နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဓိကကစားသမားတွေ ဝင်လာချိန်မှ အနိုင်ရခဲ့တဲ့ အာဆင်နယ် – အက်ဖ်အေဖလား တတိယအဆင့် ပွဲပြီး သုံးသပ်ချက်

အာဆင်နယ် ၂ – ၀ နယူးကာဆယ်ယူနိုက်တက်

မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ အာဆင်နယ်တို့ နယူးကာဆယ်ကို ပွဲချိန် မိနစ် ၉၀ အတွင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး စမစ်ရိုးဝ်၊ အော်ဘာမီယန်းတို့ရဲ့ အချိန်ပိုသွင်းဂိုး ၂ ဂိုးနဲ့အတူ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ အာဆင်နယ်ကို ပွဲချိန် မိနစ် ၉၀ အပြည့် ခံကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ယှဉ်ကစားနိုင်ခြင်းမရှိတော့လို့ ဒီနှစ်အတွက် အက်ဖ်အေဖလား ခရီးစဉ်ကတော့ ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။
အက်ဖ်အေဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်

အာဆင်နယ်တို့ အခုပွဲစဉ်မှာ ဆာကာ၊ ရှာကာ၊ စမစ်ရိုးဝ်၊ လာကာဇက်တို့လို အဓိကကစားသမားတွေကို ပထမပွဲထွက်လူစာရင်းမှာ ချန်လှပ်ပြီး အထောင် တိုက်စစ်မှူးနေရာမှာ အော်ဘာမီယန်း၊ တောင်ပံနှစ်ဖက်မှာ ပေပေ၊ နဲလ်ဆင်၊ ကွင်းလယ်မှာ ဝီလျံ၊ အဲလ်နီနီ၊ ဂျိုးဆက်ပ် ဝေးလ်လော့ခ်၊ နောက်တန်းမှာ စီဒရစ်ဆိုရေးစ်၊ ဒါးဗစ်လူးဝဇ်၊ ပါဘလိုမာရီ၊ တီယာနီ၊ ဘန်လင်နို တို့နဲ့  ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ်ဘက် မှာတော့ အန်ဒီကာရိုးလ် ဦးဆောင်ပြီး ဂျိူးလင်တန်၊ ရှောင်လောင်းစတက်ဖ်၊ ဒမ်မက်၊ လက်ဆဲလ်လက်စ်၊ ဒူဗရာကာတို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ နယူးကာဆယ်တို့ အိမ်ရှင်အသင်းကို အကောင်းဆုံး ခံကစားနိုင်ဖို့ အတွက် နည်းပြ စတိဗ်ဘရုစ် အနေနဲ့ ၄-၅-၁ ကစားပုံကို အသုံးပြုလာခဲ့တာ တွေ့ရပြီး လက်တွေ့မှာလည်း တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ အတွင်း နယူးကာဆယ် တို့ အာဆင်နယ်ရဲ့ ထိုးဖောက်မှုတွေကို အမှားအယွင်း နည်းနည်းနဲ့ တားဆီးနိုင်ခဲ့ပြီး ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဂိုးသမား ဒူဘရက်ဗ်ကာ ရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒါ့ကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ရပြီး ပွဲချိန် ၁၀၉ မိနစ်မှာတော့ အာဆင်နယ်တို့ ပထမဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ အလက်ဇန်းဒါးရား လာကာဇက်ရဲ့ အကွက်မြင်မြင် ချပေးတာကနေ လူငယ်ကွင်းလယ်ကစားသမား စမစ်ရိုးဝ်က ထောင့်ဖြတ်အနေအထား ကနေ အပြင်းကန်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်တို့ပဲ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၁၇ မိနစ်မှာတော့ ဘယ်နောက်ခံလူ တီယာနီချိုးပေးတဲ့ ဘောလုံး တိုက်စစ်မှူး အော်ဘာမီယန်းက အဆုံးသတ်ပေးခဲ့လို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ အာဆင်နယ်တို့ ၂ဂိုး ပြတ်ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်တို့ အက်ဖ်အေဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ အာဆင်နယ် ကွင်းလယ်က ဝေးလ်လော့ခ်၊ ရီးစ်နဲလ်ဆင်၊ ဝီလျံတို့ရဲ့ စွမ်းဆောင်ရည်တွေကတော့ ပုံမှန်အောက်မှာ ရှိခဲ့ပြီး အသင်းအတွက်အကျိုးရှိတဲ့ လုပ်ဆောင်မှုတွေလည်း မမြင်တွေ့ခဲ့ရပါဘူး။ အဲ့ဒီ ကစားသမားတွေ ကြောင့်ပဲ အာဆင်နယ်တို့ အချိန်ပိုအထိ ကစားလိုက်ရပြီး အဓိက ကစားသမားတွေ ဝင်ရောက်လာချိန်မှ ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတေးတေား အနေနဲ့ ပေပေလို ကစားသမားမျိုးကို တန်ကြေး အမြောက်အမြားပေး ခေါ်ယူထားရလို့ အသုံးပြုနေတာ ဖြစ်သင့်ပေမယ့် ဝေးလ်လော့ခ်လို ဆုံးဖြတ်ချက် တုန့်ဆိုင်းပြီး အမှားခဏခဏ လုပ်တတ်တဲ့ ကစားသမားမျိုးကို ထည့်သွင်းကစားနေတာ ကတော့ မှားယွင်းနေတယ်လို့ မြင်မိပါတယ်။ အရင်ဆုံး ချီးကျူးရမှာက ဘယ်နောက်ခံလူ တီယာနေး ဖြစ်ပြီး တကယ့်ကို အားကစားစိတ်ဓာတ်ပြည့်ဝပြီး ပွဲချိန်ပြည့် ကြိုးစား ကစားပေးနေတာကြောင့် အာဆင်နယ်တို့ ရလဒ်တွေ တောက်လျောက်ပြန်ကောင်းနေတယ်ဆိုလည်း မမှားပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့တဲ့ တီယာနေးကတော့ အခုပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ နောက်တစ်ဦးကတော့ အီမိုင်းလ်စမစ်ရိုးဝ်ပါ။ ပွဲချိန် မိနစ် ၉၀ မှာ အနီကတ်ပြသခံရမယ့် အခြေအနေ ဖြစ်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါမှာ ရည်ရွယ်ချက်မပါခဲ့တာကြောင့် ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ ရပါတယ်။ အဲ့နောက် အသင်းအတွက် တကယ်အရေးကြီးတဲ့ အချိန်မှာ ဦးဆောင်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့တာကြောင့် ဇီးရိုး ဖြစ်ခါနီးကနေ ဟီးရိုးလည်း ဖြစ်ခဲ့ရပါတယ်။ အဓိက တိုက်စစ်မှူး အော်ဘာမီယန်းလည်း ဂိုးပေါက်ပြန်တွေ့ခဲ့သလို ထုံးစံအတိုင်း လူငယ်ကစားသမားလေး ဆာကာ ကလည်း သူ့တာဝန်သူ အကောင်းဆုံး ကျေပွန်ခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ် ကတော့ အာဆင်နယ်ကို ပွဲချိန် မိနစ် ၉၀ အပြည့် ခံကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ယှဉ်ကစားနိုင်ခြင်းမရှိတော့လို့ ဒီနှစ်အတွက် အက်ဖ်အေဖလား ခရီးစဉ်ကတော့ ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။
 

လာမယ့်ပွဲစဉ်များ

လာမယ့် သောကြာနေ့မှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားဖို့ ရှိပြီး နယူးကာဆယ် ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်