နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန်တို့ ခက်ခဲတဲ့ အဝါရောင် တံတိုင်းကို ကျော်ဖြတ်နိုင်ပါ့မလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

အေစီမီလန် – လက်ချီ

ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယနေ့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ အေစီမီလန် ကတော့ ဒေါ့မန်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ် အုပ်စု F ရဲ့ ပထမဆုံး နိုင်ပွဲ ရှာဖွေဖို့ ကြိုးစားကြရမှာ ဖြစ်ပြီး အီဒင် တာဇစ်ရဲ့ အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ ပီအက်စ်ဂျီကို ၂-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာပါ။ ပြောရမယ် ဆိုရင် ဒေါ့မန်တို့ ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ပီအက်စ်ဂျီ ကိုပဲ ဖြစ်ပါတယ်။ တာဇစ်ရဲ့ အသင်းက လက်တလောမှာ ခြေစွမ်းပိုင်း ထက်မြတ်နေပြီး ပြိုင်ဘက်တိုင်းကို အိမ်ကွင်း အဝေးကွင်း မရွေး အကောင်းဆုံး ရင်ဆိုင်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

တစ်ဖက်က အေစီမီလန် ကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ နယူးကာဆယ်ကို ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန် ကလည်း ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိထားပြီး မီလန် မြို့ခံ ပြိုင်ဘက် အင်တာကို ၅-၁ နဲ့ အပြတ်အသတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ စတက်ဖ်နို ပီအိုလီရဲ့ အသင်းကလည်း လက်ရှိမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး ပုံစံကောင်း ပြန်ရနေတာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဒေါ့မန် ဘက်မှာ သောမတ်စ် မူနီယာ၊ မတ်တဲအူ မိုရီ၊ မာဆယ် ဆာဘစ်ဇာတို့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

တစ်ဖက်က အေစီမီလန် ကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ နယူးကာဆယ်ကို ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ဒေါ့မန်

အေစီမီလန် ဘက်မှာ လော့ဖ်တပ်စ် ချိခ်၊ ရာဒီ ခရူးနစ်၊ ပီယဲ ကာလူလူ၊ ကယ်လ်ဒါရာတို့ လွဲချော်မှာ ဖြစ်ပြီး ဆမ်မြူရယ် ချူကဝူဇီက အသင်းဟောင်းနဲ့ ပွဲစဉ်မှာ ညာတောင်ပံ ကနေ ပွဲထွက်လာမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဒေါ့မန် – ကိုဘယ်၊ ရိုင်ယာဆန်၊ ဟန်းမဲလ်စ်၊ ရှလော့တာဘက်ခ်၊ ဘန်ဆီဘိုင်နီ၊ အော့ဇ်ကန်၊ အမ်မရီ ချန်၊ ဘရန့်ဒ်၊ မာလန်၊ ဖားလ်ခရုဂျ်၊ အဒီယီမီ

အေစီမီလန် – မိုင်နမ်၊ ကာလာဘရီယာ၊ တိုမိုရီ၊ သီယော၊ ဟာနန်ဒက်ဇ်၊ မူဆာ၊ အက်ဒ်လီ၊ ရိုင်ဒါစ်၊ ပူလီဆစ်၊ ဂျရူး၊ လီယောင်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းကြား တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် ဇူလိုင်က တရုတ်မှာ ကစားခဲ့တဲ့ ချန်ပီယံဖလား ပွဲစဉ်မှာ ဒေါ့မန်က ၃-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဒေါ့မန်က ၃ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံးနိမ့်ခဲ့ပြီး အေစီမီလန်က ၃ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဒေါ့မန် နိုင်ရင် ၂.၄၁ ဆ၊ အေစီနိုင်ရင် ၂.၆၈ ဆ ပေးထားပြီး သရေ ဆိုရင် ၃.၂၀ ဆ ရမှာပါ။ Handicap မှာ ဒဲ့ကြေးနဲ့ သရေ ဆိုရင် ဒေါ့မန်က ပါးပါးနစ်နာမယ့် ကြေးမျိုး ပေးထားကာ ဂိုးပေါင်းက ၂ လုံး အရှုံးပါ။ ချန်ပီယံလိဂ်မှာ သူတို့ မတွေ့ဖူးဘဲ ICC 2017 တုန်းက ကစားဖူးကာ ဒေါ့မန်က ၁-၃ နဲ့ နိုင်ခဲ့ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက သက်ဆိုင်ရာလိဂ်တွေမှာ ခြေစွမ်းပိုင်း သိပ်အားရစရာ မရှိပေမယ့် အနိုင်ရအောင်တော့ ကစားနိုင်ပါတယ်။ နိုင်ပွဲတွေ ဆက်နေပြီး ခြေစွမ်းက မတိမ်းမယိမ်းပါ။ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ရှုံးထားတဲ့ဒေါ့မန်တို့ အနိုင်ရဖို့ အားထုတ်လာမှာ ဖြစ်ပြီး အေစီက ထိန်းကစားဖွယ် ရှိပါတယ်။ သရေဆိုရင်တောင် ပါးပါးပဲ နစ်နာမယ့် ဒေါ့မန် ကိုပဲ ရွေးချင်ပါတယ်။ 1X ကို ရွေးချယ်ထားတာ စိတ်အချရဆုံးပါပဲ။


ခန့်မှန်းရလဒ်

ဒေါ့မန် ၁-၀ အေစီမီလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်