နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို တစ်ရာသီ အငှားနဲ့ ထပ်ခေါ်ချင်နေတဲ့ ဒေါ့မန် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အသင်း ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို နောက်တစ်ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဒုတိယရခဲ့တဲ့ ဒေါ့မန်ဟာ သူတို့ အသင်းမှာ ရာသီဝက် အငှားနဲ့ လာရောက် ကစားနေတဲ့ ဆန်ချိုရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် နောက်တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကလည်း ယူနိုက်တက်မှာ တန်ဟက်ဂ် မရှိမှ ပြန်လာမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ ယူနိုက်တက် ကလည်း သူတို့ အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆန်ချိုကို အပြီးသတ် ရောင်းထုတ်ချင်နေပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ကလပ် ကတော့ အပြီးသတ် ဝယ်ယူဖို့ မတတ်နိုင်သေးတာကြောင့် အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ အတူ ဥရောပ ဘောလုံး ဇာတ်ခုံပေါ်မှာ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ၄ နှစ်ကြာ ဒေါ့မန်မှာ ဖြတ်သန်းခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် မှာတော့ ဆန်ချိုဟာ ဒေါ့မန် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဆန်ချိုကို သူတို့ အသင်း အတွက် အကျိုးရှိမယ့် မျှော်လင့်ချက်နဲ့ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း ဆန်ချိုက အင်္ဂလန်မြေဆီ ပြန်လည် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်း တွေ ပြသနိုင်ဖို ရုန်းကန်ခဲ့ရသလို ယူနိုက်တက်ရဲ့ လက်ရှိ နည်းပြချုပ် အဲရစ်ခ် တန်ဟက်ဂ် နဲ့လည်း ပြဿနာဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဒေါ့မန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။

ဆန်ချိုက ဒေါ့မန်ကို ပြန်လည် ရောက်ရှိလာချိန် မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး ဒေါ့မန်နဲ့လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့ရလို့ စိတ်မကောင်းစွာနဲ့ပဲ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမန် သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဒေါ့မန်က ဆန်ချိုကို သူတို့ အသင်းမှာ ဆက်ထိန်း ထားဖို့ အတွက် ကြိုးစားနေပြီး ဒေါ့မန်ဟာ ဆန်ချိုကို ခေါ်ယူချင်နေပေမယ့် အပြီးသတ် ခေါ်ယူဖို မတတ်နိုင်တာကြောင့် နောက်ထပ် ၁ ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ရဲ့ အင်္ဂလန် ကစားသမားကို ၂ နှစ်ကျော် အချိန်ပေးခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ မပြသနိုင်သေးတာကြောင့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို ဆုံးဖြတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် လိုချင် နေတယ်လို့ သိရပါတယ်။

တဖက်မှာ ဆန်ချိုက ဒေါ့မန်မှာ ဆက်ကစားဖို့ ဆန္ဒရှိပေမယ့် လုပ်ခလစာ ကိုတော့ လျှော့မယူချင်ကြောင်းလည်း သိရပါတယ်။ ဒါ့ကြောင့် ဆန်ချို တစ်ယောက် သူနဲ့ အဆင်မပြေတဲ့ နည်းပြ ရှိရာ ယူနိုက်တက်ကို ပြန်သွားမလား ဒေါ့မန်မှာပဲ တစ်ရာသီ ဆက်ရှိမလား ဒါမှမဟုတ် နောက်ထပ် အသင်းသစ် တစ်သင်းဆီ ပြောင်းရွှေ့သွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်