နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန် ဘီလူး ကနေ ဂျာမန် မှင်စာ ဘဝ ရောက်နေတဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

လေဗာကူဆင် – ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ဘေယန်မြူးနစ် ကတော့ မနေ့ညက ဘိုချမ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ၃-၂ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပြန်ပါတယ်။ ဘေယန်ဟာ လာဇီယိုကို ချန်ပီယံလိဂ်မှာ ရှုံးခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ မှာပါ နှစ်ပွဲဆက် ရှုံးခဲ့တာ ဖြစ်ပြီး ရာသီကုန်မှာ ဖလား လက်မဲ့ ဖြစ်ဖို့ ရာခိုင်နှုန်း များလာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ဒီနေ့ပွဲမှာ ဘိုချမ်က ရိုင်းမန်း၊ အော်ဒတ်စ်၊ ရှလော့တာဘက်ခ်၊ ဘာနာဒို၊ အိုရာမန်း၊ မာဆိုဗစ်၊ လိုဆီလာ၊ စတိုဂါ၊ အာဆာနို၊ အက်ဒ်ဂျ်၊ ဘရိုဆင်းစကီး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ နော်အာ၊ ကင်မင်ဂျေး၊ ဒီလစ်ဂျ်၊ မက်ဇ်ရာရူအီ၊ ဂွာရဲရိုး၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ ချူပိုမော့တင်း၊ မူဆီအာလာ၊ မူလာ၊ ကိန်း တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဘိုချမ် ကတော့ တပ်ပျက်နေတဲ့ ဘေယန်မြူးနစ်နဲ့ အတွေ့မှပဲ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီးတော့ ရမှတ် ၂၅ မှတ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အဆင့် ၁၁ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ်

တကယ်တော့ ဒီပွဲမှာ ဘေယန်မြူးနစ်က ဘိုချမ်ကို ခြေစွမ်းပိုင်း အသာနဲ့ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း စောစောစီးစီး သွင်းနိုင်ခဲ့ပါတယ်။ မူစီယာလာက လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် ဘိုချမ် ဘက်က အာဆာနိုနဲ့ ရှလော့တာဘက်ခ်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဘေယန်မြူးနစ်တို့ ၂-၁ နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း‌ ဘေယန်မြူးနစ်တို့ ချေပဂိုး ရရှိရေး အတွက် တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲချိန် ၇၈ မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် ဘေယန်တို့ ပိုပြီးခက်ခဲသွားခဲ့ပါတယ်။ အဲ့နောက်မှာ ဘေယန်တို့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးကြောင့် ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပေမယ့် သရေကျအောင်တောင် မစွမ်းဆောင်နိုင်ခဲ့လို့ ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း အနည်းဆုံး ဆုဖလား တစ်လုံးတော့ အရယူနိုင်လေ့ ရှိတဲ့ ဘေယန်မြူးနစ်ဟာ သောမက်စ် တူချယ် လက်ထက်မှာ ဂျာမန် ဘီလူး ကနေ ဂျာမန် မှင်စာ ဘဝကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။‌ ဘေယန်မြူးနစ်က ပြီးခဲ့တဲ့ ပွဲမှာလည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ လေဗာကူဆင်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို ဘိုချမ်လို အသင်းကို ဦးဆောင်ဂိုး သွင်းပြီးမှ ရှုံးနိမ့်ခဲ့တာ ကတော့ စိတ်ပျက်စရာပါ။ ဒါ့အပြင် နောက်ခံလူ အူပါမီကာနို ကလည်း ဒုတိယပိုင်းမှ လူစားဝင်ခဲ့ပေမယ့် သူ့ကြောင့် ပင်နယ်တီ ပေးခဲ့ရသလို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဘေယန် အတွက် ပိုပြီး ရှုံးချက်နာခဲ့ရပါတယ်။ အူပါမီကာနိုဟာ လာဇီယိုကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် မှာလည်း အနီကတ် ထိခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်
လီဗာပူးလ်
လုတန် တောင်း
1X2 သရေ (Draw) @ 6.60
ဂိုးပေါ် 3.75 @ 2.02
ဂိုးပေါင်း 2-3 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ဟာ အခု ရှုံးပွဲကြောင့် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လေဗာကူဆင်နဲ့ ၈ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ကျန် (၁၀) ပွဲကျော်ပဲ ကျန်ရှိတော့တဲ့ အချိန်မှာ အခုလို ရမှတ်ကွာဟချက် မြင့်မားသွားခဲ့ခြင်းကြောင့် ဘေယန်မြူးနစ်တို့ ဖလားလက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရဖို့ ရာခိုင်နှုန်း များသွားခဲ့ပါတယ်။ ဒီကြားထဲ ပြောစရာ ဖြစ်သွားတာက စပါးနဲ့ အတူ ဆုဖလား ကျိန်စာသင့်နေတဲ့ ကိန်းနဲ့ ဒိုင်ယာတို့ ရောက်ရှိလာချိန်နဲ့ ဘေယန်တို့ ခြေကျတဲ့ အချိန် တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၁၁ ကြိမ်ဆက် ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။

နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဘိုချမ် ကတော့ တပ်ပျက်နေတဲ့ ဘေယန်မြူးနစ်နဲ့ အတွေ့မှပဲ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီးတော့ ရမှတ် ၂၅ မှတ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အဆင့် ၁၁ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘိုချမ်က လာမယ့် စနေနေ့မှာ မိုချန်ဂလာဘတ်နဲ့ ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ တနင်္ဂနွေမှာ လိုက်ပ်ဇစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်