နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်း အတွက် ဆွေးနွေးမှုတွေ တော်တော်လေး ခရီးပေါက်နေတဲ့ ဘေယန်နဲ့ စပါး (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်း အတွက် ဆွေးနွေးမှုတွေ တော်တော်လေး ခရီးပေါက်နေတဲ့ ဘေယန်နဲ့ စပါး

ဘေယန်မြူးနစ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ဆက်တိုက် ပြုလုပ်နေပြီး ဒီဆွေးနွေးမှုတွေက တော်တော်လေး ခရီးပေါက်နေကြောင်း သိရှိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေဟာ ဟယ်ရီကိန်းကို လက်ရှိ နွေရာသီမှာ အရခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး လန်ဒန်မြို့ ကိုလည်း ရောက်ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက ဘေယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက လန်ဒန်မြို့ကို လာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လေယာဉ် ခရီးစဉ် ရွှေ့ဆိုင်းမှုကြောင့် နှောင့်နှေးခဲ့ရတာပါ။

စပါး ဘက်ကတော့ ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၈၆) သန်း အနည်းဆုံး သတ်မှတ်ထားဆဲ ဖြစ်ပြီး ဘေယန်မြူးနစ် ဘက်ကလည်း ဒီပမာဏကို ပေးချေဖို့ အတွက် ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
တောင်ကိုရီးယား
ဂျာမနီ
1X2 တောင်ကိုရီးယား (w) @ 8.00
ဂျာမနီ (w) အာရှ အကျောပေး -2.00 @ 2.00
ဂိုး‌ပေါ်် 3.00 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်တာမီလန်နဲ့ သတင်းတွေကို မငြင်းဆန်ခဲ့တဲ့ ဘေယန် ဂိုးသမား

ဘေယန်မြူးနစ် ဂိုးသမား ယန်း ဆွမ်မားဟာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန်သွားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
အဆိုပါ ဆွစ်ဇာလန် ဝါရင့်ဂိုးသမားကြီးဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး အင်တာမီလန်နဲ့ ဆွေးနွေးလျက် ရှိပါတယ်။ ဘေယန်မြူးနစ် ကလည်း ဂိုးသမား နေရာ အတွက် ဒေးဗစ် ဒဟဲယား၊ ဒေးဗစ် ရာယာ တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေက ဆိုပါတယ်။

ယန်း ဆွမ်မားဟာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင် နံပါတ် (၁) ဂိုးသမား နေရာကို ရရှိမှာ ဖြစ်ပြီး အသင်းပြောင်းဖို့ ဆွေးနွေးနေကြောင်း၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဘေယန်မြူးနစ် တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားကြောင်း ပြောကြားသွားခဲ့ပါတယ်။


ဘေယန်မြူးနစ် ကနေ ထွက်ခွာခဲ့ရတာက နာကျင်စရာ ကောင်းကြောင်း မာနေးပြော

မာနေးဟာ ဘွန်ဒက်စ်လီဂါမှာ ကစားသမားဘဝကို တစ်ရာသီသာ ဖြတ်သန်းခဲ့ပြီး အသင်း၊ ပရိသတ်တွေနဲ့ အကြား အဆင်မပြေမှုတွေနဲ့ အတူ အခုလိုမျိုး လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကနေ ထွက်ခွာခဲ့ရတာက နာကျင်စရာ ကောင်းတယ် ဆိုတဲ့ မာနေး

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ် ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့တော့မယ့် ဆာဒီယို မာနေးက အသင်း ကနေ ဒီလိုမျိုး ထွက်ခွာခဲ့ရတာက နာကျင်စရာကောင်းကြောင်း ဖွင့်ဟလိုက်ပါတယ်။

အဆိုပါ ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာကို ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်း၊ တစ်ပတ် လုပ်ခ ပေါင် (၆) သိန်းခွဲနဲ့ ပြောင်းရွှေ့တော့မှာပါ။ မာနေးဟာ ဘွန်ဒက်စ်လီဂါမှာ ကစားသမားဘဝကို တစ်ရာသီသာ ဖြတ်သန်းခဲ့ပြီး အသင်း၊ ပရိသတ်တွေနဲ့ အကြား အဆင်မပြေမှုတွေနဲ့ အတူ အခုလိုမျိုး လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း မာနေးက ဘေယန်မြူးနစ်ကို စွန့်ခွာရတာက နာကျင်ရကြောင်း၊ မတူညီတဲ့ လမ်းခွဲမျိုးကို မျှော်လင့်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရာသီမှာ အသင်းကို ကူညီနိုင်ခဲ့သင့်ပြီး ပိုမို တိုးတက်နိုင်ခဲ့ကြောင်း၊ ဘာပဲဖြစ်ဖြစ် အသင်းနဲ့ ပရိသတ်တွေ အတွက် အနာဂတ်မှာ အကောင်းဆုံး ဖြစ်ဖို့ ဆုတောင်းပေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်