နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ် ကျိန်စာဆိုးက ရုံးမထွက်နိုင်လို့ ပရီးမီးယားလိဂ် ရှုံးပွဲစတွေ့တဲ့ အာဆင်နယ်

လစ်ဗာပူးလ် ၃ – ၁ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစား ခဲ့ကြတဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာတော့ အိမ်ရှင် လစ်ဗာပူးလ်က ၃-၁ နဲ့ အနိုင်ရရှိပြီး ၃ မှတ်အပြည့် ရယူသွား နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ လစ်ဗာပူးလ်တို့  ပရီးမီးယားလိဂ် အိမ်ကွင်း၆၁ ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းပြီး နည်းပြဂျာဂျင်ကလော့ပ် လက်ထက် အာဆင်နယ်ကို အိမ်ကွင်းမှာ ၅ ပွဲဆက် အနိုင်ရနဲ့ ဂိုးပေါင်း ၃၀ အထိ သွင်းယူ နိုင်ခဲ့တဲ့ စံချိန်သစ်တွေလည်း တင်နိုင်ခဲ့ပါတယ်။
 

ပွဲမှတ်တမ်း နဲ့  အချက်အလက်များ

အန်ဖီးလ်မှာဆိုရင် ရုံးကန်ရလေ့ရှိတဲ့ အာဆင်နယ်တို့ အခုတစ်ကြိမ်မှာလည်း ဂျာဂျင်ကလော့ပ်ရဲ့ နည်းစနစ်အောက်မှာ အရှုံးပေးခဲ့ရပြန်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှု နှစ်ကြိမ်မှာ အာဆင်နယ်တို့ အာသာရထားတယ် ဆိုပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ လစ်ဗာပူးလ်ကို ဘယ်လိုမှ မယှဉ်နိုင်တာ သိသာနေပါတယ်။ လစ်ဗာပူးလ်ကတော့ ဒီပွဲမှာ သူတို့ အသုံးပြုနေကျ ၄-၃-၃ ကစားကွက်နဲ့ပဲ အာဆင်နယ်ကို ရင်ဆိုင်လာပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ သီယာဂိုအယ်ကန်တာရာကို အသုံးပြုမယ် ထင်ခဲ့ရပေမယ့် လူစာရင်းမှာတောင် ပါဝင်မလာပဲ ချဲလ်ဆီးနဲ့ ပွဲမှာ ဗဟိုခံစစ်နေရာ ဆင်းကစားတဲ့ ဖာဘင်ဟိုကို ကွင်းလယ်မှာထားပြီး နောက်ခံလူ ဂျိုးဂိုးမက်ဇ်လည်း ပြန်လည် ပါဝင်လာခဲ့ပါတယ်။ ပွဲမစခင်က တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် ထိုးဖောက်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အမှန်တကယ် ကစားတဲ့ အချိန်မှာတော့ ဧည့်သည် အာဆင်နယ်တို့ လစ်ဗာပူးလ်ရဲ့ ကစားကွက် ထိန်းချုပ်မှုအောက်ကို ရောက်သွားလို့ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာလည်း တစ်ဖက်သတ် ဆန်သွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲအစပိုင်းမှာ လစ်ဗာပူးလ် ဘက်ကို တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ နောက်ခံလူ ရော်ဘတ်ဆန်ရဲ့ အမှားကနေတစ်ဆင့် လာကာဇက်က အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရချိန်က စပြီး လစ်ဗာပူးလ်တို့ အာဆင်နယ်ဘက်ကို ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပိုမိုပြုလုပ်ခဲ့လို့ ၃ မိနစ် အကြာမှာတင် ဆာလာကို တီယာနေး လိုက်ထိန်းနေတဲ့ ကြားက လွတ်ထွက်သွားပြီး ဂိုးကန်သွင်းရာက လီနိုပုတ်ထုတ်တာကို အသင့်စောင့်နေတဲ့ မာနေးက ပိတ်သွင်းပြီး ချေပဂိုးရယူ သွားခဲ့ပါတယ်။ အဲ့နောက်မှာလည်း အာဆင်နယ်တို့ ကစားကွက် တည်မရခဲ့ပဲ လစ်ဗာပူးလ် ရဲ့ ထိုးဖောက်မှုတွေကို ကြိုးစား ဖျက်ထုတ်နေရင်း ပွဲချိန် ၂၈ မိနစ်မှာ တောင်ပံက အာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှု ကို ရော်ဘတ်ဆန် ကပဲ အမိအရ ပိတ်သွင်းပြီး ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေး ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လာကာဇက်ရဲ့ ထိုးဖောက်မှုှု တချို့အပြင် အာဆင်နယ်ရဲ့ ကစားပုံ အားရစရာမရှိလို့ နည်းပြ အာတေးတားက ကွင်းလယ်က ရှာကာ အစား ဆယ်ဘာလော့စ်၊ ဝီလျံအစား ပေပေ၊ လာကာဇက်အစား အန်ကတ်တီးယားတို့ကို လူစားလဲခဲ့ပါတယ်။ လစ်ဗာပူးလ်ဘက် ကတော့ ကွင်းလယ်က နာဘီကိုင်တာ အစား မီလ်နာ၊ မာနေးအစား ဝုဗ်ကနေ အသစ်ခေါ်ယူထားတဲ့ ဒီယိုဂို ဂျော့တာကို ထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲကို ဆက်လက် ထိန်းချုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ပွဲချိန် ၈၈ မိနစ်မှာ ကစားသမားသစ် ဂျော့တာက တတိယမြောက်သွင်းဂိုး ရယူပေးသွားခဲ့ ပါတယ်။ ဂျော့တာဟာ သူ့ရဲ့ ပွဲဦးထွက်မှာတင်  သွင်းဂိုး ၁ဂိုးစတင် သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြကလော့ပ်ရဲ့ ကစားသမားခေါ်ယူမှု အများစုဟာ အခုထိ မှန်ကန်နေဆဲလို့ ဆိုရမှာပါ။ ပွဲပြီးဆုံးချိန်အထိ အာဆင်နယ်တို့ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းပိုင်း တက်လာတာ မတွေ့ခဲ့ရလို့ လစ်ဗာပူးလ်တို့ကပဲ ၃-၁ နဲ့ အနိုင်ရပြီး ၂၀၁၇ နောက်ပိုင်း အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သလို အမှတ်ပေးဇယား မှာလည်း ထိပ်ဆုံးက လက်စတာစီးတီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ဒုတိယနေရာမှာ ရပ်တည် သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ တကျော့ပြန် အောင်မြင်မှု ရနိုင်မရနိုင် ဆိုပြီးတောင် ဘောလုံးဂုရုကြီးတွေရဲ့ သုံးသပ်ချက် တွေထဲမှာ ပြန်လည် ပါဝင် လာခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ၃ပွဲကစားပြီး ၂ပွဲနိုင် ၁ပွဲရှုံး နဲ့ အဆင့် ၅နေရာရောက်ရှိသွားတဲ့ အာဆင်နယ်

