နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းထက်နေတဲ့ မန်စီးတီးကို ရီးရဲလ်တို့ ဘယ်လို ပုံစံနဲ့ ရင်ဆိုင်သင့်သလဲ (ချန်ပီယံလိဂ်)

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ပပ် ဂွာဒီယိုလာရဲ့ မန်စီတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရပါတော့မယ်။ ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ် ဒီအဆင့်မှာပဲ တွေ့ခဲ့ပြီး မန်စီးတီးက အနိုင်ရလုနီးပါး ဖြစ်ပြီးမှ နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရလို့ ကံဆိုးစွာနဲ့ လှည့်ပြန်ခဲ့ရတာပါ။ လက်ရှိမှာ မန်စီးတီးရဲ့ ခြေစွမ်းက တော်တော်လေး ကောင်းမွန်နေပြီး ရီးရဲလ် ကတော့ မှန်းဆရခက်နေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဆိုရင် ရီးရဲလ်က အနိုင်ရအောင် ဘယ်လိုမျိုး ကန်ရမလဲ ဆိုတာ ကောင်းကောင်းကြီး နားလည်နေပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ မနှစ်ကလို အသည်းအသန် မကစားရဖို့ အန်ဆယ်လော့တီ ဘက်က ပြင်ဆင်ရတော့မှာပါ။ ဒီတော့ ပထမအကျော့ အတွက် ရီးရဲလ်တို့ ဘယ်လို ပြင်ဆင်လာသင့်သလဲ ဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်။


၁။ ရီးရဲလ်မက်ဒရစ်ရဲ့ ညာတောင်ပံမှာ ဘယ်သူကစားသင့်လဲ?

အဆန်စီယို၊ ရိုဒရီဂို၊ ဗယ်လ်ဗာဒီ တို့က ရီးရဲလ်မက်ဒရစ်ရဲ့ ညာတောင်ပံမှာ ကစားပေးနေရသူတွေပါ။ ပွဲကြီးတွေမှာ ဆိုရင် ကာလို အန်ဆယ်လော့တီက ဗယ်လ်ဗာဒီနဲ့ ရိုဒရီဂိုကို ပိုပြီး ဦးစားပေးနေပါတယ်။ ရာသီအစမှာ ရိုဒရီဂိုက အထနှေးခဲ့ပေမယ့် သူ့ထုံးစံအတိုင်း တဖြည်းဖြည်းနဲ့ အရှိန်ရလာပြီး ညက အိုဆာဆူနာနဲ့ ပွဲမှာ ဆိုရင် အသင်းကို ကိုပါဒယ်ရေးဖလား ရစေမယ့် အနိုင်ဂိုး နှစ်ဂိုး စလုံး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဘရာဇီးလ်သားလေးက ဧရိယာထဲမှာ ပြေးလွှားနိုင်ပြီး ပြိုင်ဘက် ခံစစ်မှူးတွေကို ညာခြမ်း ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကစားသမားပါ၊ ဒါက ဗင်နီးစီးယပ်စ် အပေါ် မှီခိုနေရမှု ကိုပါ လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဗယ်လ်ဗာဒီကို အန်ဆယ်လော့တီက ပုံမှန် မဟုတ်တဲ့ ရွေးချယ်မှု အနေအထားနဲ့ ညာတောင်ပံမှာ ကစားခိုင်းနေတာပါ။ ဗယ်ဗာဒီကို ကြည့်ရတာက ၄ ဦးမြောက် ကွင်းလယ်လူ ပုံစံပဲ ပေါက်နေခဲ့တာပါ။ ဗယ်လ်ဗာဒီကို ညာတောင်ပံမှာ ထားကစားမယ် ဆိုရင် အားနည်းနိုင်တာက ဗင်နီးစီးယပ်စ် အနေနဲ့ တစ်ချိန်လုံး ပြေးလွှားနေရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဝေါလ်ကာသာ မန်စီးတီး အတွက် ကစားနိုင်မယ် ဆိုရင် အန်ဆယ်လော့တီရဲ့ ဗျူဟာ ပြောင်းရပါလိမ့်မယ်။ ဒီအခြေအနေအရ ဆိုရင် ညာတောင်ပံမှာ ဗယ်လ်ဗာဒီ ထက် ရိုဒရီဂိုကို အသုံးပြုတာက ပိုပြီး သင့်လျော်ပါလိမ့်မယ်။ ဒါဆို ဗင်နီးစီးယပ်စ်လည်း ကစားပေါက် ပိုချောင်သွားနိုင်သလို ဘန်ဇီမာ အနေနဲ့လည်း တိုက်စစ် မျှားဦးမှာ ပိုပြီး အာရုံစိုက်နိုင်မှာ သေချာပါတယ်။


၂။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်က ဘယ်လိုပုံစံနဲ့ ပွဲထွက်လာနိုင်မလဲ?

ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ် ဒီအဆင့်မှာပဲ တွေ့ခဲ့ပြီး မန်စီးတီးက အနိုင်ရလုနီးပါး ဖြစ်ပြီးမှ နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရလို့ ကံဆိုးစွာနဲ့ လှည့်ပြန်ခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာ မန်စီးတီးကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

မိုဒရစ်က ပွဲအစကတည်းက ပါဝင်ဖို့ မသေချာဘူးလို့ သတင်း ထွက်နေပါတယ်။ ဒါဆိုရင် သူ့နေရာ အတွက် Cover ဖြစ်ဖို့ ဆိုရင် အန်ဆယ်လော့တီ အတွက် ခရူးစ်၊ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီကို ကွင်းလယ် နေရာ အတွက် စဉ်းစားရတော့မှာပါ။ မိုဒရစ် မပါနိုင်ရင် ဗယ်လ်ဗာဒီကို ကွင်းလယ်မှာ ထားမယ်ဆို ရိုဒရီဂိုက ညာတောင်ပံမှာ နေရာ ရပါလိမ့်မယ်။ ကာမာဗင်ဂါထက် စာရင် ခရူးစ်က build up ပိုင်းမှာ ပိုကောင်းမွန်ပြီး တခါတလေ မှာတော့ ကာမာဗင်ဂါဆီက မိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုးတွေ မြင်ရတာမျိုးတွေ ရှိနေလို့ ခံစစ်ပိုင်းက ပိုပြီးတော့ အာရုံစိုက်ရဖွယ် ရှိနေပါတယ်။ ညာတောင်ပံမှာ ဘယ်သူ့ကို ပွဲထုတ်မလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ကွင်းလယ်ပိုင်းကို အန်ဆယ်လော့တီက စဉ်းစားရမှာပါ။ ဗယ်လ်ဗာဒီကို ကွင်းလယ်မှာ ထားပြီး ရိုဒရိုင်ဂိုကို တောင်ပံမှာထားမယ် ဆိုလည်း ရပါတယ်။ စီးတီးရဲ့ pressing နဲ့ high up ကစားပုံက အရမ်းကောင်းတဲ့ အတွက် ကွင်းလယ် သုံးယောက်တန်းမှာ ဘယ်သူ့ကို နေရာချမလဲ ဆိုတာက အန်ဆယ်လော့တီ အတွက် အရေးအကြီးဆုံးပါ။ ခရူးစ်၊ ချူအာမန်နီ-မိုဒရစ် အတွဲဆိုရင် အကောင်းဆုံး ဆိုပေမယ့် မိုဒရစ်နေရာ ဗယ်လ်ဗာဒီ ဆိုရင်လည်း ရီးရဲလ် ကွင်းလယ်က တောင့်တင်းနေဦးမှာပါပဲ။ ခရူးစ်က နံပါတ် ၈ ကစားသမား အဖြစ်နဲ့ ပွဲကို ပိုပြီး ထိန်းချုပ်နိုင်ပြီး ဒီကွင်းလယ်ပိုင်းက မန်စီးတီးရဲ့ ဖိအားပေးမှု အောက်မှာ ကောင်းကောင်း ကစားနိုင်မယ် ထင်ပါတယ်။


၃။ မန်စီးတီးလို အသင်းကို ရီးရဲလ်တို့ တန်ပြန် တိုက်စစ်နဲ့ ကစားသင့်ရဲ့လား?

ဒီပွဲကို ဘယ်လိုပြင်ဆင်ချင်လဲ ဆိုတာကို အန်ဆယ်လော့တီ အများကြီး စဉ်းစားရမှာပါ။ ပွဲကြီး အများစုမှာ အန်ဆယ်လော့တီက ခံစစ်ပိုင်းကို အားပြုပြီး တန်ပြန် တိုက်စစ် ကိုပဲ သီးသန့်ကစားဖို့ ရွေးချယ်လေ့ ရှိပါတယ်။ အန်ဆယ်လော့တီ တစ်ယောက် ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်က ပီအက်စ်ဂျီနဲ့ ပထမအကျော့မှာ ဒီလို ကစားပုံကို ရွေးချယ်ခဲ့ပြီး ဘာဆာနဲ့ အယ်လ်ကလက်စီကို ပွဲတွေ မှာလည်း ဒီပုံစံ အတိုင်း ချဉ်းကပ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ တုန်းက နောက်တန်း ကနေ ကစားကွက် တည်ပြီး မန်စီးတီးကို ရင်ဆိုင်ချိန်တုန်းက ရီးရဲလ်တို့ ရုန်းကန်ခဲ့ရပြီး လက်ရှိအသင်း ကလည်း ဒီလိုမျိုး ကစားရင် အမှားတွေကို ရှိလာနိုင်တဲ့ အခြေအနေပါ ဒီတော့ ခံစစ်ထိုင် ကစားမယ် ဆိုရင် ရီးရဲလ် အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ မန်စီးတီးက လွှမ်းမိုးနိုင်တဲ့ အသင်း ဖြစ်နေလို့ ရီးရဲလ် အတွက် ဂိုးမရှိသရေ၊ ဒါမှမဟုတ် ၁ ဂိုးလောက်ပဲ ပေးဖို့ကို ထိန်းထားဖို့က အာမခံချက် မရှိပါဘူး။ သူတို့ အနေနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ပြဖို့ လိုအပ်နေပါတယ်။ low block တွေကို ကာကွယ်ဖို့ အတွက် ဆိုရင် ချူဝါမန်နီက ကောင်းကောင်းကြီး အဆင်ပြေနေလို့ သူတို့ အတွက်တော့ အေးအေးဆေးဆေး ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးကို ကျော်ဖြတ်ဖို့ အတွက်ဆို အန်ဆယ်လော့တီမှာ ပြောင်မြောက်တဲ့ ဗျူဟာ တစ်ခုနဲ့ ကောင်းမွန်တဲ့ အတွေးအခေါ်တွေကို ချပြရမှာ ကတော့ အသေအချာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်