နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းတက် ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲ ကစားရမယ့် အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် – အာဆင်နယ်

အခုတစ်ပတ် မှာတော့ ဥရောပ အမှတ်ပေး ဘောလုံးပြိုင်ပွဲ တော်တော်များများ ပြန်လည် စတင်မှာ ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ပွဲစဉ် (၁)ရဲ့ အစောဆုံးပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိ အချိန်ထိ အားရစရာ ကောင်းတဲ့ ခြေစွမ်းမျိုး လုံးဝ မမြင်တွေ့ရသေးတဲ့ အပြင် တန်းတက် ဆိုပေမယ့် ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်ကြောင့် အာဆင်နယ်တို့ ကျိန်းသေပေါက် ခက်ခက်ခဲခဲ ကစားရမယ့် သဘော ရှိပါတယ်။

ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ်ကို လွယ်လွယ်ကူကူ ရောက်လာတာတော့ မဟုတ်ပါဘူး။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ချန်ပီယံရှစ် ပလေးအော့ဖ် အဆင့်အဆင့် ကစားပြီး ဗိုလ်လုပွဲမှာ ဆွမ်ဆီးကို အနိုင်ရခဲ့တာကြောင့် ၁၉၄၇ ခုနှစ် နောက်ပိုင်း ပြည်တွင်း အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲ တစ်ခုမှာ ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်တို့ ရာသီကြို ပြင်ဆင်မှု အဖြစ် ဝင်ဘယ်ဒန်၊ ကမ်းဘရစ်ဂျ် တို့အပြင် မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်း၊ လာလီဂါ ကလပ် ဗလင်စီယာ တို့နဲ့လည်း ခြေစမ်းပွဲတွေ ကစားထားတာ တွေ့ရပါတယ်။ ဝင်ဘယ်ဒန်၊ ကမ်းဘရစ်ဂျ်၊ ဗလင်စီယာ တို့ကို အနိုင်ရခဲ့သလို ဝက်စ်ဟမ်းကို ၁ ဂိုးတည်းနဲ့ ကပ်ရှုံးပြီး ယူနိုက်တက်ကို သရေ ကစားထားတဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းက လုံးဝ အထင်သေးလို့ မရဘူး ဆိုတာ သက်သေပါ။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ ၄၄ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်က တိုနီကို အဓိက စောင့်ကြည့်ရဖို့ ရှိပြီး နောက်တန်းမှာ ဂျန်ဆန်၊ ပင်နော့ခ်နဲ့ ကွင်းလယ်က နောဂတ် တို့ဟာ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ် ဆီ ပို့ဆောင်ပေးခဲ့တဲ့ အမာခံ ကစားသမားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ သောမက်စ် ဖရန့်ခ် အနေနဲ့ ဒီရာသီမှာ မစ်ဂျယ်လန်း ကနေ ဖရန့်ခ် အွန်ရယ်ကာ၊ ဆဲလ်တစ်က ခရစ္စတိုဖာ အရား၊ လိုရီယန့်က ဝီဆာ တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ယေဘုယျ အားဖြင့်တော့ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းအရပါ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး တုန့်ပြန်နိုင်စွမ်း ရှိတဲ့ အသင်းလို့ ဆိုရမှာပါ။ ၃-၅-၂ ကစားကွက်နဲ့ အများဆုံး ပွဲထွက်လေ့ရှိတဲ့ ဘရန့်ဖို့ဒ်တို့ အခုပွဲမှာ အာဆင်နယ်ကို ခံစစ် အသားပေး ကစားပြီး တန်ပြန် တိုက်စစ် ကနေပဲ ဂိုးရဖို့ ကြိုးပမ်းလာမယ့် သဘော ရှိပါတယ်။ အခုပွဲ ကိုတော့ ဘရန့်ဖို့ဒ် ကွင်းလယ်က အာဆင်နယ် အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဒါဆေးလ်ဗား အပြင် မားသီးယပ်စ် ဂျန်ဆန်လည်း လွဲချော်ဖို့ ရှိနေပါတယ်။

ြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ ၄၄ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်က တိုနီကို အဓိက စောင့်ကြည့်ရဖို့ ရှိပြီး နောက်တန်းမှာ ဂျန်ဆန်၊ ပင်နော့ခ်နဲ့ ကွင်းလယ်က နောဂတ် တို့ဟာ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ် ဆီ ပို့ဆောင်ပေးခဲ့တဲ့ အမာခံ ကစားသမားတွေ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အင်္ဂလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ တစ်ခုမှာ ပြန်လည် ကစားရတော့မယ့် ဘရန့်ဖို့ဒ်

