နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန္တာ နိုင်ပွဲ စတင် ယူမယ့်ပွဲ | အတ္တလန္တာ – ယန်းဘွိုင်းစ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – ယန်းဘွိုင်းစ်

မနက်ဖြန်ည၁၁:၁၅နာရီမှာတော့ချန်ပီယံလိဂ်အုပ်စု (F) ကအတ္တလန္တာနဲ့ယန်းဘွိုင်းစ်တို့ယှဉ်ပြိုင်ကစားဖို့ရှိနေပြီးနာမည်ကြီးအသင်း‌တွေမဟုတ်ပေမယ့်လည်းစိတ်၀င်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။

အတ္တလန္တာဟာအခုနှစ်ဘောလုံးရာသီမှာခြေစွမ်းပိုင်းတည်ငြိမ်ဖို့ရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်။လက်ရှိအချိန်ထိပြိုင်ပွဲစုံ၇ပွဲမှာရှုံးပွဲ၁ပွဲပဲရှိသေးပေမယ့်သရေ၃ပွဲ၊နိုင်ပွဲ၂ပွဲဆိုတာကတော့အားရစရာကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။စီးရီးအေမှာတိုရီနို၊ဆလာနီတာနာ၊ဆာဆွယ်လိုတို့ကိုနိုင်၊ဘိုလော့ဂ်နာနဲ့၊အင်တာမီလန်တို့နဲ့သရေ၊ဖီအိုရင်တီးနားကိုတော့အိမ်ကွင်းမှာရှုံးပြီးလက်ရှိအမှတ်ပေးဇယားထိပ်ဆုံးကနာပိုလီနဲ့၇မှတ်အကွာအဆင့်၇နေရာမှာရပ်တည်နေပါတယ်။ချန်ပီယံလိဂ် အဖွင့်ပွဲမှာတော့ဂိုဆန်စ်ရဲ့နောက်ကျဂိုးကြောင့်ဗီလာရီးရဲယ်နဲ့၂ဂိုးစီသရေကျပြီးရမှတ်၁မှတ်နဲ့အုပ်စု(D) ရဲ့ဒုတိယနေရာမှာရှိနေပါတယ်။ဂတ်စပီရီနီရဲ့အသင်းကိုနှစ်စဉ်နှစ်တိုင်းထက်မြတ်တဲ့တိုက်စစ်နဲ့မြင်တွေ့ရ‌လေ့ရှိ‌ပေမယ့်လက်ရှိအချိန်ထိတော့တိုက်စစ်ကပျမ်းမျှတစ်ပွဲ၁ဂိုးနှုန်းသာရထားသလိုခံစစ်ကလည်းတစ်ပွဲ၁ဂိုးလောက်ပြန်ပေးနေရပါတယ်။ဒီရာသီအတ္တလန္တာမှာဇာပါတာ၊မယ်လင်နော့ဗ်စကီး၊ပက်ဆီနာ၊ဒီရွန်၊ဂိုဆန်စ်၊ဖရီအူလာ၊တိုလွိုင်းတို့လိုကစားသမားတွေရှိနေ‌သေးတဲ့အပြင်ဇာပါကော်စတာ၊ဒါမီရယ်တို့နဲ့ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့်ဂိုလီနီနဲ့ရိုမဲရိုးမရှိတော့တဲ့နောက်ပိုင်းခံစစ်အားနည်းချက်ကိုမပြင်ဆင်နိုင်သေးတာတွေ့ရပါတယ်။အခုပွဲကိုတော့ဟာတီဘိုးဝါးနဲ့ပယ်လိုမီနိုတို့ကလွဲလို့အရေးပါတဲ့ကစားသမားတွေအားလုံးပါ၀င်ကစားနိုင်ဖို့ရှိ‌နေပြီးနောက်တစ်ဆင့်အတွက်အရေးပါတဲ့ပွဲဖြစ်နေလို့အနိုင်၃မှတ်အရယူဖို့သေချာပေါက်အားစိုက်လာပါလိမ့်မယ်။

 
ယန်းဘွိုင်းစ်ကတော့ ချန်ပီယံလိဂ် အုပ်(F) ရဲ့အားအနည်းဆုံးအသင်းဖြစ်ပေမယ့်ယူနိုက်တက်ကိုအနိုင်ရလိုက်တာ‌ကကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းကိုတော်တော်လေးမြင့်တက်‌စေခဲ့ပုံပေါ်ပါတယ်။လက်ရှိဆွစ်ဇာလန်ပြည်တွင်းလိဂ်ရဲ့အဆင့်၂နေရာမှာရပ်တည်နေတဲ့ယန်းဘွိုင်းစ်တို့ယူနိုက်တက်နဲ့ပွဲပြီးကတည်းကတိုက်စစ်ကစားပုံပိုကောင်းလာပြီးနောက်ဆုံး၃ပွဲမှာသွင်းဂိုး၁၅ဂိုးအထိရခဲ့သလိုခံစစ်ကတော့၃ဂိုးသာပြန်ပေးထားရပါတယ်။အခုလာမယ့်ပွဲမှာဇီဆီဂါလွဲချော်ဦးမှာဖြစ်ပြီးဖက်စ်နက်ချ်ကတော့ပထမပွဲထွက်လူစာရင်းမှာပါဝင်လာနိုင်ဖို့မသေချာသေးဘူးလို့သိရပါတယ်။ယူနိုက်တက်နဲ့ပွဲမှာစည်းလုံးမှုအပြည့်နဲ့မထင်မှတ်တာတွေလုပ်ပြခဲ့တဲ့ယန်းဘွိုင်းစ်တို့အခုပွဲမှာဘယ်လောက်အတိုင်းအတာလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်ရပါမယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

သမိုင်းတစ်‌လျှောက် ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားရမယ့်ပွဲ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အတ္တလန္တာ – ယန်းဘွိုင်းစ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၄၅ ဆ
စက်တင်ဘာလ ၃၀ရက် , မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၅ ဆဧည့်သည် အတွက် ၆.၅၀ဆ နဲ့  သရေအတွက် ၄.၇၅ ဆ ဖြစ်ပါတယ်။ယန်းဘွိုင်းစ်တို့ ယူနိုက်တက်ကို အနိုင်ရခဲ့တယ် ဆိုတာ ပွဲချိန် တော်တော်များများ တစ်ယောက် အသာနဲ့ ကစားခဲ့ရသလို အိမ်ကွင်း ပရိသတ် အားပေးမှုကြောင့်လည်း ပါပါတယ်။ အဓိက ကတော့ ယူနိုက်တက် ညံ့လွန်းလို့ပါ။ ကစားသမား ကောင်းတွေ အများကြီး ရှိနေတဲ့ အတ္တလန္တာကို အီတလီ မြေမှာ အနိုင်ရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ၁.၄၅ ဆ ဆိုတာ နည်းလွန်းပေမယ့် အတ္တလန္တာကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ ဒါပေမယ့် သွင်းဂိုး အများကိုတော့ မစွန့်စားရဲပါဘူး။

(ခန့်မှန်းရလဒ် ၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်