နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားပုံကောင်းပေမယ့် အခွင့်အရေးတွေ ဖြုန်းတီးခဲ့လို့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတဲ့ အာဆင်နယ် | အက်ဖ်အေဖလား (ပွဲပြီးသုံးသပ်ချက်)

countdown banner

အက်ဖ်အေဖလား တတိယအဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အန်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး လစ်ဗာပူးလ်က နောက်ကျဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ ပုံစံကောင်း တစ်ခုနဲ့ လစ်ဗာပူးလ်ကို အသာရအောင် ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် ညံ့ဖျင်းလွန်းမှုကြောင့် အက်ဖ်အေဖလား ကနေ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်က ရမ်းစ်ဒေးလ်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ ခီဗီယော၊ ရိုက်စ်၊ ဂျော်ဂျင်ဟို၊ အိုဒီဂတ်၊ ဆာကာ၊ နဲလ်ဆင်၊ ဟာဗက်ဇ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဗန်ဒိုက်ခ်‌ နေရာမှာ ကွန်ဆာ၊ ကိုနာတေး၊ ဂိုးမက်ဇ်၊ အာနိုးလ်၊ မက် အယ်လစ္စတာ၊ အဲလီယော့တ်၊ ဂျုံးစ်၊ ဂက်ခ်ပို၊ ဒီးရာ့ဇ်၊ နူညက်ဇ် တို့ကို ပွဲထွက်စေခဲ့ပါတယ်။

ဒီပွဲရဲ့ အခြေအနေကို အမြင်သာဆုံး ပြောပြရရင် မီခဲလ် အာတေးတားရဲ့ အသင်းက ပွဲစကတည်းက လစ်ဗာပူးလ် ဘက်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့်တွေလည်း အကြိမ်ကြိမ် ရခဲ့ပါတယ်။ အကြိမ်ကြိမ် ရခဲ့သလိုလည်း အာဆင်နယ် ဘက်က ဆာကာ၊ အိုဒီဂတ်၊ ဟာဗက်ဇ်တို့ အကြိမ်ကြိမ် ဖြုန်းတီးပစ်ခဲ့ပါတယ်။ အဆိုးဆုံး ကတော့ ဆာကာပါပဲ။ ဆံပင် ပုံစံ ပြန်ချိန်းသင့်ပြီလို့ တွေးရလောက်အောင် အင်္ဂလန် စတားဘွိုင်းလေးက တော်တော်လေး ခြေစွမ်း ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရလဒ်နဲ့လည်း လုံးဝ ထိုက်တန်ခဲ့ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို အကောင်းဆုံး တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ကျ အနိုင်ဂိုးတွေနဲ့ အာဆင်နယ်ကို အက်ဖ်အေဖလား ကနေ လက်ပြနှုတ်ဆက်စေခဲ့တဲ့ လစ်ဗာပူးလ်

အာဆင်နယ်တို့ တစ်သင်းလုံး အပြိုင်အဆိုင်၊ တက်ညီလက်ညီ ဂိုးပေါက် လွဲနေခဲ့ကြပေမယ့် ကိုယ့်ဂိုးကိုယ်သွင်းတာ ကတော့ တိကျလွန်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် မိနစ် (၈၀)မှာ ခီဗီယောရဲ့ OG ကြောင့် လစ်ဗာပူးလ်တို့  ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ အဲ့နောက် ပွဲပြီးခါနီးမှာ ကောင်တာ ကနေ တဆင့် လစ်ဗာပူးလ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို လူးဝစ် ဒီးယက်ဇ်က သွင်းယူပေးခဲ့လို့ ၀-၂ ရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဒီပွဲကနေ အာတေးတားတို့ အုပ်စု သိလိုက်ရတာက ဘယ်လောက်ပဲ ကစားပုံ ကောင်းနေပါစေ။ နည်းပြရဲ့ နည်းစနစ်ပိုင်း မှန်ကန်နေပါစေ။ အဆုံးသတ်ပိုင်း အားကောင်းတဲ့ တိုက်စစ်မှူး မရှိရင် အလကားပဲ ဆိုတာပါ။ အာဆင်နယ်တို့ နောက်ပိုင်း ပွဲစဉ်တွေမှာ အနည်းငယ် အကျပိုင်း ရောက်နေပေမယ့် ဖူလ်ဟမ်နဲ့ ပွဲကလွဲရင် ကျန်ပွဲ အားလုံးမှာ ကစားပုံ မဆိုးခဲ့သလို ပြိုင်ဘက်တိုင်းကို သူတင်ကိုယ်တင် အကောင်းဆုံး ကစားခဲ့နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း လစ်ဗာပူးလ်လို အသင်းကို ညက်ညောတဲ့ ကစားဟန်နဲ့ ဒုက္ခပေးနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး လိုအပ်ချက်က ဆုံးရှုံးမှု ကြီးမားသွားစေခဲ့တာပါ။ သေချာတာ ကတော့ အာဆင်နယ်တို့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူ နေရာ အတွက် အဓိက အင်အားဖြည့်တင်းရုံနဲ့ မလုံလောက်ပါဘူး။ အိုင်ဗန် တိုနေး၊ ဆိုလန်ကီ တို့လို တိုက်စစ်မှူးမျိုး မဖြစ်မနေ ခေါ်ယူ အားဖြည့်သင့်ပြီလို့ မြင်ပါတယ်။ ဒီပုံစံ အတိုင်း ဆက်သွားရင်တော့ ဂန်းနားတို့ လိုချင်တောင့်တနေတဲ့ ဆုဖလား အောင်မြင်မှုတွေက အိမ်မက် အဖြစ်ပဲ ရှိနေဦးမှာပါ။

ဒီပွဲမှာ မဖြစ်မနေ ချီးကျူးရမှာက ပုံမှန် ပွဲထွက်ခွင့် မရဖြစ်နေတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းပြမှုပါ။ ရမ်းစ်ဒေးလ် တစ်ယောက် ဒီပွဲမှာ တော်တော်လေး လုပ်ကွက်ပြနိုင်ခဲ့ပြီး နယ်လ်ဆင်ကို ဖန်တီးပေးတာ၊ ဒီးယက်ဇ်ရဲ့ အပိုင်ကန်ချက်တွေကို ကာကွယ်ပြခဲ့တာတွေက လေးစားစရာ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အမြင်အရ ဆိုရင် ရာယာထက် အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပြီး Pasion ကောင်းတဲ့ ရမ်းစ်ဒေးလ်ကို အာတေးတား တစ်ယောက် နေရာပြန်ပေးသင့်ပြီ ထင်ပါတယ်။

လာလီဂါ
ဆီဗီလာ FC
အလာဗတ်ဇ်
ဂိုးပေါ် 2.25 @ 1.94
1X2 ဆီဗီလာ @ 1.88
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်နဲ့ ပတ်သတ်လို့ကတော့ အထွေအထူး ပြောစရာ သိပ်မရှိပါဘူး။ ကစားပုံ နိမ့်ပါးခဲ့ပေမယ့် ရတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်တာကို ကြည့်ခြင်းအားဖြင့် အသင်းကြီး တစ်သင်းမှာ ရှိသင့်တဲ့ ပုံစံမျိုး အပြည့်နဲ့ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အနိုင်ရလဒ်နဲ့လည်း လုံးဝ ထိုက်တန်ခဲ့ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို အကောင်းဆုံး တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ အာဆင်နယ်တို့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၁ ရက်နေ့မှာ ဖူလ်ဟမ်နဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်