နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ် ကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်နေတဲ့ နယူးကာဆယ်၊ အလာဘာကြောင့် ရီးရဲလ်ကို ပိုပြီး အာပေးဖြစ်မယ့် မူလာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လိုက်ပ်ဇစ် ကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်နေတဲ့ နယူးကာဆယ်၊ အလာဘာကြောင့် ရီးရဲလ်ကို ပိုပြီး အာပေးဖြစ်မယ့် မူလာ စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် ကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်လူ ဒိုမီနစ်ခ် စဘို့ဇ်လိုင်းကို ခေါ်ယူဖို့ အတွက် အနီးကပ် စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။ ဟန်ဂေရီ ကြယ်ပွင့်ဟာ လိုက်ပ်ဇစ် အတွက် နှစ်ရာသီ အတွင်း (၈၈) ပွဲ ကစားပေးထားပြီး ဒီရာသီ မှာလည်း အကောင်းဆုံး ပုံစံတွေ ပြသလျက် ရှိပါတယ်။ 

အသက် (၂၂) နှစ် အရွယ် စဘို့ဇ်လိုင်း အနေနဲ့ အသင်းနဲ့ ပေါင် (၆၁) သန်းတန် လျော်ကြေး စာချုပ် ချုပ်ဆိုထားပြီး ကစားသမား ကိုယ်တိုင် ကလည်း လိုက်ပ်ဇစ် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ နီးစပ်နေတဲ့ နယူးကာဆယ်က ချန်ပီယံလိဂ် ကစားချင်နေတဲ့ စဘို့ဇ်လိုင်းကို အနီးကပ် စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ 


အလာဘာကြောင့် ရီးရဲလ်ကို ပိုပြီး အားပေး ဖြစ်မယ့် မူလာ

ဘေယန်မြူးနစ်ရဲ့ ဝါရင့် ကစားသမား သောမတ်စ် မူလာက အသင်းဖော်ဟောင်း ဒေးဗစ် အလာဘာကြောင့် မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ် အနက် ရီးရဲလ်မက်ဒရစ်ကို ပိုပြီး အားပေးကြောင်း ပြောကြားခဲ့ပါတယ်။ 

အလာဘာဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ် ဖလားလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ရရှိထားပြီး ဖြစ်တဲ့ အလာဘာ

လက်ရှိအချိန်မှာ ချန်ပီယံလိဂ်က ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဥ်တွေ ပြီးဆုံးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကလည်း ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ အလာဘာဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ် ဖလားလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 

မူလာ ကတော့ ပုဂ္ဂိုလ်ရေးအရ ပြောရရင် အလာဘာကြောင့် ရီးရဲလ်မက်ဒရစ်ကို ပိုအားပေးကြောင်း၊ ဘောလုံးအမြင်နဲ့ ကြည့်ရင်တော့ နှစ်သင်းလုံးက ထိပ်တန်း အဆင့် ရှိပြီး စောင့်ကြည့်ချင်စရာ ကောင်းကြောင်း၊ ဒုတိယအကျော့က ထိပ်တန်း ပွဲ တစ်ပွဲ ဖြစ်လာဖို့ ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ကျွန်တော့် အသည်းနှလုံးက နီတာထက်တောင် ပိုတယ် ဆိုတဲ့ မူလာ

လာလီဂါ
ဗလင်စီယာ
ရီးရဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.25
ဂိုးပေါ် 2.75 @ 2.06
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား သောမတ်စ် မူလာက အသင်း ကနေ ထွက်ခွာမယ့် သတင်းတွေကို ငြင်းဆန် ပယ်ချလိုက်ပြီး သူ့ရဲ့ နှလုံးသားက သူများတွေထက် ပိုပြီး နီကြောင်း ဖွင့်ဟလိုက်ပါတယ်။ 

နည်းပြ သောမတ်စ် တူချယ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးလာတဲ့နောက် မူလာ အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ စဥ်းစားနေကြောင်း သတင်းတွေက ဖော်ပြနေခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာ ခန်းနဲ့ နည်းပြ တူချယ် တို့က ဒီသတင်းတွေကို ငြင်းဆန် ပယ်ချထားပါတယ်။ အခုချိန်မှာလည်း ဘွန်ဒက်စ်လီဂါ ဝါရင့် ကစားသမားက သူ့ရဲ့ နှလုံးသားဟာ အခုချိန်ထိ အနီရောင် အဖြစ်ပဲ ရှိနေကြောင်း၊ လူတိုင်းရဲ့ အသည်းနှလုံးက နီတယ် ဆိုပေမယ့် ကျွန်တော်က ပိုနီကြောင်း၊ အနာဂတ်ကို ဆွေးနွေးဖို့ အချိန်မရှိကြောင်းနဲ့ အခုချိန်က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရချိန် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်