နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်ဆယ်လိုကို ခေါ်ယူဖို့ ရီးရဲလ် ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်း ထွက်ပေါ်လာ၊ ဘေယန်မြူးနစ် နည်းပြကို ဝေဖန်ခဲ့တဲ့ ပီအက်စ်ဂျီ နည်းပြ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကန်ဆယ်လိုကို ခေါ်ယူဖို့ ရီးရဲလ် ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်း ထွက်ပေါ်လာ၊ ဘေယန်မြူးနစ် နည်းပြကို ဝေဖန်ခဲ့တဲ့ ပီအက်စ်ဂျီ နည်းပြ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကန်ဆယ်လိုကို ခေါ်ယူဖို့ ရီးရဲလ် ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်း ထွက်ပေါ်လာ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ရောက်ရှိသွားတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်တို့ ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဖာဘရီဇီယို ရိုမာနိုက ဖွင့်ဟလာပါတယ်။

မန်ချက်စတာစီးတီး ကနေ ထွက်ခွာချင်ခဲ့တဲ့ ကန်ဆယ်လိုဟာ အေးဂျင့် ကနေ တစ်ဆင့် ရီးရဲလ်မက်ဒရစ်ထံ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ အသက် (၁၈) နှစ် အရွယ် နောက်ခံအစွန်လူ ဗီနီရှပ်စ် တိုဘီယက်စ်ရဲ့ တက်လမ်းကို မပိတ်ပင်လိုတာကြောင့် ကန်ဆယ်လိုကို ငြင်းဆန်ခဲ့ပါတယ်။

အဲ့ဒီနောက် မှာတော့ ကန်ဆယ်လိုက ဘေယန်မြူးနစ်ကို (၆) လ အငှားစာချုပ်၊ ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
‌ရှော်ကေး
ဝုဖ်ဘတ်
1X2 သရေ (Draw) @ 3.65
ဂိုးပေါ် 2.50 @ 1.72
ဂိုးပေါင်း 2-3 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူသိရှင်ကြား မှတ်ချက်ပေးခဲ့တဲ့ နူအာကို အိုလီဗာခန်း‌ ပေါက်ကွဲနေ

ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက အသင်းရဲ့ ဂိုးနည်းပြ တိုနီ တာပါလိုဗစ်ကို ထုတ်ပယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခဲ့တဲ့ ဂိုးသမား မန်နျူရယ် နူအာကို ဒေါသ ပေါက်ကွဲနေကြောင်း သိရှိရပါတယ်။

တာပါလိုဗစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်မှာ (၂၀၁၁) ခုနှစ်တည်းက တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး နူအာနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် တာပါလိုဗစ်က အသင်းတွင်း ပြောစကားတွေကို ကစားသမားတွေထံ ပြန်လည် ဖွင့်ဟခဲ့တာကြောင့် ဘေယန်မြူးနစ်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒီလိုမျိုး အသင်းရဲ့ ဆုံးဖြတ်ချက်ကို နူအာက ရူးမိုက်တဲ့ လုပ်ရပ်လို့ မှတ်ချက်ပြုခဲ့ပြီး အိုလီဗာခန်း ကတော့ နူအာရဲ့ မှတ်ချက်ဟာ အသင်းခေါင်းဆောင် တစ်ယောက် အဖြစ်ရော၊ ဘေယန်မြူးနစ် အတွက်ပါ မဖြစ်သင့်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။


ဘေယန်မြူးနစ်နည်းပြကို ပီအက်စ်ဂျီနည်းပြ ဝေဖန်

ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ပွဲမှာ ကီလီယန် အမ်ဘာပေ မပါဝင်နိုင်ဘူး ဆိုတာက စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်တယ်လို့ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ဆိုခဲ့တဲ့နောက် ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ ကီလီယန် အမ်ဘာပေ

ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ပွဲမှာ ကီလီယန် အမ်ဘာပေ မပါဝင်နိုင်ဘူး ဆိုတာက စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်တယ်လို့ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ဆိုခဲ့တဲ့နောက် ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမ်ဘာပေဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် (၃) ပတ် အနားယူရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် အဖြစ် ဘေယန်မြူးနစ်နဲ့ ပွဲကို လွဲချော်မယ်လို့ ဂဲလ်တီယာက ဆိုပါတယ်။

ဒါပေမယ့် နေဂဲလ်စ်မန်းက ဒါကို စိတ်ဓာတ် စစ်ဆင်ရေး အဖြစ်သာ ယူဆထားပြီး ဂဲလ်တီယာ ကတော့ သူ့ကို တုံ့ပြန်စရာ မရှိကြောင်း၊ စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာက အသင်းနဲ့ မိမိရဲ့ ပုံစံမဟုတ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်