နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး Comebackနဲ့ အတူ အဝေးကွင်းမှာ အဖိုးတန် ၃ မှတ်ရခဲ့တဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဖရန့်ဖတ် ၂-၃ ဒေါ့မန

ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ ဒေါ့မန် တို့ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၈ ထိပ်တိုက်တွေ့ဆုံမှု ကတော့ တော်တော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဂိုးပြတ် အရေးနိမ့်နေရာ ကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့ ဒေါ့မန်တို့ အဝေးကွင်းမှာ ၃ မှတ် ရအောင် ယူသွားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဇယား ထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့ ၆ မှတ် အကွာ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ အဓိက ကစားသမား တချို့က လွဲလို့ အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး လိုအပ်နေတဲ့ အမှတ်တွေကို ရအောင် ယူဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ရှင် ဖရန့်ဖတ် ဘက်မှာ ဘော်ရီ၊ ကော့စတစ်၊ လင်းစတွမ်း၊ ကာမာဒါ၊ တူတာ၊ ဟင်တာရက်ဂါ၊ ထရပ် တို့ ပါဝင်ခဲ့သလို ဒေါ့မန် ဘက်မှာလည်း တိုက်စစ်မှာ အာလင်းဟာလန်း ဦးဆောင်ပြီး မာကိုရိုက်စ်၊ ဘရန့်ဒ်၊ မယ်လန်၊ ဘယ်လင်ဂမ်၊ ဒါဟွတ်၊ ဂွာရဲရိုး၊ ချန်၊ ဟမ်းမဲလ်စ်၊ မြူနီယာနဲ့ ကိုဘယ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ၃-၄-၂-၁ ကို အခြေခံတဲ့ ကစားကွက်နဲ့ တောင်ပံတွေကို အားပြု ကစားလာခဲ့တဲ့ ဖရန့်ဖတ်တို့ ပွဲအစပိုင်းမှာ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး ဒေါ့မန် ကလည်း တန်ပြန် တိုက်စစ်နဲ့ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။ ပွဲအစ ၁ မိနစ် ကျော်ကျော်မှာပဲ ဒေါ့မန် ညာနောက်ခံလူ သောမက်စ် မြူနီယာရဲ့ ကန်ချက်ကို ထရပ် ကာကွယ်သွားနိုင်ခဲ့လို့ ဖရန့်ဖတ်တို့ ကံကောင်းခဲ့ပါသေးတယ်။ ဒါ့အပြင် အတွဲအဖက် အချိတ်အဆက်တွေ ပိုမှန်လာခဲ့တဲ့ ဖရန့်ဖတ်တို့ ပွဲချိန် ၁၅ မိနစ်နဲ့ ၂၄ မိနစ်တို့ ဦးဆောင်ဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ၂ ဂိုးလုံး ကိုတော့ ဖရန့်ဖတ် တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ရာဖာရယ် ဆန်းတို့စ် ဘော်ရီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူ့ အနေနဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၆ ဂိုး အထိ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင် ဘွန်ဒက်စ်လီဂါ ၃ ပွဲဆက် အနိုင်ရထားခဲ့တဲ့ ဖရန့်ဖတ် ကတော့ တစ်ဦးချင်းရော အသင်းလိုက် ကစားပုံ အားနည်းချက်တွေနဲ့ အတူ အိမ်ကွင်း ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပြီး ဇယား အဆင့် ၇ နေရာကို ဆင်းခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဖရန့်ဖတ်

ဒုတိယပိုင်း ဒေါ့မန်တို့ ချေပဂိုး ရဖို့ ပိုမို အားစိုက်လာခဲ့လို့ ပွဲက ပိုမို ကြည့်ကောင်းလာခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာ ဘရန့်ဒ် အစား သော်ဂန်ဟာဇက်နဲ့ လူစားလဲခဲ့တဲ့ နည်းပြ မာကိုရို့စ်ရဲ့ ဗျူဟာ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဒါကြောင့် ပွဲချိန် ၇၁ မိနစ်မှာ ဒေါ့မန်တို့ ပထမ ချေပဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုး ကိုတော့ အာလင်းဟာလန်းရဲ့ ပေးပို့မှု ကနေ သော်ဂန် ဟာဇက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒေါ့မန်တို့ပဲ ပွဲကို လွှမ်းမိုး ထားနိုင်ခဲ့ပြီး ၈၇ မိနစ်မှာ ဂျု့ဒ်ဘယ်လင်ဂမ်က ဒုတိယ ချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို နောက်ထပ် ၂ မိနစ် အကြာမှာ ဒါဟွတ်က ဧရိယာ ထိပ်ကနေ မထင်မှတ်ပဲ အနိုင်ဂိုး ကန်သွင်းနိုင်ခဲ့ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ အိမ်ရှင်တို့ သွင်းဂိုးတွေ ထပ်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ဧည့်သည် ဒေါ့မန်တို့က အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၂-၃ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အစောပိုင်းမှာ အထနှေးခဲ့တဲ့ ဒေါ့မန်ကို ဖရန့်ဖတ်တို့ အကောင်းဆုံး ပုံစံနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာလေ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုတွေကို မထိန်းချုပ်နိုင်ခဲ့လို့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ရှုံးနိမ့်နေပေမယ့် စိတ်ဓာတ်ပိုင်းရော ကစားအားပါ ကျမသွားတဲ့ ဒေါ့မန် အသင်းသားတွေကို ချီးကျူးရမှာ ဖြစ်ပြီး နည်းပြ မာကိုရို့စ်ရဲ့ လူစားလဲ မှန်ကန်မှု ကလည်း နိုင်ပွဲ အတွက် အဓိကကျခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီပွဲ မတိုင်ခင် ဘွန်ဒက်စ်လီဂါ ၃ ပွဲဆက် အနိုင်ရထားခဲ့တဲ့ ဖရန့်ဖတ် ကတော့ တစ်ဦးချင်းရော အသင်းလိုက် ကစားပုံ အားနည်းချက်တွေနဲ့ အတူ အိမ်ကွင်း ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပြီး ဇယား အဆင့် ၇ နေရာကို ဆင်းခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

ဖရန့်ဖတ် အနေနဲ့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အော့စ်ဘတ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဒေါ့မန် ကတော့ ခြေစွာနေတဲ့ ဖရိုင်းဘတ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်