နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီမီးဖိုင်နယ် တက်ရေး အလိုင်းရန့်ဇ် အရီနာမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ဘေယန်နဲ့ အာဆင်နယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘေယန်မြူးနစ် – အာဆင်နယ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ ပွဲစဉ် တစ်ပွဲ အဖြစ် ဘေယန်မြူးနစ်နဲ့ အာဆင်နယ်တို့ အလိုင်းရန့်ဇ် အရီနာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပထမအကျော့ အမ်းမရိတ်စ်မှာ ၂-၂ သရေ ကစားနိုင်ခဲ့တဲ့ ဘေယန်မြူးနစ် အတွက် အားသာချက်တွေ ရှိနေပေမယ့် အာဆင်နယ် ကရော အားလုံး မထင်မှတ်ထားတာတွေ လုပ်ပြသွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့ ပွဲစဉ် ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရောက်ရင် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ သိသာသွားလေ့ ရှိတာကို ဘေယန်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်ဟာ အဲ့ဒီပွဲမှာ တစ်ပွဲလုံးမှ ဂိုးပေါက် တည့်ကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့တာလည်း အာဆင်နယ် နောက်တန်းရဲ့ အမှားတွေကြောင့် ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့လည်း လွဲချော်ခဲ့ပြီ ဖြစ်တာကြောင့် သိက္ခာဆယ်ဖို့ အတွက် ချန်ပီယံလိဂ်ကို အပြည့်အဝ အာရုံစိုက်လာဖို့ ရှိပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ယူ ကျော်ဖြတ်ဖို့ အားခဲထားပါလိမ့်မယ်။ ခြေစွမ်းပိုင်းအရလည်း သောမက်စ် တူချယ်ရဲ့ အသင်းက အာဆင်နယ်ကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပြီးနောက် အနည်းငယ် ယုံကြည်မှု ပြန်ရသွားပုံပေါ်ပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း ကိုလုံးကို အနိုင်ရထားခဲ့ပါတယ်။

အာဆင်နယ် ကတော့ ချန်ပီယံလိဂ်မှာ ဘေယန်နဲ့ သရေကျပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နိုင်ပွဲ ပျောက်ပြီးရင် နောက်ပွဲတွေ ဆက်တိုက် ရလဒ်ဆိုးတတ်တဲ့ အကျင့်ကိုလည်း မဖျောက်နိုင်သေးသလို အရေးကြုံတိုင်း ပျာတတ်တဲ့ အကျင့်လည်း မပျောက်သေးပါဘူး။ နည်းပြ အာတေးတားဟာ အာဆင်နယ်ကို အကောင်းဆုံး ဆွဲတင်ပေးထားပေမယ့် တချို့ အချိန်တွေမှာ ခေါင်းမာနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ် အတွက်ရော၊ ဘေယန် အတွက်ပါ နောက်တစ်ဆင့် တက်ဖို့က ၅၀/၅၀ စီ အခွင့်အရေး ရှိသေးပေမယ့် ဘေယန်ရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် ကျိန်းသေပေါက် ခက်ခဲဦးမှာပါ။ သေချာတာ ကတော့ ပထမအကျော့ကလို အမှားတွေ ထပ်လုပ်မိရင်တော့ ဂိုးပြတ်ပါ ရှုံးသွားနိုင်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရောက်ရင် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ သိသာသွားလေ့ ရှိတာကို ဘေယန်တို့ အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပွဲမှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးခဲ့တဲ့ အာဆင်နယ်

အခုပွဲကိုတော့ ဘေယန်မြူးနစ် ဘက်က အဓိက ကစားသမား တချို့ လွဲချော်ကြဖို့ ရှိပြီး အဲလ်ဖွန်ဆို ဒေးဗီးစ်က ပွဲပယ်ထိထားပါတယ်။ ဒါ့အပြင် ဘွတ်ချ်မန်း၊ ဂနာဘရီ၊ ဘိုရေး၊ ဆာနေး၊ ကိုမန်၊ ဘွန်နာ ဆား တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမယ်လို့ သိရပါတယ်။

အာဆင်နယ် ဘက်မှာတော့ တင်ဘာ ဒဏ်ရာက သက်သာလာပေမယ့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပဲ ဗီလာနဲ့ ပွဲမှာ အနည်းငယ် ဒဏ်ရာရခဲ့တဲ့ မာတင် အိုဒီဂတ် ကလည်း ပါဝင်လာဖို့ မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ ကင်မစ်ချ်၊ ဒိုင်ယာ၊ ဒီလစ်ဂျ်၊ ဂွာရဲရိုး၊ လိုင်မာ၊ ဂိုရက်ဇ်ကာ၊ မူလာ၊ မူဆီအာလာ၊ ဆာနေး၊ ကိန်း

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ ဆာကာ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ အာဆင်နယ်က ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ၁ ကြိမ် သရေကျကာ ဘေယန်မြူးနစ် ကတော့ ၅ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာဆိုရင် ဘေယန်မြူးနစ်က ၅-၁ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့သလို ပြီးခဲ့တဲ့ ပထမအကျော့ မှာလည်း အာဆင်နယ်တို့ ရှုံးကြွေး မဆပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ဘေယန်မြူးနစ် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ အာဆင်နယ် ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၂.၃၃ ဆ၊ အာဆင်နယ် နိုင်ရင် ၂.၆၉ ဆ၊ သရေ ဆိုရင်တော့ ၃.၃၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ အာဆင်နယ်ဟာ ခြေစွမ်းပိုင်း တိုးတက်နေတဲ့ အသင်း ဖြစ်သလို ပထမအကျော့ ခြေစွမ်းအရလည်း ဘေယန်ကို အဝေးကွင်းမှာ ခြေရည်တူတော့ လိုက်ကစားနိုင်ဦးမှာပါ။ ဒါပေမယ့် အာဆင်နယ်ကို ယုံကြည်ရခက်နေစေတာက ကစားသမားတွေရဲ့ ပါးနပ်မှု၊ တည်ငြိမ်မှုနဲ့ ရင့်ကျက်မှု အပိုင်းတွေမှာ ဖြစ်ပါတယ်။ ဘေယန် ကတော့ သူ့အိမ်ကွင်းမှာ တောက်လျောက် ဖိအားပေး ကစားဖို့ ရည်ရွယ်ထားမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပေမယ့် ဒီပွဲ မှာတော့ ပိုပြီး စိတ်ချရတဲ့ ဘေယန်မြူးနစ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ ဘေယန်မြူးနစ် ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် ဘေယန်မြူးနစ် ၂-၁ အာဆင်နယ် (နှစ်ကျော့ပေါင်း ရလဒ် ၄-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်