နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း ပြန်လည် ပါဝင်လာမှုနဲ့ အတူ ဝုဖ်ဘတ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဝုဖ်ဘတ် ၁ – ၃ ဒေါ့မန

တိုက်စစ်က အာလင်း ဟာလန်း ပြန်လည် ပါဝင်လာမှုနဲ့ အတူ ဒေါ့မန်တို့ တိုက်စစ် ခြေစွမ်းပြပြီး ဘွန်ဒက်စ်လီဂါ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။ ဝုဖ်ဘတ်ရဲ့ အိမ်ကွင်း ခြေစွမ်း တည်ငြိမ်နေပေမယ့် ဟာလန်း ပြန်ပါလာတဲ့ ဒေါ့မန် တိုက်စစ်ရဲ့ ထက်မြတ်မှုကို ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လို့ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ်မှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တဲ့ ဒေါ့မန် အနေနဲ့ ဘွန်ဒက်စ်လီဂါ မှာတော့ အနိုင်ရလဒ် အတွက် အမှားအယွင်း မရှိ ကစားနိုင်ခဲ့ပါတယ်။ ဝုဖ်ဘတ်ရဲ့ တုံ့ပြန်မှု ပုံစံကောင်းကလည်း တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ဝက်ဂျ်ဟော့၊ အန်မီချာ၊ အာနိုးလ်ဒ်၊ ဘာကူတို့နဲ့ လူစုံခဲ့တဲ့ ဝုဖ်ဘတ်ရဲ့ ပွဲစစချင်းကတည်းက ဖိကစားခဲ့တဲ့ ဗျူဟာပိုင်း တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ အထနှေးနေတဲ့ ဒေါ့မန်ရဲ့ လိုအပ်ချက်ကို အခွင့်ကောင်း ယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ မာလန်၊ ဘရန်ဒက်၊ မာကိုရွိုက်စ်၊ အမ်မရီကန်၊ ဟမ်းမဲလ်၊ မူနီယာတို့နဲ့ ဒေါ့မန်တို့ လူစုံခဲ့ပါတယ်။ နှစ်သင်းလုံး အကောင်းဆုံးပုံစံ ရှိနေခဲ့ပေမယ့် တကယ်တမ်း ဂိုးရခဲ့တာက အိမ်ရှင်အသင်း ဖြစ်နေခဲ့ပါတယ်။ ပွဲအစ ၂ မိနစ် ကတည်းက တောင်ပံကနေတဆင့် ဘာကူ ကန်တင်ပေးတာကို တိုက်စစ်မှူး ဝက်ဂျ်ဟော့က ပုခုံးနဲ့ တိုက်သွင်းပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးတဲ့ နောက်ပိုင်း ဒေါ့မန်ရဲ့ ရုန်းအားက ပိုပြီး အားကောင်းလာခဲ့ပါတယ်။ ဂိုးရဖို့ အားစိုက်လာခြင်း နဲ့အတူ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတော့ မာကိုရွိုက်စ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို အမ်မရီကန်က ချေပဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဒေါ့မန်ကပဲ ပွဲကို ဦးဆောင်ကစားလာခဲ့ပါတယ်။ ဝုဖ်ဘတ်ရဲ့ တန်ပြန် တိုက်စစ်က အလုပ်ဖြစ်တယ် ဆိုပေမယ့် ထိရောက်မှုတော ့မရှိခဲ့ပါဘူး။ မာကိုရွိုက်စ်ရဲ့ အလိုက်သင့် ဖန်တီး ပေးပို့မှု ကနေ မာလန်က ဂိုးဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းပြီး ဒေါ့မန် အတွက် ဦးဆောင်ဂိုး ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၆၀ နောက်ပိုင်း မှာတော့ ဒေါ့မန် တို့ပဲ ဘောလုံး ပိုင်ဆိုင်မှု ပိုပြီး အသာရခဲ့ပါတယ်။ ဂိုးကန်သွင်းမှု အပိုင်း ကတော့ ဆတူ နီးပါး ထပ်တူကျခဲ့ပေမယ့် ဝုဖ်ဘတ် တိုက်စစ် ကတော့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့တဲ့ တိုက်စစ်မှူး ဟာလန်း ဝင်လာခဲ့ပြီးတဲ့နောက် ဒေါ့မန်တိုက်စစ် ပိုပြီး ထက်မြတ်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ ရည်ရွယ်ချက်ထား ထိန်းချုပ် ကစားခဲ့ပေမယ့် ပွဲချိန် ၈၁ မိနစ်မှာ ဂိုးပါသွင်းယူ နိုင်ခဲ့တဲ့ ဟာလန်းရဲ့ စွမ်းဆောင်မှုက တကယ်ကို ကောင်းမွန်ခဲ့တာပါ။ လက်ကျန် ပွဲချိန်တွေ မှာတော့ ဂိုးထပ် မသွင်းနိုင်တော့တဲ့ အတွက် ဝုဖ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ဂိုးပြတ် ရှုံးပွဲ တွေ့သွားခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

လက်ကျန် ပွဲချိန်တွေ မှာတော့ ဂိုးထပ် မသွင်းနိုင်တော့တဲ့ အတွက် ဝုဖ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ဂိုးပြတ် ရှုံးပွဲ တွေ့သွားခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဝုဖ်ဘတ်

နှစ်သင်းလုံး အတွက် နိုင်ပွဲ လိုအပ်ခဲ့ပေမယ့် သုံးသပ်သူတွေရဲ့ ခန့်မှန်းချက် အတိုင်း ဒေါ့မန်တို့ အနိုင် ပြတ်သားခဲ့ပါတယ်။ ခံစစ် တိုက်စစ် မျှတတယ် ဆိုပေမယ့် ကစားသမား စုဖွဲ့မှု အပိုင်း မှာတော့ အိမ်ရှင် ဝုဖ်ဘတ်တို့ လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ အဆင့် ၁ နေရာက ဘေယန်မြူးနစ်နဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာ ကနေ ဆက်လက် ဖိအားပေးနိုင်ဖို့ အတွက် ဒေါ့မန်တို့ ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝုဖ်ဘတ် နည်းပြရဲ့ ပွဲချိန် အစောပိုင်း ဖိအားပေး ကစားဖို့ အားစိုက်ခဲ့တာကလည်း အလုပ်ဖြစ်ခဲ့ပေမယ့် မာကိုရွိုက်စ်၊ မာလန်တို့ရဲ့ တိုးအား ရုန်းအားက ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့တာပါ။ သွင်းဂိုး မရခဲ့ပေမယ့် ချေပဂိုးနဲ့ ပထမ ဦးဆောင်ဂိုး ၂ ဂိုးလုံးက မာကိုရွိုက်စ်ကြောင့် ရရှိခဲ့တာပါ။ ကစားသမား အင်အားပိုင်းအသာရမှု နဲ့အတူ ဒေါ့မန်တို့ လိုအပ်တဲ့ အနိုင် ၃ မှတ်ကို အပြည့်အဝ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဝုဖ်ဘတ် အတွက် ကတော့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တာက နစ်နာခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး လူစားဝင် ကစားခဲ့တဲ့ အပြင် ဂိုးပါသွင်းခဲ့တဲ့ ဟာလန်းကြောင့် ဒေါ့မန်ရဲ့အနိုင်က ပိုပြီး ချိုမြိန်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝုဖ်ဘတ် တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ မိန့်ဇ် အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ဒေါ့မန် ကတော့ အဆင့် ၁ နေရာက ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်