နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ် အမှားတွေကြောင့် အက်တလက်တီကိုမက်ဒရစ်ကို အရှုံးပေးခဲ့ရတဲ့ ဒေါ့မန် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

အက်တလက်တီကိုမက်ဒရစ် ၂-၁ ဒေါ့မန်

   မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ဒုတိယနေ့မှာတော့ အက်တလက်တီကိုမက်ဒရစ်က ဒေါ့မန်ကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် အတွေ့အကြုံရင့် အသင်းတွေပီပီ တစ်သင်း အမှားကို တစ်သင်း စောင့်ရင်း ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ၃-၅-၂ အခင်းအကျင်းကို အသုံးပြုခဲ့ပြီး အိုဘလက်ခ်၊ အက်ဇ်ပီလီကွယ်တာ၊ ဟင်မီနက်ဇ်၊ ဝစ်ဆဲလ်၊ ကိုကီ၊ ယောရန်းတေး၊ ဒီပေါလ်၊ လီနို၊ မိုလီနာ၊ ဂရစ်ဇ်မန်း၊ မိုရာတာ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ ဒေါ့မန် ကတော့ ၄-၂-၃-၁ နဲ့ အတူ ကိုဘယ်၊ ရှလော့တ်တာဘက်ခ်၊ ဟမ်းမဲလ်၊ မတ်ဆန်၊ ရွိုင်ယာဆန်၊ ချန်၊ ဆဘစ်ဇာ၊ အန်မီချာ၊ ဆန်ချို၊ အဒီယီမီ၊ ဖူးလ်ခရက်ချ် တို့ ပါဝင်လာခဲ့ပါတယ်။

အိမ်ကွင်း အားချက်ရှိခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်ဟာ ပွဲစကတည်းက ဒေါ့မန် ဘက်ကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပြီး ပွဲချိန် မိနစ်မှာတင်ပဲ ဂိုးသမား ကိုဘယ်နဲ့ ဒေါ့မန် နောက်ခံလူတွေရဲ့ အမှားကို ဒီပေါလ်က အခွင့်ကောင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဝစ်ဆဲလ်ရဲ့ လှပတဲ့ ကန်ချက်ကို ကိုဘယ် ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့လို့ ဒေါ့မန်တို့ သက်သာသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၂၀ လောက်အထိ အက်တလက်တီကို တို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာတော့ ဒေါ့မန်က ပွဲကို ပြန်လည် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃၂ မိနစ်မှာ ဒေါ့မန် ခံစစ်ရဲ့ အမှားကနေပဲ လီနိုက ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့လို့ ၂-၀ ဖြစ်သွားခဲ့ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ်ရဲ့ ထုံးစံအတိုင်း ဦးဆောင်ဂိုးတွေ ရပြီးရင် ခံစစ်ကို လုံအောင် ပိတ်ဆော့ရင်း တန်ပြန်တိုက်စစ်နဲ့ တုန့်ပြန်ဖို့ ကြိုးစားခဲ့တာကြောင့်လည်း ဒေါ့မန်တို့ အခွင့်အရေးတွေ ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒုတိယပိုင်းမှာ အက်တလက်တီကိုတို့ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့်လည်း လီနိုရဲ့ ကန်ချက်ကို ကိုဘယ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့လို့ ဒေါ့မန်တို့ ကံကောင်းခဲ့ရပါတယ်။ မိနစ် ၆၀ လောက်မှာတော့ တိုက်စစ်မှာ ပုပ်နေတဲ့ ဖူးလ်ခရက်ချ်နဲ့ တောင်ပံက အဒီယီမီ တို့ကို ထုတ်ပြီး ဟော်လာနဲ့ ဘိုင်နို ဂစ်တင်စ်ကို ထည့်လိုက်တဲ့ အချိန်မှာတော့ ဒေါ့မန် တိုက်စစ်က ပိုမို အသက်ဝင်လာခဲ့ပါတယ်။ ဂစ်တင်စ်ရဲ့ ကန်ချက်၊ ဘရန့်တ်ရဲ့‌ ခေါင်းတိုက်ချက်တွေ ကောင်းလွန်းခဲ့ပေမယ့် ဘားတန်းတွေ၊ တိုင်တွေ ထိခဲ့တာကလည်း ဒေါ့မန် အတွက် နှမြောစရာပါ။ ၈၁ မိနစ် မှာတော့ ဒေါ့မန်တို့ ချေပဂိုး ရသွားခဲ့ပြီး လူစားဝင် တိုက်စစ်မှူး ဆဘက်ရှန် ဟော်လာက တစ်ချက်လှည့်ပြီး လှလှပပ ကန်သွင်းသွားခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဒေါ့မန် ခံစစ်က တော်တော်လေး ရုပ်ပျက်ဆင်းပျက် နိုင်ခဲ့ပြီး တီကို တို့ ရခဲ့တဲ့ နှစ်ဂိုးစလုံးက ဒေါ့မန် ခံစစ်ရဲ့ အမှားတွေကြောင့် ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့တာက လွဲရင် ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အပိုင်းမှာ တီကိုကပဲ သာခဲ့ပါတယ်။ အက်တလက်တီကိုဟာ ခံစစ် ကနေ တိုက်စစ်ကို အလျင်အမြန် ကူးပြောင်းနိုင်ခဲ့ပြီး ဒေါ့မန် ခံစစ်ကို ခြိမ်းခြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့ တိကျတဲ့ ပေးပို့မှုတွေ ကိုသာ တီကို တိုက်စစ်က အဆုံးသတ်နိုင်ခဲ့ရင်၊ ဒါမှမဟုတ် ကိုဘယ်သာ မကာကွယ်နိုင်ခဲ့ရင် ဒေါ့မန်တို့ ဂိုးပြတ် အရေးနိမ့်မယ့် အခြေအနေ ဖြစ်ပါတယ်။ အခုတော့ ဒုတိယအကျော့ကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပြီး ဒေါ့မန်ရဲ့ အဝါရောင် တံတိုင်းမှာ တီကိုတို့ ဘာတွေ လုပ်ပြနိုင်ဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဒီနှစ်သင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အဖြစ် လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ အက်တလက်တီကိုမက်ဒရစ်က ဂီရိုနာနဲ့ အရေးပါတဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိပြီး ဒေါ့မန် ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ် အဖြစ် မိုချန်ဂလာဘတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်