နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်နဲ့ ပွဲကို လွဲချော်မယ့် သီယာဂို ဆေးလ်ဗား၊ ဟာသာဘာလင်ရဲ့ TikTok ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် နှစ်သင်း (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန်နဲ့ ပွဲကို လွဲချော်မယ့် သီယာဂို ဆေးလ်ဗား၊ ဟာသာဘာလင်ရဲ့ TikTok ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် နှစ်သင်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ ညနေပိုင်း ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန်နဲ့ ပွဲကို လွဲချော်မယ့် သီယာဂို ဆေးလ်ဗား

ချဲလ်ဆီးရဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲကို လွဲချော်နိုင်ကြောင်း သိရပါတယ်။

အဆိုပါ ဘရာဇီးလ် လူမျိုး နောက်ခံလူဟာ တော့တင်ဟမ်ဟော့စပါးကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး ဒီဒဏ်ရာကြောင့် အနည်းဆုံး တစ်ပတ်ခန့် အနားယူရမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

အဲ့ဒါကြောင့်လည်း ဆေးလ်ဗား အနေနဲ့ လာမယ့် တစ်ပတ် ဒေါ့မန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဥ်ကို လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးဟာ ပထမအကျော့မှာ ဒေါ့မန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့် တက်ရောက်ဖို့ အတွက် ဒုတိယအကျော့ အိမ်ကွင်းမှာ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။


ဟာသာဘာလင်ရဲ့ TikTok ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် နှစ်သင်း

ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ ဘရိုက်တန်နဲ့ ဆောက်သမ်တန် တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင်ရဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ တီယိုမန်ဂန်ဒက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အသက် (၁၈) နှစ် အရွယ် အဆိုပါ ကစားသမားလေးဟာ တူရကီ ယူ-၁၈ အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပြီး ဂျာမနီ လက်ရွေးစင် အသင်းကြီးရဲ့ ကင်းထောက်တွေ ကပါ ဒီကစားသမားလေးကို လက်ရွေးစင် အသင်းမှာ ရွေးချယ်ဖို့ ပစ်မှတ်ထားနေကြပါတယ်။

Box-to-box ကစားတဲ့ နေရာမှာ ပိုင်နိုင်တဲ့ ဂန်ဒက်ဇ်ဟာ ဂျာမန် ဂန္တဝင်ကြီး လိုသာ မားသီးယပ်စ်၊ မန်ချက်စတာစီးတီး ကွင်းလယ်လူ အီကေး ဂွန်ဒိုဂန် တို့နဲ့လည်း ကစားပုံချင်း ဆင်တူတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် အဆိုပါ ကြယ်ပွင့်လေးက နာမည်ကျော် ဆိုရှယ် မီဒီယာ တစ်ခု ဖြစ်တဲ့ TikTok ပေါ်မှာလည်း ကြယ်ပွင့် တစ်ယောက် ဖြစ်ပြီး မကြာခင်မှာပဲ ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဘယ်လင်ဟမ်ရဲ့ နေရာကို အစားထိုးဖို ဒေါ့မန်တို့ စတင် ပြင်ဆင်နေ

ဒေါ့မန်ဟာ အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ နေရာကို အစားထိုးဖို့ အတွက် မိုချန်ဂလာဘတ် ကွင်းလယ်လူ ကူအာဒီယို ကိုနေးကို ခေါ်ယူဖို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ဘယ်လင်ဟမ်ဟာ လာမယ့် နွေရာသီမှာ သေချာ‌ပေါက် ဘွန်ဒက်စ်လီဂါကို စွန့်ခွာတော့မှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့လို ဥရောပ ထိပ်တန်း အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

ဒေါ့မန်နဲ့ ဘယ်လင်ဂမ် အကြား စာချုပ် သက်တမ်းက (၂၀၂၅) ခုနှစ် အထိ ကျန်ရှိသေးပေမယ့် ဒေါ့မန် အနေနဲ့ သူတိုရဲ့ အဓိက ကြယ်ပွင့်ကို လက်လွှတ်ရမယ့် အပေါ် နားလည်သိရှိထားပါတယ်။

အဲ့ဒါကြောင့်လည်း အခုချိန်ကတည်းက အသက် (၂၁) နှစ် အရွယ် ကိုနေးကို ပစ်မှတ်ထားနေတာ ဖြစ်ပြီး ကိုနေးဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလမှာ တူးလော့စ် ကနေ မိုချန်ဂလာဘတ်ကို ပြောင်းရွှေ့ကြေး ယူရို (၉) သန်း ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်