နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ ရန်ဒဲလ် ကိုလို မူအာနီ (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖရန့်ဖတ်နဲ့ လေ့ကျင့်ခန်းဆင်းဖို့ အထိ ငြင်းဆန်ခဲ့တဲ့ မူအာနီ

ပီအက်စ်ဂျီက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဖရန့်ဖတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့ပြီး ပဲရစ်မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ မူအာနီ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်နဲ့ ပီအက်စ်ဂျီတို့ အကြား သဘောတူညီမှုရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကတော့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပါတယ်။

ပီအက်စ်ဂျီဟာ မူအာနီ အတွက် ပြောင်းရွှေ့ကြေး ယူရို (၆၅) သန်းနဲ့ အတူ အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမား ဟူဂို အီကီတီကီကိုပါ အလိုက်ပေး ကမ်းလှမ်းထားပါတယ်။ ဖရန့်ဖတ်ဟာ အဆိုပါ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) တောင်းဆိုထားပြီး ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ နောက်ဆုံးသော ကမ်းလှမ်းမှုကို ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင် ကလည်း ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုတဲ့ သူ့ရဲ့ ဆန္ဒနဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားတာကြောင့် ဖရန့်ဖတ်တို့ မူအာနီကို သေချာပေါက် လက်လွှတ်ရဖို့ ရှိနေပါတယ်။


ဒိုင်နမိုဇာဂရက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘေယန်မြူးနစ် လူငယ်ကြယ်ပွင့်

ဘေယန်မြူးနစ် လူငယ် ကြယ်ပွင့် ကစားသမားလေး ဂါဘရီရယ် ဗီဒိုဗစ်ဟာ ဒိုင်နမိုဇာဂရက်ကို တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ ကွင်းလယ် တိုက်စစ်နဲ့ တိုက်စစ် နေရာစုံ တို့မှာ ကစားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဗီဒိုဗစ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ လက်လွှတ်ခံခဲ့ပြီး အငှားစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ ယူရို (၄) သန်းနဲ့ အပြီးသတ် ရောင်းချဖို့ပါ သဘောတူညီထားပါတယ်။ ဗီဒိုဗစ်ဟာ လာမယ့် တစ်ပတ်မှာ ကစားမယ့် အိုဆီဂျက်နဲ့ ပွဲမှာ အသင်းသစ် အတွက် ပထမဆုံး ပွဲဦးထွက် အဖြစ် ပါဝင်ကစားပေးသွားဖွယ် ရှိပါတယ်။

ဘေယန်မြူးနစ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အသင်း ဖြစ်ပြီး လက်ရှိအချိန် မှာတော့ အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေကို အရင်ဆုံး ရှင်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
ဘန်လေ
တော့တင်ဟမ် ဟော့စပါး
1X2 သရေ 3.80
ဂိုးအောက် 2.75 @ 2.07
ဂိုးပေါင်း 0-1 @ 4.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂရာဗင်ဘာ့ချ် နေရာ အတွက် ပေါ်လင်ဟာကို ဘေယန်တို့ မျက်စိကျနေ

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ဟာ အသင်းက ထွက်ဖို့ ရေပန်းစားနေတဲ့ ကွင်းလယ် ကစားသမား ရိုင်ယန် ဂရာဗင်ဘာ့ချ်ရဲ့ နေရာကို အစားထိုးဖို့ ဖူလ်ဟမ် ကွင်းလယ်လူ ယာအို ပေါ်လင်ဟာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နည်းပြ သောမတ်စ် တူချယ် ကိုယ်တိုင် ကလည်း ကွင်းလယ်ပိုင်း အတွက် ကစားသမားသစ် ခေါ်ယူ ဖြည့်တင်းလိုနေပါတယ်။ လက်ရှိအချိန်မှာ ဘေယန်မြူးနစ်ရဲ့ ကွင်းလယ်လူ ဂရာဗင်ဘာ့ချ် အတွက် လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ်ဟာ လက်ရှိ နွေရာသီမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူး ဟယ်ရီကိန်းကို အရခေါ်ယူခဲ့ပြီးနောက် အခြားသော ပရီးမီးယားလိဂ် ကစားသမားတွေ ကိုပါ ပစ်မှတ်ထားနေတာပါ။ ဘေယန်မြူးနစ်ရဲ့ ဒီနွေရာသီ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ယူနိုက်တက် ကွင်းလယ်လူ မက် တော်မီနေး၊ ချဲလ်ဆီး နောက်ခံလူ ထရီဗို ချာလိုဘာ့ဂ် တို့လည်း ပါဝင်လျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်