပွဲ မှာတော့ စိန့်အက်တီယန်နီကို အနိုင်ရပြီး နန့်စ်ကို ၃-၁၊ နိုက်စ်ကို ၁-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ လီဂူးဝမ်း ၃ ပွဲမှာ ၁ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးထားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့တော့ အနည်းငယ် ပြောရခက်ပါတယ်။ မက်ဆီ၊ နေမာ၊ ကီလီယန် အန်ဘာပေး တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် မထင်ရင် မထင်သလို ရှုံးနိမ့်နေတာ ကတော့ မဖြစ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အဓိက ကတော့ လီယွန်နယ် မက်ဆီ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ပေမယ့် ဘာစီလိုနာ မှာတုန်းကလို ဂိုးသွင်း ခြေစွမ်း မရှိတော့တာ ဖြစ်ပြီး နေမာ ကလည်း မကြာခဏ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရလို့ ပီအက်စ်ဂျီရဲ့ ခြေစွမ်းက ထင်သလောက် အားရစရာ မရှိတာ ဖြစ်ပါတယ်။ လူငယ် ကြယ်ပွင့် ကီလီယန် အန်ဘာပေး ကတော့ ပါဝင် ကစားနိုင်တဲ့ ပွဲတိုင်းမှာ ခြေစွမ်းပြနေပြီး လီဂူးဝမ်းမှာ ၁၄ ဂိုးသွင်း၊ ၁၀ ကြိမ် ဖန်တီးထားသလို ချန်ပီယံလိဂ် မှာလည်း ၅ ဂိုးသွင်းပြီး ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ရီးရဲယ်မက်ဒရစ်ကို အနိုင်ရပြီးနောက် ကစားထားတဲ့ ၃ ပွဲ မှာတော့ စိန့်အက်တီယန်နီကို အနိုင်ရပြီး နန့်စ်ကို ၃-၁၊ နိုက်စ်ကို ၁-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်တလော တိုက်စစ်က ကီလီယန် အန်ဘာပေး ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေတာက ပိုချက်တီနို အတွက် ဝမ်းသာစရာ ဖြစ်ပြီး မက်ဆီ၊ နေမာ တို့နဲ့ အတူ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရမလား ဆိုတာတော့ သေချာပေါက် ပြောလို့ မရသေးပါဘူး။ ကွင်းလယ် မှာတော့ ပရဲရား၊ အီဒရစ်ဆာ ဂေးဟ်၊ ဗာရက်တီ၊ ခံစစ်နဲ့ ဂိုး မှာတော့ ကင်ပမ်ဘီ၊ မန်းဒက်စ်၊ မာကင်ညော့စ်၊ ဟာကီမီနဲ့ ဒွန်နာရူးမား တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဥရောပအဆင့် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၀ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ရာမှာ ရီးရဲယ်မက်ဒရစ်တို့ ၅ ကြိမ်နိုင်ပြီး ပီအက်စ်ဂျီ ကတော့ ၃ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် မှာတော့ ၇ ကြိမ် တွေ့ဆုံထားခဲ့ဖူးပါတယ်။ အုပ်စု အဆင့် ၄ ကြိမ်မှာ ရီးရဲယ်တို့ ပီအက်စ်ဂျီကို ၁ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။ ရှုံးထွက် အဆင့်မှာ ၃ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၂၀၁၈ ချန်ပီယံလိဂ်မှာ ရီးရဲယ်တို့ နှစ်ကျော့စလုံး အနိုင်ရခဲ့ပေမယ့် ဒီနှစ် ပထမအကျော့ ပွဲစဉ် မှာတော့ ၁-၀ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ရီးရဲယ်မက်ဒရစ် အတွက် ၂.၄၅ ဆ၊ သရေ အတွက် ၃.၄၀ ဆ၊ ဆဲလ်ဘတ် အတွက် ၂.၇၃ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပွဲအဖြေ ထုတ်ပေးထားနိုင်တဲ့ ကစားသမားကောင်း ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ ထိပ်သီး အသင်းတွေ ဖြစ်လို့ အိမ်ကွင်း/အဝေးကွင်း အားသာချက်က သိပ်တော့ အရေးမပါလှပါဘူး။ လက်ရှိ ခြေစွမ်းအရ ဆိုရင် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး ပေးဂိုး ၁ ဂိုးပဲ ရှိထားတဲ့ ရီးရဲယ်တို့ ပီအက်စ်ဂျီထက် ပိုပြီး တည်ငြိမ်နေတယ် ဆိုတာကို ပြသထားနိုင်ပါတယ်။ ဒါကြောင့် ရီးရဲယ်မက်ဒရစ် ဘက်မှာပဲ ခြေစုံပစ် ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး စပိန်ထိပ်သီး တို့ပဲ နောက်တစ်ဆင့် ကိုတော့ တက်လှမ်းသွားမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်