နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်းမရိတ်စ်မှာ သရေသာ ကစားနိုင်ခဲ့လို့ အလိုင်းရန့်ဇ် အရီနာမှာ ရုန်းကန်ရတော့မယ့် အာဆင်နယ် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

အာဆင်နယ် ၂-၂ ဘေယန်မြူးနစ်

   မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် ၂ ပွဲစလုံး အပြန်အလှန် သွင်းဂိုးတွေ ဖျော်ဖြေမှု ရသ အပြည့်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ အာဆင်နယ်နဲ့ ဘေယန်မြူးနစ် ပွဲမှာတော့ အာဆင်နယ်တို့ အနိုင်ရခဲ့သင့်ပေမယ့် တစ်ဦးချင်း အမှားတွေနဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်တွေကြောင့် နစ်နာခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ 

ဒီပွဲမှာ အာဆင်နယ်က ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ခီဗီယော၊ ရိုက်စ်၊ ဂျော်ဂျင်ဟို၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ဆာကာ၊ ဟာဗက်ဇ် တို့ပါဝင်ခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ နော်အာ၊ ဒိုင်ယာ၊ ဒီလစ်ဂျ်၊ ဒေးဗီးစ်၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ လိုင်မာ၊ မူစီအာလာ၊ ဆာနေး၊ ဂနာဘရီ၊ ဟယ်ရီကိန်းတို့ ပွဲထွက်ခဲ့ပါတယ်။

ပွဲအစ ၁၂ မိနစ် မှာတင်ပဲ ဆာကာက အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို လှလှပပ သပ်သပ်ရပ်ရပ် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာယာရဲ့ အလောကြီးမှု၊ ဂါဘရီရယ်ရဲ့ ဆုံးဖြတ်ချက် မသေချာမှု၊ ခီဗီယောရဲ့ ဟန်ချက် ပျက်မှုတွေကြောင့် ဘေယန်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး ဂနာဘရီက သူ့ အသင်းဟောင်း ဘက်ကို ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။ အာဆင်နယ်တို့ အနည်းငယ် ဟန်ချက်ပျက်သွားမှုကို မြင်တဲ့ ဘေယန်မြူးနစ်က ဆက်လက် ဖိအားပေးခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ ဆာနေးကြောင့် ရတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက အေးအေးဆေးဆေးပဲ ကန်သွင်း အဆုံးသတ်နိုင်ခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ ဘေယန်တို့ ဦးဆာင်နိုင်ခဲ့ပါတယ်။ 

အဲ့နောက် တောက်လျောက် ဆိုသလိုပဲ အာဆင်နယ်က ပွဲကို ပြန်လည် ထိန်းချုပ်ကာ လိုအပ်နေတဲ့ ဂိုးတွေ ရှာဖွေဖို့ ကြိုးစားခဲ့ပြီး ဇင်ချန်ကို၊ ဂျေဇုစ်၊ ထရော့ဆက်ဒ် တို့ ဝင်ရောက်လာချိန် မှာတော့ တိုက်စစ် ပိုမို အားကောင်းသွားခဲ့ပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာတော့ Super Sub ထရော့ဆက်ဒ် ကပဲ ဂါဘရီရယ် ဂျေဇုစ်ရဲ့ မွှေနှောက် လိမ်ခေါက်ပြီး ပံ့ပိုးပေးတာကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့လို့ ၂-၂ ဖြစ်သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အာဆင်နယ်တို့ အနိုင်ဂိုး ရမယ့် အကောင်းဆုံး အခွင့်အရေး တစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် ဆာကာ ဖြုန်းတီးခဲ့လို့ နစ်နာခဲ့ရပါတယ်။ တချို့ကလည်း ဘေယန် ဂိုးသမား နော်အာရဲ့ ဟန့်တားမှုက ပင်နယ်တီ ပေးသင့်တယ်၊ တချို့ကတော့ ဆာကာက နော်အာရဲ့ ခြေထောက်ကို ဝင်တိုက်ပြီး ရည်ရွယ်ချက် ရှိရှိ လှဲချတယ်လို့ အမျိုးမျိုး ထင်မြင် ယူဆနေကြတာ တွေ့ရပါတယ်။ ကျနော် ကတော့ ဆာကာ အနေနဲ့ ရတဲ့ အခွင့်အရေးကို ရတဲ့ အချိန်မှာပဲ ထိချက် မှန်မှန်နဲ့ ကန်သွင်းခဲ့သင့်တယ်လို့ မြင်မိပါတယ်။ အခုတော့ ဒိုင်လူကြီးက VAR တောင် ပြန်မကြည့်ခဲ့လို့ အာဆင်နယ် ကစားသမားတွေရော၊ ပရိသတ်တွေပါ စိတ်ပျက်ခဲ့ရတာပဲ အဖတ်တင်တယ်လို့ ဆိုရတော့မှာပါ။

