နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိန်း ကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်၊ ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကိန်း ကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်၊ ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိန်းကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ဥက္ကဌ အူလီဟိုးနက်စ်က အသင်း အနေနဲ့ လက်ရှိအချိန်မှာ သတင်းထွက်နေတဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိ ချန်ပီယံ ကလပ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ယောက်ကို ခေါ်ယူမှာဖြစ်ပြီး ဟယ်ရီကိန်း၊ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန် တို့နဲ့ သတင်းထွက်နေပါတယ်။ ဒါပေမယ့်လည်း အူလီဟိုးနက်စ်က ဟယ်ရီကိန်းကို ခေါ်ယူမှာ မဟုတ်ကြောင်း၊ တစ်ဖက်မှာလည်း အသင်းအနေနဲ့ နံပါတ် (၉) တိုက်စစ်မှူးကို ရှာဖွေနေပြီး ဒီလို ကစားသမားမျိုးက ဘောလုံးလောက အတွက် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုဆင်မ်ဟန်နဲ့ ပတ်သက်ပြီးတော့လည်း အူလီဟိုးနက်စ်က ဒီကစားသမားက နာပိုလီ အတွက် ကောင်းမွန်တဲ့ ကစားသမားလို့ ထင်မြင်မိကြောင်း၊ ဒါပေမယ့် သူ့အမြင်မှာတော့ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့က ဘယ်လိုမှ မတတ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
အင်တာမီလန်
1X2 မန်ချက်စတာစီးတီး @ 1.43
ဂိုးအောက် 2.50 @ 2.12
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ

ဒေါ့မန်ဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ အိုင်ခေးလ် ဂွန်ဒိုအန်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာခဲ့ကြောင်း သိရှိရပါတယ်။ ဂွန်ဒိုအန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်ပြီး မန်စီးတီးက ထွက်ခွာဖို့ အတွက် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ပြည်တွင်း ပြိုင်ဘက် အာဆင်နယ်၊ ဥရောပထိပ်သီး ဘာစီလိုနာ တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂွန်ဒိုအန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်ပြီး မန်စီးတီးက ထွက်ခွာဖို့ အတွက် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
လက်ရှိမှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် အာရုံစိုက်နေတဲ့ ဂွန်ဒိုအန်

ဒါပေမယ့်လည်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ဂွန်ဒိုအန် အနေနဲ့ အခုချိန်မှာ အနာဂတ်အတွက် စဥ်းစားဦးမှာ မဟုတ်ဘဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက်သာ အာရုံစိုက်ထားကြောင်း ဆိုပါတယ်။ တစ်ဖက်မှာတော့ ဒီကစားသမားက နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို လက်လွှတ်ထားရတဲ့ ဒေါ့မန် ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။


စပိန်မှာ ကစားချင်နေတဲ့ ကန်ဆယ်လို

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို အငှားနဲ့ လာရောက် ကစားခဲ့တဲ့ ယာအို ကန်ဆယ်လိုဟာ စပိန်မြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိခဲ့ပေမယ့် ဘေယန်မြူးနစ် ဘက်ကတော့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူလိုခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် မန်ချက်စတာစီးတီး ကလည်း စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ ရှိနေတဲ့ ကန်ဆယ်လိုကို အသင်းမှာ ဆက်မထားလိုဘဲ ပြောင်းရွှေ့ကြေး လျှော့ချကာ ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။

ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက် စပိန် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့က စိတ်ဝင်စားလျက် ရှိပြီး ကစားသမား ကိုယ်တိုင် ကလည်း စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်