နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဝှေးစေ့ ကင်ဆာ ခံစားနေရတဲ့ ဟာသာဘာလင် တောင်ပံ ကစားသမား

ဘွန်ဒက်လီဂါ ကလပ် ဟာသာဘာလင်ရဲ့ တောင်ပံ ကစားသမား ဂျီအန်ပေလ် ဘိုတီယပ်စ်ဟာ ဝှေးစေ့ ကင်ဆာဝေဒနာကို ခံစားနေရပြီး ခွဲစိတ်ကုသမှုတွေ ခံယူရမယ်လို့ သိရပါတယ်။ ဒါဟာ ဒီနှစ် အတွင်းမှာ အဆိုပါဝေဒနာကို ခံစားရတဲ့ လေးဦးမြောက် ဘွန်ဒက်လီဂါ ကစားသမား ဖြစ်လာခဲ့ပြီး သူ့အရင်မှာတော့ အသင်းဖော် မာကိုရီချ်တာ၊ ယူနီယံဘာလင်က တီမို ဘူဂါတယ်လ်နဲ့ ဒေါ့မန်က ဆီဘက်စတီယန် ဟယ်လာတို့ ခံစားခဲ့ရပါတယ်။ 

“ ကျနော်တို့ သူနဲ့အတူ အနီးကပ် ရှိနေပါတယ်၊ သတင်းကောင်း ကတော့ သူ အမြန်ဆုံး သက်သာလာမယ်လို့ ကျနော်တို့ မျှော်လင့်နိုင်တာပါပဲ၊ အတတ်နိုင်ဆုံး သူ ပြန်လာနိုင်မှာပါ” လို့ ဟာသာဘာလင် အားကစား ဒါရိုက်တာ ဖရက်ဒီ ဘိုဘစ်က ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဘိုတီယက်စ်ဟာ ကာလ အတန်ကြာ အနားယူရမှာတော့ ဖြစ်ပါတယ်။ 

ဒေါ့မန် တိုက်စစ်မှူး ဟယ်လာလည်း အဆိုပါ ဝေဒနာကို ခွဲစိတ် ကုသမှု ခံယူခဲ့ရပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ပုံစံကြောင့် အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် ဟယ်လာ ကတော့ ဒီရောဂါကို အကောင်းဆုံး တိုက်ပွဲဝင်နိုင်ခဲ့ပြီး ပုံမှန်ကြံ့ခိုင်မှု ပြန်လည်ရရှိအောင် အကောင်းဆုံး အားထုတ်နေပြီး မကြာခင်မှာ ပြန်လည် ကစားနိုင်ဖွယ် ရှိနေပြီလို့ သိရပါတယ်။


နော်အာ နေရာ ဝင်ကစားရတော့မယ့် တာစတီဂန်

ဘာစီလိုနာ အသင်း ဂိုးသမား မက် အန်ဒရီ တာစတီဂန် ကတော့ ဂျာမနီရဲ့ ဟန်ဂေရီ၊ အင်္ဂလန်တို့နဲ့ ကစားရမယ့် နေးရှင်းလိဂ် ပွဲတွေကို ဝင်ရောက် ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဂျာမနီရဲ့ ပထမ ဂိုးသမား မန်ဝဲလ် နော်အာက ကိုဗစ် ကူးစက်ခံခဲ့ရလို့ အဆိုပါ ပွဲတွေကို ဝင်ရောက် ကစားခွင့်ရမှာ မဟုတ်တော့ဘဲ တာစတီဂန် အတွက် အခွင့်အရေး ရလာခဲ့တာ ဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဆားဗီးယား
ဆွီဒင်
1X2 သရေ (Draw) @3.45
ဂိုးပေါ် 2.50 @ 2.05
ဂိုးပေါင်း 0-1 @ 2.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမနီက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန် ဂိုးသမားကို လူစာရင်းက နုတ်ထွက်စေခဲ့ပြီးနောက် ဟော့ဖန်ဟိမ်း ဂိုးသမား အိုလီဗာ ဘူမန်းကို အစားထိုး ခေါ်ယူခဲ့သလို ပထ မဂိုးသမား အဖြစ် တာစတီဂန်ကို တာဝန်ပေးတော့ မှာလည်း ဖြစ်ပါတယ်။ နည်းပြ ဟန်ဆီဖလစ် အတွက်တော့ ဒါက ကြီးမားတဲ့ ပြသနာ မဟုတ်ဘဲ ဘာစီလိုနာ အတွက် တာစတီဂန်က လက်စွမ်းပြနေတာ ဖြစ်လို့ နော်အာ နေရာကို အပြည့်အ၀ အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ 

