နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်နဲ့ စာချုပ် သက်တမ်းတိုးဖို့ မသေချာသေးတဲ့ ပါဗက်

ဘေယန်မြူးနစ် ညာနောက်ခံလူ ဘင်ဂျာမင် ပါဗက်ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေဆဲလို့ သိရပါတယ်။ ဂျာမန် နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေမှာလည်း ဘွန်ဒက်စ်လီဂါ ကလပ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒီကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး ယူနိုက်တက် ကတော့ ဖြစ်နိုင်ချေ ပိုမိုများပြားခဲ့ပါတယ်။

ဒါပေမယ့် ပါဗက်က ဘေယန်မြူးနစ် မှာပဲ ဆက်နေ ဖြစ်ခဲ့ပြီး အသင်းရဲ့ ဦးစားပေး ပွဲထွက် ကစားသမားအဖြစ် ရှိနေဆဲပါ။ တဖက်မှာလည်း ဘေယန်မြူးနစ်က ဒီကစားသမားကို စာချုပ် သက်တမ်း တိုးလိုသည့် တိုင်အောင် ပါဗက် ကိုယ်တိုင် ကတော့ အနာဂတ် အတွက် မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ပါဗက်ဟာ ဗဟိုနောက်ခံလူ နေရာမှာလည်း ကစားလိုပြီး လက်ရှိ အသင်းရဲ့ ဗဟိုနောက်ခံလူ အင်အားအရတော့ ပါဗက်အတွက် ဒီအခွင့်အရေးက မသေချာပါဘူး။ ဒါ့အပြင် ပါဗက် အနေနဲ့ အသင်းကို ချက်ချင်း စွန့်ခွာသွားဖို့ စီစဥ်ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။


ဒေါ့မန် ကြယ်ပွင့်ကို ယူနိုက်တက် ဂန္တဝင်နဲ့ နှိုင်းယှဥ်လိုက်တဲ့ ဂယ်ရီလိုင်နီကာ


ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ်ကို အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ ယူနိုက်တက် ဂန္တဝင် ဘရိုင်ယန် ရော့ဘ်ဆင်နဲ့ နှိုင်းယှဥ် ချီးကျူးလိုက်ပါတယ်။

အသက် (၁၉) နှစ်အရွယ် ကွင်းလယ် ကစားသမားလေးဟာ ဒေါ့မန် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး မန်ချက်စတာစီးတီးကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ် မှာလည်း အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပြသခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကို လိုင်နီကာက သဘောကျ နှစ်သက်နေပြီး “တကယ်လို့ ဘယ်လင်ဂမ်သာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ အဓိက, ကစားသမား မဖြစ်ခဲ့ဘူး ဆိုရင် ကျနော် အံ့အားသင့်မိမှာပါ။ သူက ဘရိုင်ယန် ရော့ဘ်ဆင်လိုမျိုးပါပဲ” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

အဆိုပါ အင်္ဂလန် ကွင်းလယ်လူကို ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က လက်ရှိ အချိန်မှာ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်ထားပါတယ်။


မန်စီးတီးကို ရှုံးခဲ့တဲ့ အရှုံးက ခါးသီးတယ်လို့ ဒေါ့မန် နည်းပြ မှတ်ချက်ပြု

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် နည်းပြ အီဒင် တာဇစ်က မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရလဒ်က အရမ်းကို စိတ်ပျက်ဖို့ကောင်းပြီး ခါးသီးခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
မန်စီးတီးကို ရှုံးနိမ့်ခဲ့တာ ခါးသီးတယ်လို့ ဆိုလာတဲ့ ဒေါ့မန် နည်းပြ တာဇစ်


ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် နည်းပြ အီဒင် တာဇစ်က မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရလဒ်က အရမ်းကို စိတ်ပျက်ဖို့ကောင်းပြီး ခါးသီးခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဒေါ့မန်က ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး စတုန်းစ်၊ ဟာလန်းတို့ရဲ့ ဂိုးတွေကြောင့် အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီအပေါ်မှာ တာဇစ်က “ကျနော်တို့ အတွက် သူတို့ ကွင်းမှာ သုံးကြိမ်မြောက် လာကစားတာ ဖြစ်ပြီး အခု အမှတ်ဗလာနဲ့ ပြန်ခဲ့ရပါတယ်။ အသင်းက အနည်းဆုံး တစ်မှတ်တော့ ထိုက်တန်တယ်လို့ ကျနော် ထင်ပါတယ်”

“သူတို့မှာ ရှိတဲ့ အရည်အချင်းတွေကို ခင်ဗျားတို့လည်း မြင်တာပဲလေ။ ကွင်းလယ်မှာ နေရာလွတ် မရှိတော့လို့ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်း တို့လို ကစားသမားတွေကို သူတို့ ထည့်သုံးခဲ့ရတာက ကျနော် တို့ကို ချီးကျူးရမယ့် ကိစ္စပါ။ ဒါပေမယ့်လည်း ကျနော်တို့က သူတို့ကို ကိုယ့်ဂိုးပေါက်နဲ့ ခပ်ဝေးဝေးမှာ ဖိအားပေးနိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒေါ့မန်ဟာ အုပ်စု အဖွင့်ပွဲမှာ ကိုပင်ဟေဂင်ကို သုံးဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပေမယ့် အခု မန်စီးတီးနဲ့ အတွေ့ မှာတော့ ဒီရာသီရဲ့ ပထမဆုံး ချန်ပီယံလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်