နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ဖလား အတွက် အသင့် ဖြစ်နေပြီလို့ ဒေါ့မန် နည်းပြ ကြုံးဝါး၊ ကက်စ်မဲရိုးကို ပစ်မှတ်ထားနေတဲ့ တူချယ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘွန်ဒက်စ်လီဂါ ဖလား အတွက် အသင့် ဖြစ်နေပြီလို့ ဒေါ့မန် နည်းပြ ကြုံးဝါး၊ ကက်စ်မဲရိုးကို ပစ်မှတ်ထားနေတဲ့ တူချယ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၃၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘွန်ဒက်စ်လီဂါ ဖလား အတွက် အသင့် ဖြစ်နေပြီလို့ ဒေါ့မန် နည်းပြ ကြုံးဝါး

၁၁ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်လာခဲ့ပြီးနောက် ဒေါ့မန် နည်းပြ အီဒင် တာဇစ်က သူ့အသင်းဟာ လက်ကျန် ၅ ပွဲကို တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ့မန်ဟာ လက်ရှိမှာ ဘေယန်မြူးနစ်ကို တစ်မှတ်အသာနဲ့ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။ 

“ ဘိုချမ်နဲ့ ကစား၇မယ့် ပွဲကို ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်နဲ့သွားမှာပါ၊ နောက်ထပ် ခြေလှမ်း ၅ လှမ်း ကျန်နေသေးပြီး မနက်ဖြန် ကတော့ ပထမဆုံး ခြေလှမ်းပါပဲ၊ မနက်ဖြန် ကစားရမယ့် ပွဲမှာ ၃ မှတ် ရယူနိုင်ခဲ့မယ် ဆိုရင် ကျနော်တို့ အခြေအနေက ပိုပြီးတော့ တိုးတက်လာမှာပါ၊ လက်ရှိမှာ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားရမှာပါ” လို့ တာဇစ်က ဆိုပါတယ်။ 

ဒေါ့မန်ဟာ ၂၀၁၂ တုန်းက အမှတ်ပေးဖလားကို နောက်ဆုံး ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘွန်ဒက်စ်လီဂါ မှာတော့ ဘေယန်မြူးနစ် ကသာ ကြီးစိုးနေခဲ့ပါတယ်။ ဒေါ့မန်ရဲ့ နောက်ဆုံး လက်ကျန် ပွဲတွေ ကတော့ ဘိုချမ်၊ ၀ုလ်ဘတ်၊ မိုချန်ဂလာဘတ်၊ အော့စ်ဘတ်၊ မိန့်ဇ်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။


ကက်စ်မဲရိုးကို ပစ်မှတ်ထားနေတဲ့ တူချယ်လ်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရာမှာ တူချယ်က ကက်စ်မဲရိုးနဲ့ ကွင်းလယ်ပိုင်းကို တည်ဆောက်ချင်နေပုံ ရပါတယ်။
ကက်စ်မဲရိုးနဲ့ ဘေယန်မြူးနစ် ကွင်းလယ်ပိုင်းကို တည်ဆောက်ချင်နေတဲ့ တူချယ်

ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်ဟာ လာမယ့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကက်စ်မဲရိုး ကတော့ ဒီရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေပါတယ်။ 

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရာမှာ တူချယ်က ကက်စ်မဲရိုးနဲ့ ကွင်းလယ်ပိုင်းကို တည်ဆောက်ချင်နေပုံ ရပါတယ်။ လက်ရှိမှာ ဒေါ့မန်နဲ့ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်ရမှာ ဖြစ်ပြီး ရလဒ်တွေ ဆိုးရွားနေလို့ တူချယ်က ဖိအားတွေ ရှိနေကာ လာမယ့်ရာသီ အတွက် ကြိုတင် ပြင်ဆင်ဖို့ကို ခြေလှမ်းနေတာလည်း ဖြစ်ပါတယ်။ 

တူချယ် အနေနဲ့ သူ့စိတ်ကြိုက် ကစားသမားတွေကို ခေါ်ယူနိုင်မယ် ဆိုရင် ဘေယန်ကို လာမယ့် ရာသီမှာ အကောင်းဆုံး ဖြစ်အောင် ပြန်လည် တည်ဆောက်နိုင်ဖွယ်ရာ ရှိပါတယ်။ ဘေယန် ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဟာသာဘာလင်နဲ့ ကစားရမှာ ဖြစ်ပြီး ဒေါ့မန်ကို အမီလိုက်ဖို့ အတွက် အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ 


ဒေါ့မန်နဲ့ စာချုပ် သက်တမ်းတိုးခဲ့တဲ့ မာကိုရိုက်စ်

ဒေါ့မန် အသင်းရဲ့ သစ္စာတော်ခံလို့ နာမည်ကြီးခဲ့တဲ့ အသင်းခေါင်းဆောင် မာကို ရိုက်စ်ဟာ အသင်းနဲ့ အတူ စာချုပ် သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၄ အထိ သူက အသင်းမှာ ဆက်လက် ရှိနေတော့မှာ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘ၀ကို ဒေါ့မန်မှာပဲ မာကို ရိုက်စ်က ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ 

သူ့ကို ဘေယန်မြူးနစ်က ကမ်းလှမ်းခဲ့ပေမယ့် မာကို ရိုက်စ်က ငြင်းဆန်ခဲ့ကာ ငွေကြေးနဲ့ ဆွဲဆောင်လို့ မရဘူးလို့ တုံပြန်ခဲ့ပါတယ်။ ဂျာမနီ အတွက် ပြိုင်ပွဲကြီးတွေ ကစားပေးရခါနီးတိုင်းမှာ ဒဏ်ရာကြောင့် လွဲချော်တတ်လို့ ပရိသတ်တွေရဲ့ ကရုဏာ ကိုလည်း ရရှိခဲ့တဲ့ မာကို ရိုက်စ်က ဒေါ့မန်နဲ့ ဆက်လက် လက်တွဲဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။   

“ အသင်းနဲ့ ပရိသတ်တွေ အတွက် ကျနော့်မှာ မျှော်လင့်ချက်တွေ ရှိပါတယ်၊ ဂျာမန် ချန်ပီယံ ဖြစ်လာချင်တယ်၊ ဒေါ့မန် ကစားသမားတိုင်းက အဲဒီလို ဖြစ်နေပါပြီ၊ အသင်းနဲ့ နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးနိုင်ခဲ့လို့လည်း ဝမ်းသာရပါတယ်၊ တခြား ဘယ်အသင်းမှာမှ ကျနော် မကစားချင်ဘူးလို့ ပြောခဲ့ဖူးပါတယ်၊ အခုလည်း အဲဒီအတိုင်းပါပဲ” လို့ မာကို ရိုက်စ်က ပြောခဲ့ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်