“ မာ့ခ်က ဂိုးသမား နေရာမှာ နော်အာအစား ဝင်ကစားမှာပါ၊ အိုလီဗာ ကိုလည်း ကျနော်တို့ အင်အား ထပ်ဖြည့်ထားပါတယ်၊ လီနိုကလည်း ကျနော်တို့ အတွက် ရွေးချယ်စရာ အဖြစ် ရှိနေပါသေးတယ်၊ ဖူလ်ဟမ်ကို သူ ပြောင်းရွှေ့ပြီးတဲ့နောက် သူ့အတွက် ကစားချိန်ရဖို့ ကလည်း အရေးကြီးပါတယ်၊ ထရပ် ကလည်း ကောင်းကောင်း ကစားနိုင်လို့ ကျနော့် ဂိုးသမား နေရာ အတွက်တော့ ပျော်ရွှင်မိပါတယ်” လို့ ဟန်ဆီ ဖလစ်က ပြောဆိုခဲ့ပါတယ်။ 


လေဗာကူဆင်နဲ့ ပွဲကို အဓိက ကစားသမား နှစ်ဦး မပါဝင်ဘဲ ကစားရမယ့် ဘေယန်မြူးနစ်

စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကစားသွားရမယ့် ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ် ဖြစ်တဲ့ လေဗာကူဆင်နဲ့ ပွဲမှာ ဘေယန်မြူးနစ် ကစားသမား နှစ်ဦးရဲ့ ဂိုးသမား နော်အာနဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဆိုပါ ကစားသမား နှစ်ဦးဟာ ကိုဗစ် ကူးစက်ခံထားရပြီး သီးသန့် နေထိုင်နေရကာ ဗိုင်းရပ်စ် ကူးစက်မှု ကနေ ပျောက်ကင်းဖို့အတွက် တပတ်ခန့် အချိန်ယူရမယ်လို့ သိရပါတယ်။ 

ဒါဟာ ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတဲ့ ဘေယန်အတွက်လည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘေယန်ဟာ လိဂ်ပွဲ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နောက်ဆုံးပွဲမှာ ဆိုရင် အော့စ်ဘာ့ဂျ်ကို အရေးနိမ့်ခဲ့ရပါတယ်။ နည်းပြ နေဂဲလ်စ်စမန်းလည်း ဖိအားတွေ အောက်ကို ရောက်နေပြီး လာမယ့် ပွဲတွေမှာသာ ရလဒ်မကောင်းဘူး ဆိုရင် သူ့ရဲ့ နည်းပြ ရာထူးကိုတောင် စွန့်ခွာရဖို့ ရှိနေတာပါ။ ဒီအချိန်မှာ အားထားရတဲ့ ကစားသမား နှစ်ဦးကို လက်လွှတ်ရမှာက စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ဘွန်ဒက်လီဂါမှာ ဘေယန်တို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုတောင် ဦးဆောင်နိုင်ခြင်း မရှိတေ့ာဘဲ ဖြစ်နေပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး အနေအထား တစ်ခုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘေယန်ဟာ အဆင့် ၅ နေရာကို ရောက်ရှိနေကာ ထိပ်ဆုံးက ယူနီယံဘာလင်နဲ့ ၄ မှတ် ကွာဟနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်