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ကတော့ အထွေအထူး ပြောစရာမလိုပဲ ကလော့ပ်အနေနဲ့ ရာသီအစမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ဘာကြောင့် တိတ်ဆိတ်နေသလဲ ဆိုတာ ပြီးခဲ့တဲ့ ချဲလ်ဆီးပွဲနဲ့ အခုပွဲစဉ်က အဖြေထုတ်ပေးခဲ့ပါပြီ။ ကလော့ပ်အနေနဲ့ အသင်းကို  သေချာ အချိန်ယူ တည်ဆောက်ပြီးတော့ သူ့ရဲ့ ကစားသမားတွေ အပေါ်မှာ ယုံကြည်မှု အပြည့်ရှိခဲ့ပါတယ်။ ကစားသမားတွေ ဘက်ကလည်း ကလော့ပ်ရဲ့ နည်းစနစ်နဲ့ ဦးဆောင်မှုအတိုင်း အသေအချာ လိုက်နာနေဆဲ ဆိုတာကို မြင်တွေ့ခဲ့ရသလို အမှတ်မထင် ရှားရှားပါးပါး ခေါ်ယူခဲ့တဲ့ ဂျော့တာ ကလည်း မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ကြောင်း သက်သေပြ သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပြောစရာရှိတာက အာဆင်နယ် ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနှစ်မှာ ရာသီအစမှာ တော်တော်လေး ခြေစွမ်း ထက်မြတ်နေတဲ့ အသင်းလို့ ပြောလို့ရပြီး ပရီးမီးယားလိဂ်မှာ တကျော့ပြန် အောင်မြင်မှု ရနိုင်မရနိုင် ဆိုပြီးတောင် ဘောလုံးဂုရုကြီးတွေရဲ့ သုံးသပ်ချက်တွေထဲမှာ ပြန်လည် ပါဝင်လာခဲ့တာပါ။ ပရီးမီးယားလိဂ် အဖွင့်ဒါဘီနှစ်ပွဲ စလုံးကို အနိုင်ရပြီး ကြားရက် ခရာဘောင် ဖလားမှာလည်း လက်စတာကို အနိုင်ရခဲ့လို့ လစ်ဗာပူးလ်ကို အနိမ့်ဆုံး သရေလောက်ကစားနိုင်မယ် ထင်ခဲ့ပေမယ့် ပွဲချိန်တစ်ဝက် မရောက်ခင်မှာတင် သရေရလဒ်တောင် အမြင့်ဆုံး မျှော်လင့်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ သိလိုက်ရပါတယ်။ ပွဲအပြီးမှာ အာတေးတား ကတော့ အသင်းအနေနဲ့ ရှေ့ဆက်ဖို့  အများကြီး ကျန်သေးကြောင်း ပွဲအတွင်းမှာ အမှားတချို့ ပြုလုပ်ခဲ့သလို မှန်ကန်တာ  တချို့ကိုလည်း လုပ်နိုင်ခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ လစ်ဗာပူးလ်အသင်း ကိုလည်း ချီးကျူးသွားခဲ့ပြီးတော့ ပြိုင်ဘက်အနေနဲ့ အခုလို ပုံစံကောင်းရဖို့ ၂ နှစ် ၃ နှစ်လောက် အချိန်ယူခဲ့တာ မဟုတ်ပဲ ၅ နှစ်လောက် အတူတူ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂေဂင်ကလော့ပ်ကတော့ အာဆင်နယ်ကို ချွတ်ချော်ပြီးအနိုင်ရခဲ့တာမဟုတ်ပဲ ထူးထူးခြားခြား အနိုင်ရခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန် သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ကလော့ပ်က အာဆင်နယ်လို တန်ပြန် တိုက်စစ်ကောင်းတဲ့ အသင်းတစ်သင်းကို ငရဲကျသလို တားဆီးခဲ့ရပြီးတော့ စည်းကြပ်ဒိုင်ရဲ့ အလံထောင်တာ ကိုတောင် စိတ်မချမ်းမသာနဲ့ စောင့်ခဲ့ ရတယ်လို့ ပြောကြားခဲ့ပါတယ်။
 

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ အန်ဖီးလ်မှာ ဒီရာသီအတွက်   ပထမအကျော့ ကစားပြီးလို့ နောက်ထပ် ၃ ရက်အကြာ အောက်တိုဘာ ၂ရက်နေ့မှာ အန်ဖီးလ်ကို ပြန်လာပြီး ခရာဘောင်ဖလား ကစားရဖို့ ရှိနေပါတယ်။ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ ဒီနှစ်ပိုင်းထဲမှာ ကံစပ်နေတယ်လို့ ပြောရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ခရာဘောင်ဖလား စတုတ္ထအဆင့် မှာတုန်း ကလည်း အန်ဖီးလ်မှာပဲ ကစားထားခဲ့ရတာပါ။ အဲ့အချိန်တုန်း ကလည်း အာဆင်နယ်က အိမ်ရှင် လစ်ဗာပူးလ်ကို ပင်နယ်တီ နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာထားခဲ့ ရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်