နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၈/၉/၂၀၂၂)

စက်တင်ဘာ ၂၈ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်္ဂလန်ရဲ့ ကစားပုံကို ဝေဖန် ပြောကြားလိုက်တဲ့ ဘေယန် ကြယ်ပွင့်

ဘေယန်မြူးနစ်နဲ့ ဂျာမန် လက်ရွေးစင် ကစားသမား ဂျော်ရွှာ ကင်မစ်ချ်က နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲမှာ အင်္ဂလန်ရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ အသင်းရဲ့ ကြယ်ပွင့်ဟာ ဒီပွဲမှာ အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက်ခဲ့တာပါ။

အင်္ဂလန်နဲ့ ဂျာမနီတို့ ဝင်ဘလေကွင်းမှာ သုံးဂိုးစီ သရေကျခဲ့ပြီးနောက် ကင်မစ်ချ်က အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး ၂ ဂိုးပြတ်နဲ့လည်း ဦးဆောင်နိုင်ခဲ့ပါတယ်” “ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ကျနော် တို့ရဲ့ ရဲရင့်မှုတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ အင်္ဂလန် ကလည်း တန်ပြန် တိုက်စစ်နဲ့ပဲ ကစားခဲ့ပါတယ်။ တကယ်ကို နားမလည်နိုင်စရာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အင်္ဂလန်ရဲ့ ပုံစံကို ကြည့်ရတာ ဒီပွဲကို ကစားချင်စိတ် မရှိခဲ့ပါဘူး” ကင်မစ်ချ်က ဆိုပါတယ်။

အင်္ဂလန်ဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အီတလီနဲ့ ပွဲမှာ ရှုံးနိမ့်ပြီးတည်းက နေးရှင်းလိဂ်မှာ တန်းဆင်းဖို့ သေချာသွားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 3.35
ဂိုးပေါ် 2.75 @ 1.87
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီးကို လာဖို့ ဘယ်လင်ဂမ်ကို စည်းရုံးထားတဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ်ကို မန်စီးတီးထံ ပြောင်းရွှေ့ဖို့ စည်းရုံးထားကြောင်း သိရပါတယ်။ အသက် (၁၉) နှစ် အရွယ် ကွင်းလယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် လာမယ့် နွေရာသီမှာ မန်ချက်စတာစီးတီး အပါအဝင် ဥရောပ ထိပ်တန်း အသင်းတွေက စိတ်ဝင်စားနေပါတယ်။

ဒီအထဲမှာ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့လည်း အပါအဝင် ဖြစ်ပြီး လစ်ဗာပူးလ်က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် ဘယ်လင်ဂမ်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒေါ့မန် ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပါတယ်။

ဟာလန်းနဲ့ ဘယ်လင်ဂမ်တို့ဟာ ဒေါ့မန်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး လက်ရှိ မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းက ဘယ်လင်ဂမ်ကို သူနဲ့ လာရောက် ပူးပေါင်းဖို့ စည်းရုံးနေဟန် ရှိပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေမှာ ဒေါ့မန်က တိုက်စစ်မှူး ဟာလန်း၊ နောက်ခံလူ အကန်ဂျီ တို့ကို ခေါ်ယူ အားဖြည့်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။


ဘေယန်ရဲ့ ရလဒ်ဆိုးတွေက ဂျာမနီ လက်ရွေးစင် အသင်း ကိုပါ ထိခိုက်စေကြောင်း မူလာ ပြောကြား

ဥရောပ ဘီလူးကြီးဟာ ဒီနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၄ ပွဲဆက် ရှုံးထားတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်မှာ ရလဒ်ဆိုးရွားခဲ့တာက ဂျာမနီ လက်ရွေးစင် အသင်းကိုပါ ထိခိုက်စေခဲ့တယ်လို့ သောမက်စ် မူလာက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဥရောပ ဘီလူးကြီးဟာ ဒီနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နိုင်ငံတကာ ရက်သတ္တပတ်ကို ရောက်ရှိလာခဲ့ပြီး ဂျာမနီ ကလည်း ဟန်ဂေရီကို ရှုံး၊ အင်္ဂလန်ကို သရေကျကာ နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။

အင်္ဂလန်နဲ့ပွဲ မတိုင်ခင်တည်းက မူလာက “ကျနော်တို့ အမှားအယွင်းတွေ အများကြီး ပြုလုပ်ခဲ့မိပါတယ်။ ကလပ်အသင်းတွေမှာ ရှိတဲ့ ကစားသမားတွေ ကလည်း လွယ်ကူတဲ့ အခြေအနေမှာ မဟုတ်တာကို ခင်ဗျားတို့ ခံစားမိမှာပါ”

“ဖိအား မရှိချိန်မှာတောင် ကျနော်တို့က အမှားတွေ ပြုလုပ်ခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ အခြေအနေတွေက လက်ရွေးစင် ကစားသမား အားလုံးနီးပါးကို သက်ရောက်မှု ရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ လာမယ့် သောကြာညမှာ ဘွန်ဒက်စ်လီဂါ ပွဲစဥ်အဖြစ် လေဗာကူဆင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲ ပြန်လည်ရှာဖွေဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်