နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူကရိန်းကို အနိုင်ကစားပြီး ပထမဦးဆုံးအကြိမ် ယူရို ရှုံးထွက်တက်သွားတဲ့ ဩစတြီးယား – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ယူကရိန်း ၀ – ၁ ဩစတြီးယား

(ခရစ္စတိုဖာ ဘမ်ဂါ့တ်နာ ၂၁’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု(C) ရဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ဩစတြီးယားတို့ ဘမ်ဂါ့တ်နာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ယူကရိန်းကို အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ ဩစတြီးယားတို့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ နယ်သာလန်ရဲ့ အနောက်ကနေ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ 

ဒီနေ့ပွဲမှာ ဩစတြီးယားတို့ သရေကစားနိုင်ရုံနဲ့ အဆင့် ၂ နေရာ ကျိန်းသေပေါက်ရမှာ ဖြစ်ပေမယ့် ယူကရိန်း ကတော့ အနိုင်ရမှကို ဖြစ်မယ်ဆိုတဲ့ ဖိအားအပြည့်နဲ့ ဩစတြီးယားကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အန်ဒရီ ရှက်ဗ်ချန်ကို အနေနဲ့‌ မြောက်မက်ဆီဒိုးနီးယားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်း အတိုင်းနီးပါး ပြန်လည် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ စတီဖင်နန်ကို အစား ဆိုင်ဒိုချက်ခ် ပါဝင်လာခဲ့ပါတယ်။ ဖရန်ကိုဖိုဒါရဲ့ ဩစတြီးယား အသင်းမှာလည်း ကွင်းလယ်က ဂရေးလ်စတစ်နဲ့ ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာတဲ့ တိုက်စစ်မှူး အာနူတိုဗစ် ပွဲထွက်လာခဲ့တာက လွဲရင် အရင်ပွဲ လူစာရင်း အတိုင်းပါပဲ။ ဒီနေ့ပွဲမှာ ယူကရိန်းကို ပိုကောင်းတဲ့ အသင်းအဖြစ် သတ်မှတ်ထားကြပေမယ့် ပြိုင်ပွဲတစ်လျှောက် အညံ့ဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရပါတယ်။ နယ်သာလန်နဲ့ပွဲမှာ ကောင်း-ရှုံးကြီး ဖြစ်ခဲ့ပေမယ့် မြောက်မက်ဆီဒိုးနီးယားနဲ့ ပွဲမှာ နိုင်ပွဲရခဲ့တဲ့ ယူကရိန်းတို့ အုပ်စု ဒုတိယ နေရာဟာ ကျိန်သေးပေါက် ရနိုင်တယ်ဆိုပြီး တော်တော်များများက ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ကစားပုံက စိတ်ပျက်စရာ ကောင်းလွန်းခဲ့သလို ဘောလုံး အပေးအယူ ကအစ ရှေ့ပွဲစဉ် နှစ်ပွဲနဲ့ ဘာမှမဆိုင်တဲ့ အထိ ရုပ်ပေါက်ခဲ့ပါတယ်။ တိုက်စစ်က ဇောင်းကြွနေခဲ့တဲ့ ယာရမ်ချက်ခ်၊ ယာမိုလန်ကို၊ ဒီနေ့ပွဲမှာ ဩစတြီးယားက ဖလော်ရီယန် ဂရေးလ်စတစ်၊ ရှလက်ဂါ၊ ဒရာဂိုဗစ်၊ ဟင်တာရက်ဂါ၊ အလာဘာ တို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ခြေစွမ်းလုံးဝ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့မှ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာကို ကြည့်ရင် ယူကရိန်း ခြေစွမ်း ဘယ်လောက်အထိ ဆိုးခဲ့သလဲ သိနိုင်ပါတယ်။ တကယ်တော့ ဩစတြီးယားက ခြေစွမ်း အရမ်းကောင်းခဲ့လို့ မဟုတ်ပဲ တစ်မူးပိုသာသွားလို့ အဖိုးတန် နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဩစတြီးယား အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဘမ်ဂါ့တ်နာက အလာဘာရဲ့ ထောင့်ကန်ဘော ကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 
 

