ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနီယံဘာလင်ကို ချီးကျူးလိုက်တဲ့ တိုနီ ခရူးစ်
ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံဘာလင်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ရဲ့ ချီးကျူးခြင်းကို ရရှိခဲ့ပါတယ်။ အဆိုပါ ကလပ်ဟာ လက်ရှိရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဘရာဂါ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
တိုနီ ခရူးစ်က ချန်ပီယံလိဂ် အုပ်စု အဆင့်က ပြဿနာရှိကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ ယူနီယံဘာလင်က ကျွန်တော့် အတွက် ဘောလုံးမိသားစုလို ဖြစ်နေကြောင်း၊ သူတို့က တကယ် ကောင်းမွန်တဲ့ ပုံစံကောင်း တစ်ခုကို အချိန်တို အတွင်း ပြသထားနိုင်ကြောင်း၊ ယူနီယံဘာလင်ရဲ့ ကစားပုံတွေကို လေ့လာပြီးတဲ့နောက် သူတို့က မလွယ်ကူဘူး ဆိုတာကို ပြောနိုင်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
မာနေးရဲ့ ငယ်သူငယ်ချင်း ကိုပါ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ အသင်းရဲ့ ကစားသမားဟောင်း ဆာဒီယို မာနေးရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ဆက်ဘီ အက်ဇ်ကန်ပိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ မာနေး ဘေယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပြီးနောက် အက်ဇ်ကန်ပို ကလည်း မာနေးရဲ့ အကူအညီနဲ့ ဘေယန်မြူးနစ် အရန် အသင်းမှာ ခြေစွမ်း စမ်းသပ်ပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
လက်ရှိ နွေရာသီမှာတော့ မာနေးက ဘွန်ဒက်စ်လီဂါ ကလပ် ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီး အက်ဇ်ကန်ပို ကလည်း အခုချိန်မှာ ဘေယန်မြူးနစ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
အက်ဇ်ကန်ပိုဟာ ဘေယန်မြူးနစ် အရန် အသင်း အတွက် (၂၈) ပွဲကစား၊ (၁၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး အခုချိန်မှာတော့ ဘယ်လ်ဂျီယံ ဒုတိယတန်း ကလပ် RFC Seraing နဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ် တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဘေယန်က ထွက်ခွာသွားခဲ့တဲ့ ပါဗက်ကို ဝေဖန်လိုက်တဲ့ ကစားသမားဟောင်း
ဘေယန်မြူးနစ်ရဲ့ ကစားသမားဟောင်းကြီး မာရီယို ဘတ်စ်လာဟာ အသင်း ကနေ ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ ဘင်ဂျာမင် ပါဗက်နဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။ ပါဗက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ထွက်ခွာခွင့်တောင်းခဲ့ပြီးနောက် အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့တာပါ။
ပါဗက်နဲ့ ပတ်သက်လို့ ဘတ်စ်လာက ခံစစ်တန်းမှာ ဘေယန်မြူးနစ်တို့ ညာနောက်ခံလူ မရှိဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားရမှာက ခက်ခဲကြောင်း၊ ပါဗက် ကလည်း ဘာကြောင့် ဘေယန်မြူးနစ်ကို စွန့်ခွာဖို့ စဉ်းစားခဲ့ရလဲ ဆိုတာကို မသိနိုင်ကြောင်း၊ သူ့ခေါင်းထဲမှာ ဘာတွေတွေးနေခဲ့လဲ ဆိုတာကို မသိနိုင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.