အာဆင်နယ်က ဒီနေ့ပွဲမှာ ကစားပုံ မဆိုးခဲ့ပေမယ့် အတွေ့အကြုံပိုင်းမှာ ဘေယန်မြူးနစ်လို အသင်းမျိုးကို မယှဉ်နိုင်ခဲ့ပြန်ပါဘူး။ အာဆင်နယ် ခံစစ်က ပရီးမီးယားလိဂ်မှာ အရမ်း တည်ငြိမ်ပေမယ့် ချန်ပီယံလိဂ်လို ပွဲကြီး ရောက်ရင် အလွဲလွဲအချော်ချော်တွေ ဖြစ်နေဆဲပါ။ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံး တစ်ဦးချင်း အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ တစ်ပွဲလုံးမှ ဂိုးပေါက် ကန်ချက် ၂ ကြိမ် ရခဲ့ပြီး ၂ ဂိုး သွင်းသွားတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ဂိုးပေါက် ကန်ချက် ၁၃ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဒါကလည်း ဘေယန်တို့ အိမ်စာ ကောင်းကောင်း လုပ်လာခဲ့လို့ ဖြစ်ပြီး ဒုတိယအကျော့ အလိုင်းရန့်ဇ် အရီနာ မှာတော့ အာဆင်နယ်တို့ ဒီလိုပုံစံနဲ့ သွားကစားရင် သေချာပေါက် အရေးနိမ့်ပြီး ပြန်လာရမှာပါ။ 

ဒါပေမယ့် အာဆင်နယ် ကစားသမားတွေ ကတော့ မြူးနစ်မှာ မထင်မှတ်ထားတာတွေ လုပ်ပြမယ်လို့ ကြုံးဝါးထားပြီး ထရောဆက်ဒ် ကလည်း အခုလိုပဲ ပြောခဲ့ပါတယ်။ “ဒုတိယအကျော့ ကလည်း တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကနေ့မှာ သူတို့ ကျနော်တို့ အသင်းကို ဘယ်လို ဒုက္ခ ပေးနိုင်သလဲ ဆိုတာ ပြသသွားခဲ့ပါတယ် ၊ ဒါကြောင့် ကျနော်တို့ အနေနဲ့ လာမယ့် အပတ်မှာ သူတို့ အန္တရာယ် ပေးနိုင်တဲ့ အရာတွေကို တားဆီး နိုင်ဖို့ ကြိုးစား လုပ်ဆောင် ရမှာပါ။”

“ကျနော်တို့ အနေနဲ့ ထိပ်တန်းအဆင့် ခြေစွမ်းမှာသာ ရှိနေရင် သူတို့ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ on the ball အပိုင်းမှာ ကျနော်တို့ အတွက် ပြဿနာ မရှိခဲ့ပါဘူး ၊ ကျနော်တို့ အနေနဲ့ လာမယ့် ပွဲအတွက် ဘာလုပ် ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ၊ ဒုတိယ အကျော့မှာ ကျနော်တို့ လုပ်ရမယ့် အရာကို ပြီးမြောက်အောင် လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ “

“ဒီနေ့ ပွဲမတိုင်ခင်ကတည်းက ကျနော်တို့ အားလုံးရဲ့ ယုံကြည်မှုက အတော်လေး မြင့်မား နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း၊ လအတွင်းမှာ ကျနော်တို့ ကစားပုံ အတော်လေး ကောင်းခဲ့ပါတယ် ၊ ကျနော်တို့ ချေပဂိုး ပြန်ရခဲ့တာ ကလည်း ကောင်းပါတယ်။ အခုတော့ မြူးနစ် ကို သွားပြီး လိုချင်တဲ့ ရလဒ်ကောင်း ရဖို့က အရေးကြီးတယ် ထင်ပါတယ်၊ ကျနော်တို့ အဲ့ဒီပွဲမှာ အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ။”

အာဆင်နယ်နဲ့ ဘေယန်မြူးနစ်တို့ဟာ လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် အလိုင်းရန့်ဇ် အရီနာမှာ ကစားကြမှာ ဖြစ်ပါတယ်။ အဲ့ဒီ မတိုင်ခင်မှာတော့ အာဆင်နယ်က ဗီလာနဲ့ ကစားဖို့ ရှိပြီး ဘေယန် ကတော့ ကိုလုံးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်