နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ပထမဦးဆုံးဥရောပ ရွှေဖိနပ်ဆုရရှိခဲ့ပြီးBallon D’ Or ဆုအတွက်ပါ ရေပန်းစားမှုမြင့်တက်လာတဲ့ လီ၀မ်ဒေါစကီး

ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးရောဘတ် လီဝမ်ဒေါစကီးဟာသူ့ရဲ့ကစားသမားဘဝပထမဦးဆုံးဥရောပရွှေဖိနပ်ဆုကိုဒီကနေ့မှာပဲဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ လီ၀မ်ဒေါစကီး အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon D’ Or) ရရှိဖို့ပါ ရေပန်းစားလာခဲ့တယ်လို့ သိရပါတယ်။

လီဝမ်ဒေါစကီးဟာပြီးခဲ့တဲ့ဘောလုံးရာသီဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါ ပြိုင်ပွဲတစ်ခုထဲမှာတင်ပဲ၄၁ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့်ရမှတ်ပေါင်း၈၂မှတ်နဲ့ဥရောပ ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။လီ၀မ်ဒေါစကီး အနေနဲ့ မက်ဆီ၊ ရော်နယ်ဒို၊ မိုဟာမက် ဆာလာတို့ကိုအပြတ်အသတ် အသာရပြီး ၂၀၂၁ ခုနှစ် ဘောလုံးရာသီဥရောပရဲ့ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားဖြစ်ခဲ့တာပါ။တဆက်တည်းမှာပဲ ၂၀၂၁ ခုနှစ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားတွေကိုဖော်ပြရမယ် ဆိုရင်…

၁။ ရောဘတ် လီ၀မ်ဒေါစကီး (၄၁ဂိုး)

၂။ လီယွန်နယ် မက်ဆီ (၃၀ဂိုး)

၃။ ခရစ္စတီယာနိုရော်နယ်ဒို (၂၉ဂိုး)

၄။ မိုဟာမက် ဆာလာ (၂၈ဂိုး)

၅။ ကီလီယန် အန်ဘာပေး (၂၇ဂိုး)

၆။ အာလင်းဟာလန်း (၂၇ဂိုး)

၇။ လူး၀စ်ဆွာရက်ဇ် (၂၆ဂိုး)

၈။ ရိုမယ်လူလူကာကူ (၂၄ဂိုး)

၉။ ဂျရတ်မိုရီနို (၂၃ဂိုး)

၁၀။ ဟယ်ရီကိန်း (၂၃ ဂိုး)

 
၂၀၀၀ ခုနှစ် နောက်ပိုင်းဥရောပ ရွှေဖိနပ်ဆုကိုအများဆုံးရရှိခဲ့တဲ့ ကစားသမားကတော့ ဘာစီလိုနာကစားသမားဟောင်း(လက်ရှိပီအက်စ်ဂျီတိုက်စစ်မှူး) လီယွန်နယ် မက်ဆီဖြစ်ပြီးဒုတိယအများဆုံးရရှိခဲ့သူကတော့ ခရစ္စတီယာ‌နိုရော်နယ်ဒိုဖြစ်ပါတယ်။မက်ဆီဟာ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ် တွေမှာ ၆ ကြိမ်အထိရရှိခဲ့ပြီးရော်နယ်ဒိုကတော့ ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာဥရောပ ရွှေဖိနပ်ဆုတွေအသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ ပြီးရင်တောင် သီဟာရီအွန်နရီ၊ ဖော်လန်၊ လူး၀စ် ဆွာရင်ဇ် တို့က ၂ ကြိမ်စီရရှိထားခဲ့ပါတယ်။ ဖီးလစ်၊ ဟင်းနရစ် လာဆင်၊ ဂျာဒယ်၊ မက်ကေး၊ တိုနီ၊ တော့တီ၊ အင်မိုဘီလီနဲ့ ရောဘတ် လီ၀မ်ဒေါစကီး တို့ကတော့ ဥရောပ ရွှေဖိနပ်ဆုကိုတစ်ကြိမ်စီပိုင်ဆိုင်ခဲ့သူတွေဖြစ်ပါတယ်။

