နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်ကို အနိုင်ကန်ဖို့ ယုံကြည်ချက်ရှိနေတဲ့ ချဲလ်ဆီး နည်းပြ၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ အတွက် စျေးလျှော့စေချင်တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန်ကို အနိုင်ကန်ဖို့ ယုံကြည်ချက်ရှိနေတဲ့ ချဲလ်ဆီး နည်းပြ၊ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ အတွက် စျေးလျှော့စေချင်တဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန်ကို အနိုင်ကန်ဖို့ ယုံကြည်ချက်ရှိနေတဲ့ ချဲလ်ဆီး နည်းပြ 

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ပထမအကျော့ အဖြစ် ရင်ဆိုင်ရမယ့် ဒေါ့မန်နဲ့ ပွဲမှာ အနိုင်ရဖို့ ယုံကြည်ချက် ရှိနေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးဟာ ပထမအကျော့ အဖြစ် ဘွန်ဒက်စ်လီဂါ ကလပ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ နောက်ဆုံး (၈) ပွဲမှာ ရှုံးပွဲ မရှိခဲ့ဘဲ ချဲလ်ဆီး ကတော့ နောက်ဆုံး (၈) ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့တာကြောင့် ချဲလ်ဆီးတို့ ဂျာမနီမြေမှာ ရုန်းကန်ရဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

ဒါပေမယ့် ပေါ်တာ ကတော့ ဒေါ့မန်ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း၊ လေးစားမှု အပြည့်နဲ့ ကြိုးစားပြီး ရလဒ်ကောင်း တစ်ခု ရရှိအောင် ကြိုးစားမှာ ဖြစ်ကြောင်း၊ ဒီပွဲက အရည်အသွေးမြင့် ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ့် ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်ကြောင်းနဲ့ ချဲလ်ဆီး ကစားသမားတွေလည်း ယုံကြည်ချက် ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
ချဲလ်ဆီး
1X2 သရေ (Draw) @ 3.20
ဂိုးပေါ် 2.50 @ 1.99
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားသစ်တွေကြောင့် ချဲလ်ဆီး ရုန်းကန်ရမယ်လို့ ဒေါ့မန် နည်းပြပြော

ချဲလ်ဆီး အနေနဲ့ သူတို့နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဥ်မှာ ကစားသမားသစ်တွေကြောင့် ရုန်းကန်ရနိုင်ကြောင်း ဒေါ့မန် နည်းပြ တစ်ဦး ဖြစ်တဲ့ ဂျူလီယန် ရိုင်ယာဆန်က ပြောပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ချဲလ်ဆီးကို အိမ်ကွင်းမှာ အရင်ဆုံး လက်ခံကစားရမှာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ အသင်းတစ်သင်းပါ။ 

ချဲလ်ဆီး အနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ငွေကြေးအများအပြား သုံးစွဲကာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ထားပေမယ့် လက်ရှိအချိန်ထိ ပုံစံကောင်း ပြသနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒါကြောင့်လည်း ရိုင်ယာဆန်က ဒီလိုမျိုး ကစားသမားသစ်တွေ ခေါ်ယူထားတာက ချဲလ်ဆီး အတွက် စိန်ခေါ်မှု တစ်ခုဖြစ်နေကြောင်း၊ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ကစားသမားသစ် နှစ်ယောက်သာ ခေါ်ယူခဲ့ပြီး ဒီအချက်က ချဲလ်ဆီးနဲ့ ပွဲမှာ အားသာချက် ဖြစ်လာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ အတွက် စျေးလျှော့စေချင်တဲ့ ဘေယန်မြူးနစ်

ကန်ဆယ်လိုဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ အသင်းမှာ (၆) လအငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ပါရှိပါတယ်။
ယာအို ကန်ဆယ်လိုကို ဈေးလျှော့ပေးစေချင်နေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပမာဏ လျှော့ချစေလိုကြောင်း သိရပါတယ်။ 

ကန်ဆယ်လိုဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ အသင်းမှာ (၆) လအငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ပါရှိပါတယ်။ 

ဒါပေမယ့်လည်း ဘေယန်မြူးနစ် ဘက်က ကန်ဆယ်လို အတွက် ယူရိုသန်း (၇၀) အထိ ပေးချေလိုခြင်း မရှိကြောင်း မန်စီးတီးထံ အသိပေးထားပြီး ဒီထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှသာ ခေါ်ယူသွားဖွယ် ရှိပါတယ်။ ဒါ့အပြင် အဆိုပါ ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားလာကြောင်း သတင်းတွေက ဖော်ပြလာကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်