 
ယူရိုပြိုင်ပွဲကို ၃ ကြိမ်မြောက် အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့  ဩစတြီးယားတို့ ယူရို ၂၀၂၀ မှာတော့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရှုံးထွက်တက်ခဲ့တာ ဖြစ်ပြီး အလာဘာ ဦးဆောင်တဲ့ အနာတိုဗစ်၊ လိုင်မာ၊ ဆဘစ်ဇာ၊ ဒရာဂိုဗစ်၊ လိန်နာ၊ ဘက်ချ်မန်း တို့ရဲ့ အားထုတ်မှု ကတော့ နောက်တစ်ဆင့်နဲ့ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ယူကရိန်း ကတော့ အကောင်းဆုံး တတိယအသင်း အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်တက်နိုင်ဖို့ ရင်တမမနဲ့ စောင့်ဆိုင်း ရတော့မှာလည်း ဖြစ်ပါတယ်။
 

ကြယ်ပွင့်ကစားသမား – ဖလော်ရီယန် ဂရေးလ်လစ်

(စာရေးသူ စိတ်ကြိုက်ကစားသမား –  ဖလော်ရီယန် ဂရေးလ်လစ်)

ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ယူကရိန်း ကတော့ အကောင်းဆုံး တတိယအသင်း အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်တက်နိုင်ဖို့ ရင်တမမနဲ့ စောင့်ဆိုင်းရတော့မှာလည်း ဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှာ သရေကျခဲ့ဘူးခြင်း မရှိသေးတဲ့ ယူကရိန်း

ယူအီးအက်ဖ်အေ ကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု(ကြယ်ပွင့်ကစားသမားဆု)ကိုတော့ ဩစတြီးယား ကွင်းလယ်က ဖလော်ရီယန် ဂရေးလ်လစ်ကို သတ်မှတ်ပေးခဲ့ပါတယ်။ ဂရေးလ်လစ်ဟာ ဒီနေ့ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးရာမှာ အဓိက အရေးပါခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းရဲ့ ဟန်ချက်ကို တစ်ပွဲလုံး အကောင်းဆုံး ထိန်းကြောင်းသွားနိုင်ခဲ့သူ ဖြစ်ပါတယ်။ တိုက်စစ် အတွက် ဘောလုံးဖြန့်ဝေမှု၊ တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ အပြင် ဘောလုံး ရှင်းထုတ်မှု၊ တားဆီးမှုတွေလည်း အကောင်းဆုံး ပြုလုပ်သွားပြီး ခံစစ်ကို အကောင်းဆုံး ပံ့ပိုးသွားနိုင်ခဲ့သူ ဖြစ်ပါတယ်၊
 

ပွဲပြီးအချက်အလက်များ

  • ဩစတြီးယားတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၃ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အခုပြိုင်ပွဲမှ ပထမဦးဆုံးအကြိမ် ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 
  • ဩစတြီးယားတို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲ ကစားထားခဲ့ရာမှာ ၂ ပွဲနိုင်၊ ၇ ပွဲရှုံးပြီး သရေပွဲ လုံးဝမရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ 
  • ဩစတြီးယားတို့ ပြီးခဲ့တဲ့ ယူရို ၂၀၀၈နဲ့ ယူရို ၂၀၁၆ တို့မှာ သွင်းဂိုး ၁ ဂိုးစီသာ ရရှိခဲ့ပေမယ့် လက်ရှိ ယူရို ၂၀၂၀ မှာတော့ သွင်းဂိုး ၄ ဂိုး အထိ ရရှိခဲ့ပါတယ်။ 
  • ယူကရိန်း ကတော့ သူတို့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ပေးဂိုး ၁ ဂိုး ရှိခဲ့ပါတယ်။
  • ဩစတြီးယားတို့ရဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲမှာ အခုပွဲမှ ပထမဦးဆုံး အကြိမ် ပထမပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  
  • ဩစတြီးယားတို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ 

အုပ်စု ဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားတဲ့ ဩစတြီးယားတို့ အုပ်စု(A)က အီတလီနဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ဝင်ဘလေမှာ ကစားရမှာ ဖြစ်ပါတယ်။ ယူကရိန်းတို့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ ရှုံးထွက်အဆင့် တက်ရောက် ခွင့်ရနိုင်/မရနိုင် ဆိုတာကတော့ အုပ်စု နောက်ဆုံးပွဲစဉ် အားလုံး ကစားပြီးမှ သိရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်