နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ ဒေါ့မန်ကို အလဲထိုးခဲ့ပြန်တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၄ – ၂ ဒေါ့မန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အကောင်းဆုံး ပွဲစဉ်(သို့မဟုတ်) ဂျာမန်ကလက်စီကို မှာ ဘေယန်မြူးနစ်တို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘေယန်မြူးနစ်က ၄-၂ ရလဒ်နဲ့ ခြေစွမ်းပြပြီး အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒေါ့မန်ကတော့ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

အခုပွဲဟာ နှစ်သင်းစလုံးရဲ့ ရည်မှန်းချက် ကိုယ်စီကြောင့် အနိုင် ၃ မှတ် အတွက် အားစိုက်ကစားခဲ့ကြပြီး တိုက်စစ်အသားပေးကစားတဲ့ အသင်းတွေ ဖြစ်လို့ ပွဲကတော်တော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် တိုက်စစ်မှူး အာလင်းဘရွတ်ဟာလန်းရဲ့ အားပါတဲ့ ကန်ချက်ကနေ ဘေယန်မြူးနစ် နောက်တန်းက ဘိုတန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့လို့ ဒေါ့မန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက် အထလေးနေသေးတဲ့ ဘိုင်ယန်ခံစစ်ကို ဒေါ့မွန်တို့ ထပ်မံ ထိုးနှက်နိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ် အကျော်မှာတင် သော်ဂန်ဟာဇက်ရဲ့ ပေးပို့မှုကို ဟာလန်းက အပိုင်ပိတ်ကာ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ပြန်ပါတယ်။ ဒါ့ကြောင့်မလို့ ဒေါ့မွန်အနေနဲ့ ၁၀ မိနစ် မပြည့်သေးခင်မှာတင် နှစ်ဂိုးပြတ်နဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ နှစ်ဂိုးပေးလိုက်ရပြီးချိန်မှာတင် ဘေယန်အနေနဲ့ တည်ငြိမ်မှုအပြည့်နဲ့ ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့ပြီး ဒေါ့မန်ကို အသာစီးရယူကစားလာနိုင်ခဲ့ပါတယ်။ ၂၆မိနစ်အရောက်မှာ ဆာနေးရဲ့ ထိုးဖောက်ပံ့ပိုးပေးမှုကနေ လီဝန်ဒေါစကီး အသာအယာပိတ်သွင်းခဲ့ကာ ပထမချေပဂိုး၊ (၄၄) မိနစ်မှာ ကိုးမန်းကို တားဆီးရာမှ တဆင့် VAR ပြန်ကြည့်ပြီး ရခဲ့တဲ့ ပယ်နယ်တီမှ တဆင့် လီဝန်ဒေါစကီးကပဲ ဒုတိယချေပဂိုးကို ရယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ (၂-၂) ရလဒ် ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာလင်း ဟာလန်း ဒဏ်ရာရရှိခဲ့ကာ လူစားလဲခဲ့ရတာကြောင့် ဒေါ့မန်တို့ တိုက်စစ်အားပျော့ခဲ့ပြီး ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ တို့ရဲ့ ကွင်းလယ်အားကလည်း ဒေါ့မန်ကို တစ်ခြမ်းလုံး ဖိပြီး ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အနိုင်ဂိုးတွေကို ပွဲချိန် ၈၇ မိနစ်အကျော်မှာ ဘိုင်ယန်တိုက်စစ်ကို တားဆီးရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာအတွင်း ဂိုရက်ဇ်ကာရဲ့ volley ကန်ချက်ကြောင့် တတိယဂိုးရရှိခဲ့ပါတယ်။ တစ်မိနစ်အကျော်မှာ လီဝန်ဒေါစကီးအတွက် ဟက်ထရစ်ဖြစ်စေမယ့် လှပသေသပ်တဲ့ ကန်ချက်တို့နဲ့အတူ (၄-၂) နဲ့ ပွဲသိမ်းပြီး ဘိုင်ယန်တို့ နိုင်ပွဲရခဲ့ပါတော့တယ်။
 

ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ်တို့ အခုနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ဒေါ့မန်ကတော့ အဆင့် ၄ နေရာနဲ့ ၃ မှတ်အကွာ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဒေါ့မန်

ဘေယန်မြူးနစ်တို့  အခုပွဲမှာ ဦးဆောင်ဂိုးတွေ စောစောစီးစီး ပေးခဲ့ရတယ်ဆိုပေမယ့် ပွဲအပြီးမှာ လိုအပ်နေတဲ့ အနိုင် ၃ မှတ်အတွက် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးကတော့ အခုရာသီမှာ ပြိုင်ပွဲစုံ ၂၃ ပွဲကစားပြီး ၃၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဘွန်ဒက်စ်လီဂါ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား စာရင်းမှာလည်း ထိပ်ဆုံးက ရပ်တည်နေခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ အခုနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ဒေါ့မန်ကတော့ အဆင့် ၄ နေရာနဲ့ ၃ မှတ်အကွာ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့်ရက်မှာ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရဖို့ မရှိနေပြီး ဒေါ့မန်ကတော့ ဆီဗီလာနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်