အာဆင်နယ် ကတော့ ၂၅ နှစ်တာ ကာလအတွင်း ဥရောပပြိုင်ပွဲတွေနဲ့ ပထမဦးဆုံး အကြိမ် လွဲချော်ခဲ့ရပြီးနောက် အရင်နှစ်တွေ ကနဲ့ မတူတဲ့ ရာသီကြို ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတာ တွေ့ရပါတယ်။ သို့ပေမယ့်လည်း မီခယ် အာတေးတားရဲ့ အသင်းက နာမည်ကြီး ကစားသမား တော်တော်များများကို ပစ်မှတ်ထားနေပေမယ့် တာဗာရက်စ်၊ လိုကွန်ညာ၊ ဘန်ဝှိုက် တို့ ၃ ဦးသာ ခေါ်ယူထားနိုင်ပါသေးတယ်။ ဒါ့ကြောင့် အားကစားဒါရိုက်တာ အီဒူးနဲ့ အာတေးတားကို အသင်း ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး စိတ်ပျက်စရာ ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေ ကလည်း အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိသေးဘူး ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပြင် အာဆင်နယ် အတွက် နောက်ထပ် အဓိက လိုအပ်နေတဲ့ အရာက တိုက်ပွဲဝင်စိတ် တနည်းအားဖြင့် နိုင်ပွဲ ဆာလောင်မှု ဖြစ်ပါတယ်။ လက်ရှိ ပုံစံနဲ့သာ ဆက်သွားနေဦးမယ် ဆိုရင် မီခယ် အာတေးတား အနေနဲ့ နည်းပြ ရာထူး စွန့်လွှတ်ရဖို့ ရှိနေပြီး ရည်ရွယ်ထားတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဆိုထားနဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်း စာရင်းဝင် ဖို့တောင် မဖြစ်နိုင်ပါဘူး။ ဘန်ဝှိုက် ကြောင့် အာဆင်နယ်ရဲ့ ခံစစ်က အနည်းငယ် တည်ငြိမ်စ ပြုလာပေမယ့် ပါဘလို မာရီ၊ ချမ်ဘာစ်နဲ့ ဟိုးလ်ဒင်း တို့ အမှား များနေသေးလို့ စိတ်ချရတဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဂါဘရီရယ် ဒဏ်ရာက မသက်သာသေး သလို ခြေစမ်းပွဲမှာ သောမက်စ် ပါတေး ဒဏ်ရာရသွားခဲ့လို့ အခုပွဲမှာ လိုကွန်ညာနဲ့ ချာကာကို ကွင်းလယ်မှာ တွဲဖက် ကစားစေဖို့ များပြီး ထုံးစံအတိုင်း တောင်ပံ နှစ်ဖက်မှာ အော်ဘာမီယန်းနဲ့ ပေပေ၊ အလယ်မှာ စမစ်သ်ရိုးဝ်နဲ့ အထောင် တိုက်စစ်နေရာ မှာတော့ လာကာဇက်ပဲ ပါဝင်လာဦးမယ့် သဘော ရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘရန့်ဖို့ဒ်ဟာ လန်ဒန် ကလပ် အချင်းချင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်ကြိမ် တစ်ခါမှ အနိုင်ရခဲ့ဖူးခြင်း မရှိသေးသလို အာဆင်နယ်နဲ့ ရှားရှားပါးပါး ထိပ်တိုက်တွေ့ဆုံမှု ၁ ကြိမ်မှာလည်း ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ ဒီနှစ်သင်း ၂၀၁၉ ခုနှစ် လိဂ်ဖလား တတိယအဆင့်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲ့ဒီပွဲမှာတုန်းက လက်ရှိ ဘရိုက်တန် တိုက်စစ်မှူး ဝဲလ်ဘတ်နဲ့ လာကာဇက် တို့ရဲ့ ဂိုးတွေ အပါအဝင် ၃-၁ ရလဒ်နဲ့ အာဆင်နယ်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘရက်ဖို့ဒ် vs အာဆင်နယ် 1X2 အာဆင်နယ် @ 1.88
ဩဂုတ်လ ၁၄ ရက် , မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၄.၃၃ ဆနဲ့ ဧည့်သည်အသင်း အတွက် ၁.၈ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေး အရရော၊ အသင်း အနေအထား အရပါ တော်တော်လေး ကွာဟနေပါလိမ့်မယ်။ ဘရန့်ဖို့ဒ် တို့ အာဆင်နယ်ကို ခက်ခဲစေနိုင်တဲ့ ခြေစွမ်းမျိုး ရှိပေမယ့် နိုင်ပွဲ အတွက် ဆိုရင်တော့ အာဆင်နယ်ကိုပဲ မျက်စိမှိတ် ယုံကြည်ထားသင့်ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်နဲ့ အမှားများတတ်တဲ့ အာဆင်နယ် ခံစစ်ကြောင့် တစ်ဖက်သတ် ဂိုးသွင်းတဲ့ ပွဲမျိုး မဖြစ်နိုင်ပဲ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်မယ် ယူဆရပါတယ်။ အာဆင်နယ်ကို ကြေးတင်ရိုက်ပြီး ဂိုးပေါင်း ၂.၅ ဂိုးနဲ့ အထက် ကိုလည်း ထည့်သွင်း ရွေးချယ်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်