နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၃/၉/၂၀၂၂)

စက်တင်ဘာ ၂၃ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ်မှာ ဘာကြောင့် ဆက်နေခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ အန်ကွန်ကူ

ပြင်သစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်သီး ကလပ် အများစုရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ကလပ် အသင်းကြီး တချို့ရဲ့ ကမ်းလှမ်းမှုတွေလည်း လက်ခံရရှိခဲ့ပေမယ့် လိုက်ပ်ဇစ် ဘက်က အန်ကွန်ကူကို ရောင်းချဖို့ ငြင်းဆန်ခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း ဘွန်ဒက်စ်လီဂါ မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို လိုက်ပ်ဇစ် ဘက်က အသင်းပြောင်းခွင့် မပေးခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ဂျာမန် နာမည်ကြီး မီဒီယာ တစ်ခု ဖြစ်တဲ့ Sport Bild က မေးမြန်းခဲ့ပြီး အန်ကွန်ကူ က အခုလိုပဲ အံ့အားသင့်စရာ အဖြေမျိုး ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

အန်ကွန်ကူက “ဟင့်အင်း။ ဘာကြောင့်လဲ ဆိုတာ ကျနော် ရှင်းပြပါ့မယ်။ ကျနော့်ရဲ့ ကစားသမား သက်တမ်း တစ်လျှောက် ပထမဦးဆုံး အကြိမ် ကျနော့်ဟာ အသင်း အတွက် အရမ်းကို အရေးပါတဲ့သူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တကယ့်ကို ဖော်ပြလို့ မရနိုင်တဲ့ ခံစားချက်မျိုးပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လက လိုက်ပ်ဇစ်နဲ့ ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကို တိုက်စစ်မှူးဟောင်း တီမို ဗာနာ ပြန်လည် ရောက်ရှိလာခဲ့သလို ဘင်ဂျာမင် ဆက်စ်ကို ကလည်း လာမယ့် နှစ်မှာ ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်လို့ အန်ကွန်ကူ တစ်ယောက် အသင်း ပြောင်းရွှေ့ဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဘေယန်ကို ပြောင်းခဲ့မိလို့ နောင်တမရပေမယ့် ပွဲထွက်ခွင့် မရလို့ စိတ်ပျက်နေတဲ့ ဂရာဗင်ဘာ့ချ်

ဘေယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘာ့ခ်ျ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အသင်း ပြောင်းရွှေ့ခဲ့တဲ့ အတွက် နောင်တရခြင်း မရှိပေမယ့် လက်တလော သူ့ အနေနဲ့ ကစားချိန် အနည်းငယ်သာ ရရှိနေတာနဲ့ ပတ်သက်လို့တော့ စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

ဂရာဗင်ဘာ့ခ်ျက “ဘေယန်ကို ပြောင်းရွှေ့ခဲ့တဲ့ အတွက် ကျနော့် အနေနဲ့ နောင်တရစရာ မရှိပါဘူး။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ကျနော် ကစားချင်သလောက် မကစားရတဲ့ အတွက် စိတ်ပျက်မိပါတယ်၊ ဒါက ပုံမှန်ပါပဲ” ESPN.nl နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နယ်သာလန် ကွင်းလယ်လူက “ခက်ခဲပေမယ့် ဒါကို လက်ခံရပါမယ်။ ကျနော် စိတ်လျှော့ထားရမယ်။ နိုင်ငံတကာပွဲတွေ ပြီးရင် နေရာ ပိုရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အီတလီ
အဂ်လန်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.52
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂရာဗင်ဘာ့ချ်ဟာ အသက် ၁၆ နှစ်ကျော်ကျော် မှာပဲ အေဂျက်စ် စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး နယ်သာလန် ကလပ်ရဲ့ အသက် အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် အသက် ၁၈ နှစ် အရွယ်မှာ အေဂျက်စ်ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် Golden Boy ဆု အတွက် ဆန်ကာတင် အယောက် ၄၀ စာရင်းမှာ ပါဝင်ခဲ့ပြီး ဇွန်လက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ယူရို ၁၈ သန်း+အပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။


ကိုဗစ် ၁၉ ကြောင့် လာမယ့် ပွဲစဉ် ၂ ပွဲစလုံး လွဲချော်ဖို့ ရှိနေတဲ့ နော်အာနဲ့ ဂိုရက်ဇ်ကာ

ဂိုးသမား မန်ဝဲလ် နော်အာနဲ့ ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာ တို့ဟာ ဂျာမနီ အသင်း ကစားမယ့် နေရှင်းလိဂ် ပွဲစဉ် ၂ ပွဲစလုံးကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ရဲ့ ကစားသမားတွေဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရပြီး လက်တလော သီးသန့် နေထိုင်နေရတယ် လို့လည်း သိရပါတယ်။

ဒါကြောင့် နည်းပြ ဟန်ဆီ ဖလစ်ခ်က ဟော့ဖန်ဟိမ်း ဂိုးသမား အိုလီဗာ ဘိုမန်းကို အစားထိုး ခေါ်ယူထားခဲ့ပြီး ဟန်ဂေရီနဲ့ ပွဲမှာတော့ တာစတီဂန် သို့မဟုတ် ကီဗင် ထရပ်ကို ပွဲထွက်လူစာရင်း မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

သတင်းတွေအရ ဆိုရင် ဂျာမနီနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန် အသင်း မှာလည်း ကယ်ဗင် ဖီးလစ်နဲ့ ဂျော်ဒန် ဟန်ဒါဆင်တို့ ဒဏ်ရာ ပြသနာ ရှိနေပြီး မန်စီးတီး ကွင်းလယ်လူ ကတော့ ကာတာ ကမ္ဘာ့ဖလား ကစားနိုင်ဖို့တောင် မသေချာဘူးလို့ သိရပါတယ်။

ဂျာမနီ လက်ရွေးစင် အသင်းဟာ လက်ရှိ နေးရှင်းလိဂ် (A)ရဲ့ အုပ်စု ၃ ရဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး အင်္ဂလန် ကတော့ ဇယား အောက်ဆုံးမှာ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်