နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွာနေတဲ့ ဘင်ဖီကာကို ပေါ်တူဂီမြေမှာ သွားပြီး ဆုံးမခဲ့ပြန်တဲ့ ဘေယန်မြူးနစ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘင်ဖီကာ ၀ – ၄ ဘေယန်မြူးနစ်

ဟန်ဆီဖလစ်ခ် အလွန် ဂျူလီယန် နေဂဲလ်စ်မန်း လက်အောက်မှာ ပွဲစဉ်တိုင်းကို အလွယ်ကူဆုံး ဖြတ်သန်းနေတဲ့ ဘေယန်မြူးနစ်တို့ အခုပွဲ မှာလည်း ခြေစွာနေတဲ့ ဘင်ဖီကာကို ပေါ်တူဂီမြေ အထိ သွားပြီး ဂိုးပြတ် ဆုံးမ နိုင်ခဲ့ပြန်ပါတယ်။ ဘေယန်မြူးနစ်တို့ ထုံးစံ အတိုင်း ရောဘတ်လီဝမ်ဒေါစကီး၊ ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် မှာ ၃ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ရဂိုး ၁၂ ဂိုး ပေးဂိုး မရှိနဲ့ အုပ်စု (E) ကို ဆက်လက် ဦးဆောင်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဘင်ဖီကာ ကတော့ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ်စလုံး အသာရခဲ့ခြင်း မရှိပဲ ဒီရာသီ အတွက် ဥရောပပြိုင်ပွဲ အရှုံးရလဒ်နဲ့ ပထမဦးဆုံး ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (E) ရဲ့ အုပ်စု ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တဲ့ ဘင်ဖီကာ

