နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖိအားများနေတဲ့ နေဂဲလ်စ်မန်းကို အားပေး ထောက်ခံဆဲဆိုတဲ့ ကင်မစ်ချ်

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ဘက်က အသင်းသားတွေ ရပ်တည်ပေးနေဆဲ ဖြစ်ကြောင်း ဂျော်ရွှာ ကင်မစ်ချ်က ပြောကြားလာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲ ဆက်တိုက် ပျောက်ဆုံးပြီး ရလဒ်ဆိုးရွားနေတာကြောင့် နိုင်ငံတကာ ရက်သတ္တပတ် အပြီး ကစားမယ့် လေဗာကူဆင်နဲ့ ပွဲမှာသာ နိုင်ပွဲ မရခဲ့ရင် နေဂဲလ်စ်မန်းကို ရာထူးက ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ကစားသမားတွေနဲ့ သူ့အကြား မှာလည်း ပြဿနာရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကင်မစ်ချ်က ကစားသမားတွေ အနေနဲ့ အဝတ်လဲခန်း အတွင်းမှာ နေဂဲလ်စ်မန်း ဘက်က အပြည့်အဝ ရပ်တည်ပေးနေဆဲ ဖြစ်ကြောင်း၊ ရှေ့ဆက်သွားဖို့ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
နေဂဲလ်စ်မန်းဟာ ဆာနေး၊ နာဘရီတို့ အပါအဝင် တိုက်စစ် ကြယ်ပွင့် အချို့ကို လူသိရှင်ကြား ဝေဖန်ခဲ့သေးတာကြောင့်လည်း ကျန်တဲ့ ကစားသမားတွေက နေဂဲလ်စ်မန်း အပေါ် မကျေမနပ် ဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။


အိုဒွိုင်းကို ပြန်လည် ခေါ်ယူချင်တဲ့ ပေါ်တာကို ဝေဖန်မှုတွေ ရှိနေ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို အငှားချထားတဲ့ ကော်လမ် ဟက်ဒ်ဆန် အိုဒွိုင်းကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အပေါ် ချဲလ်ဆီး ပရိသတ်တွေက ဝေဖန်နေပါတယ်။

ဒီကစားသမားဟာ နည်းပြဟောင်း သောမတ်စ် တူဟယ်လ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လေဗာကူဆင်ထံ တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အိုဒွိုင်းဟာ တူဟယ်လ်ရဲ့ နည်းစနစ်မှာ အံမဝင်ခဲ့ဘဲ အရေးမကြီးတဲ့ ပြိုင်ပွဲတွေ မှာတောင် ပွဲထွက်ခွင့်ရဖို့ အာမခံချက် မရှိခဲ့ပါဘူး။

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို အငှားချထားတဲ့ ကော်လမ် ဟက်ဒ်ဆန် အိုဒွိုင်းကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အပေါ် ချဲလ်ဆီး ပရိသတ်တွေက ဝေဖန်နေပါတယ်။
လေဗာကူဆင် အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အိုဒွိုင်း

ဒါပေမယ့် ပေါ်တာ ကတော့ အိုဒွိုင်းကို နှစ်သက် သဘောကျပြီး သူ့ရဲ့ နည်းစနစ်မှာ အံဝင်မယ်လို့ ယူဆထားပါတယ်။ ဘရိုက်တန်ကို ကိုင်တွယ်ချိန်မှာတည်းက အိုဒွိုင်းကို အငှားနဲ့ခေါ်ယူဖို့ ပေါ်တာက ကြိုးစားခဲ့ဖူးပါတယ်။

ချဲလ်ဆီး ပရိသတ်တွေ ကတော့ အိုဒွိုင်းကို လာမယ့် ဆောင်းရာသီမှာ ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပေါ်တာရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ဒါ့အပြင် ပေါ်တာဟာ အင်တာမီလန်ကို အငှားချထားတဲ့ တိုက်စစ်မှူး လူကာကူကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဘေယန်မြူးနစ်က လွဲလို့ အခြားအသင်းနဲ့ မနီးစပ်ခဲ့ဖူးတဲ့ ဂရာဗင်ဘာ့ချ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ရိုင်ယန် ဂရာဗင်ဘာ့ချ်ဟာ အခြားအသင်းတွေနဲ့ နီးစပ်ခဲ့တာမျိုး မရှိဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ပြောပါတယ်။

အသက် (၂၀) အရွယ် အဆိုပါ ကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် (၃၁.၅) သန်းနဲ့ ဂျာမနီမြေကို ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားကို ခေါ်ယူဖို့ အခြားအသင်းတွေကလည်း စိတ်ဝင်စားခဲ့ဖူးပါတယ်။

ရိုမာနိုက “ဘေယန်မြူးနစ် အတွက် ခက်ခဲတဲ့ အချိန်ကာလဖြစ်သလို ဂရာဗင်ဘာ့ချ် ကလည်း ပွဲထွက်ခွင့် မရတဲ့ အပေါ် စိတ်ပျက်နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အရင်တည်းက အခြား ဘယ်အင်္ဂလန် အသင်းနဲ့မှ နီးစပ်ခဲ့တာမျိုး မရှိပါဘူး”

“သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားခဲ့ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ။ ဘေယန်မြူးနစ်က ဂရာဗင်ဘာ့ချ်ကို ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ တနှစ်ကျော်လောက် အလုပ်လုပ်ခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်