အော့စ်ဘက် – ဝါဒါဘရီမင်
ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ အော့စ်ဘက်က ဝါဒါဘရီမင်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အိမ်ကွင်း နောက်ဆုံး ၆ ပွဲဆက် ရလဒ်တွေ ကောင်းနေတဲ့ အော့စ်ဘက်တို့ ခြေစွမ်း မမှန်တဲ့ ဝါဒါဘရီမင်ကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အော့စ်ဘက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဖရန့်ဖတ်ကို ဂိုးပြတ် ရှုံးနိမ့်ထားပြီး လက်တလော အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အော့စ်ဘက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ အော့စ်ဘက်ဟာ အဝေးကွင်း မှာသာ ရုန်းကန်ရတတ်ပြီး အိမ်ကွင်း ဆိုရင် ကစားရခက်တဲ့ အသင်း ဖြစ်ပါတယ်။ အော့စ်ဘက်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၆ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။
ဝါဒါဘရီမင် ကတော့ တောက်လျောက် နိုင်ပွဲတွေ ပျောက်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဇယားထိပ်က စတုဂတ်ကို အိမ်ကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။ စတုဂတ်လို အသင်းကို အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်ခဲ့တဲ့ ဝါဒါဘရီမင်တို့ ယုံကြည်မှုလည်း ပြန်ရနေပါလိမ့်မယ်။ ဝါဒါဘရီမင်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၃ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၈ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ အော့စ်ဘက် ဘက်က ဂမ်မီ၊ အော့စ်ဖို့ဒ်၊ ဖရမ်ဘာဂါ၊ အီယာဂို၊ ယန်ဆန်၊ ရက်စ်ဘီကတ်ဂျ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အော့စ်ဘက် – ဒါမန်း၊ ဂူဝီလီယူ၊ အူဒိုခိုင်၊ အမ်ဘာဘူ၊ ပက်ဒါဆန်၊ ဂျာကစ်၊ အန်ဂဲလ်စ်၊ မိုင်ယာ၊ ဗားဂတ်စ်၊ တီရတ်ဇ်၊ ဒီမီရိုဗစ်
ဝါဒါဘရီမင် – ဇတ်တာရာ၊ ဖရိုင်ဒဲလ်၊ ဂျန်ဂ်၊ ဗယ်ကိုဗစ်၊ ရှမစ်ဒ်၊ လိုင်နန်၊ ဘစ်တန်ကော့တ်၊ အဂူ၊ ဝိုင်ဆာ၊ ဒက်ကတ်ရှ်၊ ဝေါလ်တီမိတ်ဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ အော့စ်ဘက်က ၁၂ ကြိမ် နိုင်၊ ဝါဒါဘရီမင်က ၉ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းက နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၁ ကြိမ်ဆက် သရေမကျခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ် ဆိုရင်တော့ အော့စ်ဘက်က ၃ ကြိမ် နိုင်ပြီး ဝါဒါဘရီမင် ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အော့စ်ဘက်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး ဝါဒါဘရီမင် ကတော့ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အော့စ်ဘက် နိုင်ရင် ၁.၈၀ ဆ၊ ဝါဒါဘရီမင် နိုင်ရင်တော့ ၃.၇၂ ဆ၊ သရေ ဆိုရင်တော့ ၃.၆၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အော့စ်ဘက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ အော့စ်ဘက်က အဝေးကွင်းမှာသာ တိုင်ပတ်ပေမယ့် အိမ်ကွင်းမှာတော့ အစွမ်းပြတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဝါဒါ ကလည်း အခုထိ ခြေစွမ်း မငြိမ်သေးလို့ အော့စ်ဘက်ကွင်းမှာ တစ်ခုခု လုပ်ပြဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အော့စ်ဘက် ဘက်မှာ နေတာက စိတ်ချရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
အော့စ်ဘက် ၂-၁ ဝါဒါဘရီမင်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.