နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၆/၉/၂၀၂၂)

စက်တင်ဘာ ၂၆ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေမှာ လေဗာကူဆင်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဂိုဆန်စ် ဖွင့်ဟ

အင်တာမီလန် နောက်ခံ အစွန်လူ ရိုဘင် ဂိုဆန်စ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ ကမ္ဘာ့ဖလား အိပ်မက် အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ လိုအပ်ခဲ့ပြီး အီတလီမြေမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အတ္တလန္တာ ကနေ အင်တာမီလန်ကို ရောက်ရှိလာခဲ့တဲ့ ဂိုဆန်စ်က “ကျနော့် အတွက် ကမ္ဘာ့ဖလား လက်မှတ် မရသေးပါဘူး”

“ဒီအတွက် ကျနော် တိုက်ပွဲဝင်ရဦးမှာပါ။ လေဗာကူဆင် ဒါရိုက်တာ ဆိုင်မွန် ရိုဖဲလ်စ်နဲ့ ဖုန်းထဲမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျနော် အင်တာမီလန်မှာ လုပ်စရာရှိတာတွေ မပြီးသေးဘူး ဆိုတာကိုပေါ့”

“လက်ရှိ အခိုက်အတန့်မှာ ကျနော် သက်သောင့် သက်သာ ရှိနေပြီး ဒါကို မဆန့်ကျင်လိုပါဘူး။ ကျနော်က ပုံမှန် ကစားခွင့်ရမှ ကျေနပ်တဲ့၊ စိတ်ဓာတ် တက်ကြွတဲ့ ကစားသမားမျိုးပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


အသင်းရဲ့ ပရိသတ် ဟက်ကာကို ဂျာစီ လက်ဆောင် ပေးပို့ခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် အသင်းဟာ သောမတ်စ်မူလာ လက်မှတ်ရေး ထိုးပေးထားတဲ့ ဂျာစီကို ဘေယန်မြူးနစ် ပရိသတ်လည်းဖြစ်၊ ဟက်ကာ တစ်ယောက်လည်း ဖြစ်တဲ့ ဒန်နီယဲယ် မာတင်စ် အတွက် လက်ဆောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မာတင်စ်က အသင်းရဲ့ ဝက်ဘ်ဆိုက်ထဲကို စမ်းသပ် ဝင်ရောက်ခဲ့ပြီး နည်းပညာပိုင်း ဆိုင်ရာအရ အားနည်းချက်တွေ မြင်တွေ့ခဲ့ရကြောင်း အသင်းကို ထောက်ပြခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်က ထောက်ပြချက်တွေကို လက်ခံရရှိခဲ့ပေမယ့် မလိုအပ်ဘဲ ဖွင့်မချခဲ့သလို အခုမှသာ လက်ဆောင်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

မာတင်စ်က “အမှားအယွင်းတွေကို ကျနော် မြင်ခဲ့တဲ့နောက် မှတ်ချက်ရေးပြီး အသင်းဆီ ကျနော် ပေးပို့ခဲ့ပါတယ်။ သူတို့ ဒီပြဿနာတွေကို အတော်လေး ပြင်ဆင်ခဲ့ပြီး ကျနော့်ဆီ ချက်ချင်း အကြောင်းမပြန်ခဲ့ပါဘူး”

“အဲ့ဒီအချိန်မှာ ဂျာနယ်လစ် ဒန်နီယဲယ် မွန်ဒင်းမ်က တွေ့ခဲ့ပြီး အသင်းနဲ့ ကျနော့်အကြား ဆက်သွယ်ပေးခဲ့ပါတယ်။ ဘေယန် ဘက်ကလည်း ဒါတွေကို ပြင်ဆင်ပြီးတဲ့နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အနေနဲ့ အသင်းရဲ့ အကြီးမားဆုံး စံပြ ပုဂ္ဂိုလ် သောမတ်စ်မူလာ လက်မှတ် ရေးထိုးထားတဲ့ ဂျာစီတထည်ကို ကျနော့် အတွက် လက်ဆောင်ပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေး အများအပြား လျော့ကျသွားဖွယ် ရှိနေတဲ့ ဘယ်လင်ဂမ်

အသက် (၁၉) နှစ်အရွယ် ကြယ်ပွင့် အတွက် ဘွန်ဒက်စ်လီဂါ ကလပ်ဘက်က ပေါင်သန်း (၁၀၀) သတ်မှတ်ထားတာပါ။
ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း ကလပ် အများအပြား စောင့်ကြည့်လျက်ရှိ

ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေးက သတင်းတွေ ထွက်ပေါ်နေသလိုမျိုး ပေါင်သန်း (၁၀၀) မဟုတ်ဘဲ ပေါင် (၈၃) သန်းခန့်သာ ကျသင့်နိုင်တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

အသက် (၁၉) နှစ်အရွယ် ကြယ်ပွင့် အတွက် ဘွန်ဒက်စ်လီဂါ ကလပ်ဘက်က ပေါင်သန်း (၁၀၀) သတ်မှတ်ထားတာပါ။ ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေးကို တခါတည်း အလုံးအရင်း ပေးချေမယ် ဆိုရင် ပေါင် (၈၃) သန်းနဲ့ ရနိုင်တယ်လို့ သိရပါတယ်။

ဒီကစားသမားကို ဘာမင်ဂမ် မှာတည်းက မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်း အသင်း တချို့က ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လင်ဂမ်က ဒေါ့မန်ကိုသာ ရွေးချယ်သွားခဲ့ပြီး အသင်း အတွက် ပွဲပေါင်း (၁၀၀) အထိ ကစားပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဆိုပါ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူကို လာမယ့် နွေရာသီမှာ ယူနိုက်တက် အပါအဝင် မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်တို့က အပြိုင်အဆိုင်ခေါ် ယူဖို့ ကြိုးစားလာမှာ ဖြစ်ကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်