အိမ်ရှင် ဘင်ဖီကာ ဘက်က ဆက်ဖာရိုဗစ်၊ လဇာရို တို့က လွဲလို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပေမယ့် အဲလ်ဖွန်ဆို ဒေးဗီးစ်၊ လီယွန် ဂိုရက်ဇ်ကာတို့ မပါပဲ လာရောက် ရင်ဆိုင်ခဲ့တဲ့ ဘေယန်မြူးနစ်ကို အဘက်ဘက်က လုံးဝ မယှဉ်နိုင်ပဲ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအစ ၅ မိနစ် လောက် ကတည်းက ဘေယန်မြူးနစ်တို့ ဘင်ဖီကာ ဘက်ကို အသာစီးနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး လီဝမ်ဒေါစကီး၊ တောင်ပံက ဆာနေးနဲ့ ကိုမန် တို့ရဲ့ မွှေနောက်မှုတွေကို အော့တာမန်ဒီ၊ ဗာတွန်ဂန်၊ ဗာရစ်ဆီမို တို့ အသည်းအသန် ထိန်းချုပ်နေခဲ့ရပါတယ်။ ပွဲကစားချိန် ၄၃ မိနစ် မှာတော့ ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး ရဖို့ အခွင့်အရေး ပေါ်လာခဲ့ပေမယ့် VAR က ပြစ်ဒဏ်ဘော အဖြစ်သာ သတ်မှတ်ပေးခဲ့တာကြောင့် ဧည့်သည် အသင်း နစ်နာခဲ့ရပါတယ်။ ပထမပိုင်း အပြီး ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့တဲ့ အတွက် နေဂဲလ်စ်မန်း အနေနဲ့ ဒုတိယပိုင်းမှာ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိဖို့ ကစားကွက် အပြောင်းအလဲတွေ စတင် ပြုလုပ်လာခဲ့ပေမယ့် ပွဲချိန် ၅၂ မိနစ် မှာလည်း သောမက်စ်မူလာရဲ့ သွင်းဂိုးဟာ VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ်ပဲ သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။ အဲ့နောက် ပွဲချိန် ၆၆ မိနစ်မှာ နောက်ခံအစွန်လူ ပါဗက် နေရာမှာ ဆာ့ဂျ် ဂနာဘရီ ဝင်ရောက်လာခဲ့လို့ ဘေယန် တိုက်စစ်နဲ့ တောင်ပံက ပိုပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ ဘင်ဖီကာ တစ်သင်းလုံး ဘေယန်မြူးနစ်ရဲ့ ကစားကွက် အောက်ကို လုံးဝ ရောက်ရှိသွားခဲ့ပြီး မိနစ် ၇၀ မှာ ဆာနေး၊ ၇၇ မိနစ်မှာ ဘင်ဖီကာရဲ့ လူစားဝင် ကစားသမား အဲဗာတန်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့လို့ ဧည့်သည်တို့ ဦးဆောင်ဂိုးတွေ စတင် ရရှိခဲ့ပါတယ်။ အဲ့နောက် ၈၂ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ ရောဘတ် လီဝမ်ဒေါစကီးနဲ့ ဆာနေး တို့က ၂ ဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ ၀-၄ ရလဒ်နဲ့ ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ် ဂိုးပြတ် နိုင်ပွဲ ဆက်ခဲ့သွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ်တို့ ဘာ့ကြောင့် ဂိုးပြတ် နိုင်ပွဲတွေ ဆက်နေခဲ့ရသလဲ ဆိုတာ အရင် ပွဲတွေ မှာထဲက သုံးသပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုပွဲ အပြီးမှာ ထပ်ပြီး ပြောချင်တာက ဒီကစားသမားတွေနဲ့ ရှေ့ဆက်နေသမျှ ကာလပတ်လုံး ဘေယန်မြူးနစ်တို့ နိုင်ပွဲတွေ အလွယ်တကူ ရနေဦးမှာ ဖြစ်သလို ဆုဖလား အောင်မြင်မှုတွေ ကလည်း ဘယ်လိုမှ ပြေးလွတ်စရာ မရှိပါဘူး။ ဟန်ဆီဖလစ်ခ် လိုပဲ ဂျူလီယန်နေဂဲလ်စ်မန်း ဟာ မော်ဒန်ခေတ် ဘောလုံး လောကရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်တဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး အားကစားသိပ္ပံ ပညာရပ်ကိုမှ အမ်ဘီအေ ရထားတဲ့သူ ဖြစ်နေတော့ ဘေယန်မြူးနစ်ရဲ့ အနာဂတ် အတွက် ကတော့ နောက်ထပ် ၁၀ စုနှစ် တစ်ခု လောက်အထိ ဘယ်လိုနေနေ စိတ်ပူစရာ မရှိနိုင်‌တော့ပါဘူး။ ဘောလုံးမှာ အမြဲတမ်း အနိုင်ရနေဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့် လက်ရှိ လူစာရင်းနဲ့သာ သေချာ အာရုံစိုက်နိုင်ရင်တော့ ဘေယန်မြူးနစ် သို့မဟုတ် ဂျာမန် ဘီလူးကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အတူ ပြိုင်ဘက် တော်တော်များများကို သက်တောင့် သက်သာ ကျော်ဖြတ်နိုင်နေဦးမှာ အသေချာပါပဲ။

ဘေယန်မြူးနစ်တို့ လက်ရှိ မှာတော့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲ ၂၀ ဆက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး သွင်းဂိုး အနေနဲ့လည်း စုစုပေါင်း ၅၈ ဂိုးအထိ ရရှိခဲ့ပါတယ်။ ဘင်ဖီကာ ကတော့ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ်စလုံး အသာရခဲ့ခြင်း မရှိပဲ ဒီရာသီ အတွက် ဥရောပပြိုင်ပွဲ အရှုံးရလဒ်နဲ့ ပထမဦးဆုံး ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘင်ဖီကာတို့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဗီဆယ်လာရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဟော့ဖန်ဟိမ်းကို အိမ်ကွင်းမှာ ဧည်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်