နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူအာနီ အသင်း ကနေ ထွက်မယ့် သတင်းတွေကို ဖရန့်ဖတ် စီအီးအို ငြင်းဆန်၊ ကန်ဆယ်လို ဘာဆာကို ပြောင်းနိုင်ဖို့ နည်းလမ်း ရှာဖွေနေတဲ့ မန်ဒက်စ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

မူအာနီ အသင်း ကနေ ထွက်မယ့် သတင်းတွေကို ဖရန့်ဖတ် စီအီးအို ငြင်းဆန်၊ ကန်ဆယ်လို ဘာဆာကို ပြောင်းနိုင်ဖို့ နည်းလမ်း ရှာဖွေနေတဲ့ မန်ဒက်စ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာနေး ဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ တူချယ်ပြော

ဝါဒါဘရီမင်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဆာဒီယို မာနေး တစ်ယောက် ပထမပိုင်းမှာ အမှားအယွင်းတွေ လုပ်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ပုံစံကောင်းပြနိုင်ခဲ့ကြောင်း ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်က ပြောလာပါတယ်။

အဆိုပါပွဲမှာ ဘေယန်မြူးနစ်တို့ ဆာ့ဂျ် ဂနာဘရီ၊ လီရွိုင်း ဆာနေး တို့ရဲ့ ဂိုးတွေနဲ့ အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ တူချယ်က ပထမပိုင်းမှာ မာနေးက နည်းစနစ်ပိုင်း အမှားတွေ ရှိခဲ့ပြီး ဂရုမစိုက်ခဲ့ကြောင်း၊ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ သူက ကစားကွက်မှာ ပိုမို ပါဝင်လာခဲ့ကြောင်း၊ ပြိုင်ဘက် ဧရိယာထဲမှာ နေရာယူပုံ ကောင်းမွန်ခဲ့ပြီး ပိုမို ခြေစွမ်းပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ်မှာ အဆင်မပြေဖြစ်နေတဲ့ မာနေးဟာ ဒီပွဲမှာ ပွဲကစားချိန် (၈၈) မိနစ် အထိ ပါဝင်ကစားခွင့် ရခဲ့ပြီး နောက်ခံလူ ဘူနာ ဆားလ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ယူရိုပါလိဂ်
ဂျူဗင်တပ်စ်
ဆီဗီလာ FC
1X2 ဆီဗီလာ FC @ 3.95
ဂိုးအောက် 2.25 @ 1.86
ဂိုးပေါင်း 2-3 @ 1.83
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မူအာနီ အသင်း ကနေ ထွက်မယ့် သတင်းတွေကို ဖရန့်ဖတ် စီအီးအို ငြင်းဆန်

ဖရန့်ဖတ်ရဲ့ အမှုဆောင် အရာရှိချုပ် အက်ဇဲလ်ဟဲလ်မန်က လာမယ့် နွေရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီ အသင်း ကနေ ထွက်ခွာမယ့် သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အဆိုပါ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အပါအဝင် ဥရောပ ထိပ်တန်း အသင်းကြီးတွေက စောင့်ကြည့်နေကြပြီး ယူရို သန်း (၁၀၀) ဝန်းကျင်နဲ့‌ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကလည်း ဒီကစားသမားကို စိတ်ဝင်စားနေခဲ့ပြီး မူအာနီ တစ်ယောက် လာမယ့် နွေရာသီမှာ ဖရန့်ဖတ်ကို စွန့်ခွာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ ဒါပေမယ့် ဟဲလ်မန် ကတော့ စျေးကွက်ထဲကို ကြည့်လိုက်ရင် ယူရိုသန်း (၉၀) ထက် များပြားတဲ့ ကိန်းဂဏန်းတွေကို မြင်တွေ့နေရကြောင်း၊ သူက အသင်းနဲ့ နှစ်ရှည် စာချုပ်ရှိနေကြောင်း၊ ကျွန်တော့်ရဲ့ ဆန္ဒ ကတော့ သူ ဖရန့်ဖတ်မှာ ဆက်ရှိနေဖို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ကန်ဆယ်လို ဘာဆာကို ပြောင်းနိုင်ဖို့ နည်းလမ်း ရှာဖွေနေတဲ့ မန်ဒက်စ်

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီး နည်းပြ ပက်ပ်ဂွါဒီယိုလာနဲ့ ပြဿနာတက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ကို အငှားနဲ့ ရောက်ရှိလာခဲ့တာပါ။
ယာအို ကန်ဆယ်လို ဘာဆာကို ပြောင်းနိုင်ဖို့ နည်းလမ်း ရှာဖွေနေတဲ့ မန်ဒက်စ်

နာမည်ကျော် စူပါအေးဂျင့် ဂျော့ချ် မန်ဒက်စ်ဟာ သူ့ရဲ့ ကစားသမားဖြစ်တဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ဘာစီလိုနာမှာ အငှားနဲ့ သွားရောက် ကစားစေဖို့ နည်းလမ်းရှာဖွေနေကြောင်း သိရှိရပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီး နည်းပြ ပက်ပ်ဂွါဒီယိုလာနဲ့ ပြဿနာတက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ကို အငှားနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် သူက ဘေယန်မြူးနစ် မှာလည်း အဆင်မပြေတာကြောင့် သူ့ကို အသင်း ဘက်က အပြီးသတ် ခေါ်ယူလိုတဲ့ ဆန္ဒမရှိ ဖြစ်နေပါတယ်။ ဒီကစားသမားကို ဘာစီလိုနာ ဘက်က စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ လုပ်ခလစာကြောင့် အဟန့်အတား ဖြစ်နေပါတယ်။

အဲ့ဒါကြောင့်လည်း မန်ဒက်စ်က ကန်ဆယ်လိုနဲ့ ဘာစီလိုနာတို့ အပြောင်းအရွှေ့သာ အဆင်ပြေခဲ့မယ် ဆိုရင် ကစားသမားရဲ့ လုပ်ခလစာကို ညှိနှိုင်းပေးဖို့ ဒါမှမဟုတ် ဘာစီလိုနာနဲ့ မန်စီးတီး အကြား ကစားသမား အတွက် လုပ်ခလစာ ခွဲဝေမှု အဆင်ပြေဖို့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်