အခုနှစ်ဘောလုံးရာသီမှာလည်းလီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်၅ပွဲပါဝင်ကစားထားရာသွင်းဂိုး၇ဂိုးအထိသွင်းယူထားနိုင်တာကြောင့်ရွှေဖိနပ်ဆုရရှိဖို့ရေပန်းအစားဆုံးစာရင်းမှာထိပ်ဆုံးကဦးဆောင်နေခဲ့ပါတယ်။ ဒါ့အပြင် လီ၀မ်ဒေါစကီးဟာ ၂၀၂၁ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရှိဖို့ မက်ဆီနဲ့ အပြိုင် ရေပန်းစားနေတယ်လို့ သတင်းတွေမှာဖော်ပြနေတာတွေ့ရပါတယ်။ လီ၀မ်ဒေါစကီးရဲ့  ၂၀၂၁ ခုနှစ် အတွင်းစွမ်းဆောင်ရည်ကိုပြန်ကြည့်မယ် ဆိုရင်တော့ သွင်းဂိုး ၄၈ ဂိုး၊ ဖန်တီးမှု ၇ကြိမ်၊ ဘွန်ဒက်စ်လီဂါဖလား၊ ကလပ် ကမ္ဘာ့ဖလား၊ ဂျာမန် စူပါဖလားတို့ကိုရရှိထားခဲ့ပါတယ်။

လီဝီဟာမနှစ်ထဲကBallon D’ Or ဆုရရှိနိုင်ချေအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးကရေပန်းစားခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါကြောင့် ပွဲပျက်ခဲ့မှုနဲ့ အတူကမ္ဘ့အကောင်းဆုံးဘောလုံးသမားဆုနဲ့  ကံဆိုးစွာလွဲချော်ထားခဲ့သူဖြစ်ပါတယ်။ Goal.com ရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ ၂၀၂၁ ခုနှစ် Ballon D’Or ဆုအတွက် ရေပန်းအစားဆုံးကစားသမားစာရင်းကိုကြည့်မယ် ဆိုရင်…

အခုနှစ် ဘောလုံးရာသီမှာလည်းလီဝမ်ဒေါစကီးဟာဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ ပွဲပါဝင်ကစားထားရာသွင်းဂိုး ၇ဂိုး အထိသွင်းယူထားနိုင်တာကြောင့် ရွှေဖိနပ်ဆုရရှိဖို့ ရေပန်းအစားဆုံးစာရင်းမှာထိပ်ဆုံးကဦးဆောင်နေခဲ့ပါတယ်။အခုနှစ် ဘောလုံးရာသီမှာလည်းလီဝမ်ဒေါစကီးဟာဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ ပွဲပါဝင်ကစားထားရာသွင်းဂိုး ၇ဂိုး အထိသွင်းယူထားနိုင်တာကြောင့် ရွှေဖိနပ်ဆုရရှိဖို့ ရေပန်းအစားဆုံးစာရင်းမှာထိပ်ဆုံးကဦးဆောင်နေခဲ့ပါတယ်။
ရွှေဖိနပ်ဆုရရှိပြီးနောက် ရွှေဘောလုံးဆုအတွက်ပါ ရေပန်းစားလာတဲ့ ‌ရောဘတ်လီ၀မ်ဒေါစကီး

၁။ လီယွန်နယ် မက်ဆီ

၂။ရောဘတ် လီ၀မ်ဒေါစကီး

၃။ ဂျော်ဂျင်ဟို

၄။ အန်ဂိုလိုကန်တေ၊

၅။ ရိုမယ်လူလူကာကူ

၆။ အာလင်းဟာလန်း

၇။ ကီလီယန် အန်ဘာပေး

၈။ ခရစ္စတီယာနိုရော်နယ်ဒို

၉။ ကီဗင် ဒီဘရိုင်းနား

၁၀။ ကာရင်မ် ဘန်ဇီမားတို့ အစဉ်လိုက် ရပ်တည်နေတာတွေ့ရပါတယ်။

 

ကျိန်းသေတာကတော့ ၂၀၂၁ ခုနှစ်ရဲ့ Ballon D’Or ဆုပိုင်ရှင် ဘယ်သူဖြစ်မလဲဆိုတာအခုလာမယ့် ဒီဇင်ဘာလရောက်မှ အဖြေထွက်မှာဖြစ်ပါတယ်။ ဒီကြားကာလမှာကလပ်အသင်းပွဲစဉ်တွေအပြင် နိုင်ငံတကာပြိုင်ပွဲတွေကစားရဦးမှာဖြစ်လို့ အထက်မှာဖော်ပြခဲ့သူအများစုမှာအခွင့်အရေးကိုယ်စီရှိနေကြဆဲဖြစ်ပါတယ်။ အပွင့်လင်းဆုံး ၀န်ခံရရင် စာရေးသူကတော့ မက်ဆီထက် လီ၀မ်ဒေါစကီးကို ရစေချင်မိတာအမှန်ပါပဲ။ ဒါဆို SBOTOP ပရိသတ်တွေအနေနဲ့ရော ၂၀၂၁ ခုနှစ် အတွက် Ballon D’ Or ဆုကိုဘယ်သူရသွားမယ်လို့ ထင်ပါသလဲ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်