နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းမကွာပေမယ့် သမ္ဘာလိုအပ်ချက်ကြောင့် ဘေယန်ကို ဒူးထောက်ခဲ့ရပြီး ချန်ပီယံလိဂ် ကနေ နှုတ်ဆက်ခဲ့ရတဲ့ အာဆင်နယ်

countdown banner

ဘေယန်မြူးနစ် ၁၀ အာဆင်နယ် (နှစ်ကျော့ပေါင်း ရလဒ် ၃)

ဘေယန်မြူးနစ်နဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာတော့ ဘေယန်မြူးနစ်က ဂျော်ရွှာ ကင်မစ်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ်က နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်က ဘယ်နောက်ခံလူ နေရာမှာ ခီဗီယောနဲ့ ဇင်ချန်ကို အစား တိုမီယာဆုကို သုံးလာခဲ့ပြီး ကျန်ကစားသမားတွေ ကတော့ ပထမအကျော့က အတိုင်း အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ ဘေယန်မြူးနစ် မှာတော့ ဂနာဘရီ၊ ကိုမန် တို့ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပဲ မက်ဇရာရူအီ၊ ဂွာရဲရိုးတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကျန်လူစာရင်း ကတော့ အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ် က လူမစုံခဲ့ပေမယ့် ပထမအကျော့ကထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းထွက် ကစားခဲ့တဲ့ ဂွါရဲရိုး ထင်ထားတာထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပြီး အသင်း အတွက် တစ်လုံးထဲသော အနိုင်ဂိုး ကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်လည်း ကောင်းခဲ့တယ် ဆိုပေမယ့် ချန်ပီယံလိဂ် လို ဥရောပရဲ့ မြင့်မားတဲ့ အဆင့် တစ်ခုမှာ ဘေယန်မြူးနစ်လို အသင်းကို အနိုင်ရဖို့ အထိတော့ အတွေ့အကြုံပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ အဓိက ကတော့ တောင်ပံ ခံစစ် နှစ်ဖက်က မတည်ငြိမ်သလို ဗဟိုခံစစ်မှူး ဂါဘရီရယ်ရဲ့ ကစားပုံ ကလည်း မငြိမ်ခဲ့ပါဘူး။ ဆာကာ ခြေစွမ်းပျောက်နေသလို မာတင်နယ်လီ ကလည်း ပွဲကြီး မတိုးတဲ့ ပုံစံ ဖြစ်ခဲ့ပါတယ်။

ဘေယန်မြူးနစ် အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၃) မိနစ်မှာ ကင်မစ်ချ် က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပတ်သတ်လို့ ထပ်ပြီး ပြောစရာ ရှိတာက ဂိုးပေးလိုက်ရချိန်မှာ တုန့်ပြန်မှုကောင်း တစ်ခု မမြင်ခဲ့ရပဲ ဘေယန်မြူးနစ်ရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာပါ။ တစ်ဖက်မှာ တူချယ်က အူပါမီကာနို၊ ကင်မင်ဂျေးတို့ ထည့်ပြီး ၅ ယောက်တန်း ခံစစ် ပြောင်းလဲကာ အထိုင်ချ ကစားခဲ့တာကြောင့်လည်း ပွဲကို အလှည့်အပြောင်း လုပ်ပေးနိုင်မယ့် တိုက်စစ်မှူးစစ်စစ် မရှိတဲ့ အာဆင်နယ် အတွက် ခက်ခဲသွားစေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘေယန်မြူးနစ် အမြင့်ရောက်နေချိန်မှာလည်း မနိုင်ခဲ့သလို အနိမ့်ရောက်နေချိန်မှာလည်း အနိုင်ရအောင် မကစားနိုင်ခဲ့ပါဘူး။ ဒါကလည်း အာဆင်နယ်ကို အပြစ်ကြီး တစ်ခုလို့ ပြောလို့ မရပါဘူး။ ခြေစွမ်းကွာဟမှု မရှိသလို ဂိုးပြတ်လည်း မရှုံးခဲ့တာက အာဆင်နယ် အတွက် ဂုဏ်ယူစရာပါ။ နည်းပြ မီခဲလ် အာတေးတားရဲ့ နည်းစနစ် ဘယ်လောက်ပဲ ကောင်းကောင်း သူကိုယ်တိုင်လည်း ချန်ပီယံလိဂ် အတွေ့အကြုံ မရှိသလို ကစားသမားတွေထဲမှာလည်း ဂျော်ဂျင်ဟိုနဲ့ ကိုင်ဟာဗက်ဇ် လောက်ပဲ အတွေ့အကြုံ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေက သောမက်စ် တူချယ်ရဲ့ ဘေယန်မြူးနစ်နဲ့ ကွာဟမှု ကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ပရိသတ် ဆိုတာက အသင်း တိုးတက်လာတာကို လက်ခံပေမယ့် ဆုဖလား ဆာလောင်သူတွေ ဖြစ်နေတဲ့ အတွက်တော့ အခုအချိန်မှာ အာတေးတားရော၊ အသင်းသားတွေပါ ဖိအားတွေအောက် ရောက်သွားမှာ သေချာပါတယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာကိုလည်း အနည်းငယ် သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် မှာလည်း အခြေအနေ မကောင်းတာကြောင့် အာဆင်နယ်တို့ ဖလားလက်မဲ့ရာသီ ဖြစ်လာဖို့ များနေပြီလို့ပဲ ဆိုရပါမယ်။ ဝုဗ်နဲ့ ပွဲမှာ အကောင်းဆုံး ပြန်လည် ရုန်းထလာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်သွားတဲ့ ဘေယန်မြူးနစ် ကတော့ တစ်ဖက်မှာ မန်စီးတီးကို ပင်နယ်တီနဲ့ ပါးပါးနပ်နပ် ကျော်ဖြတ်လာတဲ့ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဘေယန်ဟာ သူတို့ ၁၁ နှစ်ဆက် ရယူခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ဖလားကို စွန့်လွှတ်ထားခဲ့ရသလို ပိုကယ်ဖလားနဲ့လည်း ဝေးခဲ့ပြီးပါပြီ။ ဒါကြောင့် တူချယ် အနေနဲ့ အသင်းက မထွက်ခင် ဖလားလက်မဲ့ မဖြစ်စေဖို့ ချန်ပီယံလိဂ်နဲ့ ပရိသတ်တွေကို ချွေးသိပ်ဖို့ ကြိုးစားရတော့မှာပါ။ ဖလားမရဖူးတဲ့ ဟယ်ရီကိန်းနဲ့ ဒိုင်ယာ အတွက်လည်း ပထမဦးဆုံး ဆုဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ကြောင်း ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်