နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း ခြေစွမ်းပြပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ ဒေါ့မန် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဒေါ့မန် ၂ – ၂ ဆီဗီလာ

ယနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဒေါ့မန်နဲ့ ဆီဗီလာတို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၅-၄ ရလဒ်နဲ့ ဂျာမန် ထိပ်သီးတို့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပထမအကျော့တုန်းက ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အာလင်းဟာလန်း အနေနဲ့ အခုပွဲမှာလည်း ၂ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး ကစားရခက်တဲ့ ဆီဗီလာကို ကျော်ဖြတ်ပြီး အသင်းကို နောက်တစ်ဆင့် ပို့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန်တို့ အခုပွဲမှာ တိုက်စစ်က အာလင်းဘရွတ်ဟာလန်းကို အထောင်ထားပြီး သော်ဂန် ဟာဇက်၊ မာကိုရိုက်စ်တို့ကို ပံပိုးပေးစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဒါဟောက်၊ ဒီလာနေး၊ ဘယ်လင်ဂမ်၊ နောက်တန်းမှာ မိုရေး၊ ချန်၊ ဟမ်းမဲလ်စ်၊ နီကို ရှက်လ်၊ ဂိုးမှာ ဟစ်ဇ်တို့ကို အသုံးပြုခဲ့ပါတယ်။ ဆီဗီလာကတော့ အခုပွဲမှာ မဖြစ်မနေ ဂိုးပြတ်အနိုင်ရမှ နောက်တစ်ဆင့် တက်မှာ ဖြစ်လို့ တိုက်စစ်အသားပေး ၄-၃-၃ ကစားပုံနဲ့ ပွဲထွက်လာပါတယ်။ လူးကပ်စ် အိုကမ်ပို့စ်၊ အန်နက်ဆီရီ၊ ဆူဆို၊ ကွန်ဒေး၊ နားဗက်စ် တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဆီဗီလာတို့ တစ်သင်းလုံး ပွဲအစပိုင်းမှာ ခြေညီညီနဲ့ ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ဒေါ့မန်ရဲ့ ခံစစ်တောင့်တင်းမှုနဲ့ ထိရောက်တဲ့ တန်ပြန် တိုက်စစ်တွေ က အိမ်ရှင်အသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။ ဒေါ့မန်အတွက် ပထမဂိုးကိုတော့ လူငယ်တိုက်စစ်မှူး အာလင်းဘရွတ်ဟာလန်းက မာကိုရိုက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ဒေါ့မန်တို့ ကစားကွက် ပိုမိလာခဲ့လို့ ဆီဗီလာဘက်ကို ပိုပြီး ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ၄၈ မိနစ်မှာ ဟာလန်းက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။ အဲ့နောက် ၅၂ မိနစ်မှာ ဒေါ့မန်တို့ ပင်နယ်တီ ထပ်ရပြီး ဟာလန်းက သွင်းယူပေးခဲ့လို့ ဒေါ့မန်တို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ကျန်မိနစ်တွေမှာ ဆီဗီလာတို့ ချေပဂိုးရဖို့ အားထုတ်လာခဲ့လို့ ၆၉ မိနစ်မှာ အန်နက်ဆီရီမှာ ပထမချေပဂိုး၊ ပွဲပြီးခါနီးမှာ ရာကီတစ်ချ်ရဲ့ ပံ့ပိုးပေးမှုကနေပဲ အန်နက်ဆီရီက ဒုတိယချေပဂိုးတို့ကို သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဆီဗီလာ တို့ကတော့ ယူရိုပါလိဂ် မှာ အောင်မြင်မှု သရဖူ အလီလီဆောင်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် မှာတော့ မစွံဘူးဆိုတာ သက်သေပြလိုက် သလိုပါပဲ။
လာလီဂါရော ချန်ပီယံလိဂ်မှာပါ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ ဆီဗီလာ

ဒီပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့တဲ့ အာလင်းဘရွတ်ဟာလန်းဟာ ချန်ပီယံလိဂ် မှာ ပွဲအနည်းဆုံးကစားပြီး သွင်းဂိုး ၂၀ ပြည့်ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အာလင်းဟာလန်းရဲ့ လက်ရှိ ခြေစွမ်းအရဆိုရင် လာမယ့် နှစ်ပိုင်းအတွင်းမှာတောင် ဘယ်လွန်ဒေါဆုကို သိမ်းပိုင်နိုင်မလားဆိုတဲ့ အတွေးပေါ်လာမိပါတယ်။ အသင်းခေါင်းဆောင် မာကိုရိုက်စ်၊ ဟာဇက်တို့ရဲ့ ဖန်တီးပေးမှုတွေ ကနေတစ်ဆင့် ဂိုးတွေ ရနေသလို တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒေါ့မန် အခုပွဲ ရလဒ်ကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဆီဗီလာ တို့ကတော့ ယူရိုပါလိဂ် မှာ အောင်မြင်မှု သရဖူ အလီလီဆောင်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် မှာတော့ မစွံဘူးဆိုတာ သက်သေပြလိုက် သလိုပါပဲ။

 

လာမယ့်ပွဲစဉ်များ

ဒေါ့မန်တို့ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ရှိနေပြီး ဆီဗီလာ ကတော့ မတ်လ ၁၅ ရက်နေ့မှာ ရီးရဲယ်ဘက်တစ်နဲ့ လာလီဂါပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်