အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ကတော့ ဘေယန်မြူးနစ် တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ ပြင်သစ်သားကို ရောင်းချမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
နယူးကာဆယ် ကတော့ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး ဖြစ်တဲ့ တိုက်စစ်မှူး ဝီလီယမ် အိုဆူလာကို အငှားချဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါည်။ သဘောတူညီချက်ထဲ မှာတော့ ၎င်းကို အပြီးသတ် ခေါ်ယူခွင့်လည်း ပါဝင်ဖွယ် ရှိကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြပါတယ်။
အာဆင်နယ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂါဘရီယယ် ဂျေဇုစ် ကိုတော့ လိုင်ယွန်က အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း တိုက်စစ်မှူး အသစ် ခေါ်ယူဖို့ ရှိပေမယ့် ဂါဘရီရယ် ဂျေဇုစ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း Defensa Central က ဖော်ပြပါတယ်။
ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာ တာဝန်ရှိသူတွေကို ဗဟိုနောက်ခံလူသစ် တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုနေပေမယ့် ကလပ် ဘက်ကတော့ လက်ရှိ ရရှိနိုင်တဲ့ ရွေးချယ်စရာတွေကို သဘောမကျပဲ နွေရာသီ အထိ စောင့်ဆိုင်းချင်နေပါတယ်။ ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က နီကို ရှလော့တ်တာဘက်ခ် ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် က မာ့ခ် ဂူဟီ ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီ ကတော့ ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ အန်တိုနီယို ရူဒီဂါကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် မြင့်မားတဲ့ စာချုပ် တစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း El Nacional က ဖော်ပြပါတယ်။

အသက် ၁၉ နှစ် အရွယ် ဘာစီလိုနာ ဂိုးသမား အာရွန် ယက်ကိဘစ်ရှ်ဗီလီ ကတော့ လာလီဂါ ၂ ကလပ်မှာ အငှားထွက် ကစားနေစဉ် အတွင်း ခြေစွမ်းပြနိုင်တာကြောင့် အီတလီနဲ့ ဂျာမန် ကလပ် အများအပြားရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက ကွင်းလယ်လူ အူဂါတေးကို အသင်းရဲ့ ကပ်ဆိုး အဖြစ် သတ်မှတ်နေကြပါတယ်။ အက်စတွန်ဗီလာနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ လူငယ် ကွင်းလယ်လူ ကိုဘီ မိန်းနူး ဒဏ်ရာ ရရှိခဲ့ပြီး ဘရာဇီးလ် ဝါရင့်ကစားသမား ကတ်စ်မဲရိုး ကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် အမော်ရင်က အူဂါတေးကို ရှားရှားပါးပါး အသုံးပြုခဲ့ပြီး ဒါက ၃ လနီးပါး အကြာမှ အူဂါတေး အနေနဲ့ အသင်း အတွက် ပထမဦးဆုံး အကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် အူဂါတေး အနေနဲ့ ပွဲထွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ယူနိုက်တက်က နိုင်ပွဲ လုံးဝ မရှိဘဲ ၁ ပွဲ သရေ၊ ၈ ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် ကစားသမားဟောင်း ကလီဘာဆင် နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်း ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ် ကွင်းလယ်လူဟောင်း ကလီဘာဆင်ဟာ ၂၀၀၄ ဇန်နဝါရီ ကနေ ၂၀၀၅ မေလ အတွင်း ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခဲ့တဲ့ ၁၀ ပွဲမှာ နိုင်ပွဲ လုံးဝ မရခဲ့ပါဘူး။ ဒါပေမဲ့ ကလီဘာဆင်က အူဂါတေးထက် ရလဒ် အနည်းငယ် ပိုကောင်းခဲ့ပြီး ၇ ပွဲ သရေ၊ ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။
လစ်ဗာပူးလ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ဟာ ခြေထောက်ကျိုး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ အနားယူရမယ့် ကာလကို အတည်ပြု ကြေညာခြင်း မရှိသေးပါဘူး။ အိဆက်ခ် အနေနဲ့ အနည်းဆုံး တစ်လခန့် အနားယူရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်ကတော့ အိဆက်ခ်က သူ့ရဲ့ ခြေချင်းဝတ်မှာ ရှိတဲ့ တံကောက်ရိုး ကျိုးသွားလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အိဆက်ခ်ဟာ အသင်း အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


