နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစောပိုင်း သွင်းဂိုးတွေနဲ့ ကင်းပါဝါမှာ လက်စတာကို အနိုင်ယူခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ၀-၂ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ အာဆင်နယ်တို့ လက်စတာစီးတီးကို ကင်းပါဝါကွင်းမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲ မတိုင်ခင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိ စွမ်းဆောင်ရည် ကောင်းတွေ ပြသထားနိုင်တဲ့ အာဆင်နယ်တို့ လက်စတာစီးတီးရဲ့ ပုံစံကောင်းတစ်ခု ပြန်လည် ရရှိနေမှုကို ရိုက်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာတော့ အိမ်ရှင် လက်စတာစီးတီးတို့ ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အီရန်နာချိုနဲ့ ဗာဒီကို အထောင်ထားပြီး ကွင်းလယ်မှာ မက်ဒီဆင်၊ တေးလီးမန့်စ်၊ ဆူမာရေး၊ ကတ်စတန်ညာ၊ သောမက်စ်၊ နောက်တန်း မှာတော့ အမာတေး၊ အီဗန့်စ်နဲ့ ဆိုယွန်ချူ၊ ဂိုးမှာ ကတ်စပါ ရှမိုက်ကယ် တို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ကွင်းလယ်က ချာကာ မကစားနိုင်သေးတဲ့ အတွက် ၄-၂-၃-၁ အစား ၄-၄-၁-၁ ကစားကွက်ကို အသုံးပြုလာခဲ့ပါတယ်။ ဂိုးမှာ အာရွန် ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ တိုမီယာဆု၊ နူနို တာဗာရက်စ်၊ ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ စမစ်ရိုးဝ်၊ လိုကွန်ဂါ၊ သောမက်စ် ပါတေး၊ ဘူကာယို ဆာကာ၊ လာကာဇက်နဲ့ အော်ဘာမီယန်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

လက်စတာစီးတီး ကတော့ ပုံစံကောင်း တစ်ခုနဲ့ အတူ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့ရပြီး အဆင့် ၁၀ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ဒီပွဲ မတိုင်ခင် ကတည်းက ပုံစံကောင်းရနေတဲ့ အာဆင်နယ်တို့ ဒီပွဲမှာလည်း အဖွင့်လှခဲ့ပြီး ပွဲအစ ၅ မိနစ် မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ထောင့်ကန်ဘော ကနေ တစ်ဆင့် ဘူကာယို ဆာကာ ဖြတ်တင်ပေးတာကို ခံစစ်က ဂါဘရီရယ် က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် အထနှေးနေတဲ့ လက်စတာစီးတီးရဲ့ ကစားပုံကို အခွင့်ကောင်း ယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ပွဲချိန် ၁၈ မိနစ်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိသွားခဲ့ပြန်ပါတယ်။ ဒီဂိုး ကိုတော့ ဆာကာနဲ့ လာကာဇက် တို့ရဲ့ တွဲလုံး ကနေ တစ်ဆင့် ဂိုးဧရိယာထဲမှာ လက်စတာစီးတီး နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတာကို စမစ်ရိုးဝ်က အခွင့်ကောင်းယူပြီး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့နောက် အာဆင်နယ်တို့ ကစားအား သိသိသာသာ ချလိုက်တာကြောင့် လက်စတာစီးတီးတို့ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ဂန်းနား နောက်ခံလူတွေရဲ့ အကောင်းဆုံး ပိတ်ဆို့ တားဆီးနိုင်ခဲ့သလို ဂိုးသမား အာရွန်ရမ်းစ်ဒေးလ် ကလည်း လက်စွမ်းပြနိုင်ခဲ့လို့ အိမ်ရှင်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပြီး ၀-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။အခုပွဲ ရလဒ်ကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်စတာစီးတီး ကတော့ ပုံစံကောင်း တစ်ခုနဲ့ အတူ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့ရပြီး အဆင့် ၁၀ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မီခယ် အာတေးတားရဲ့ အသင်းက ဒီနေ့ပွဲ မှာလည်း ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ပွဲ ဘယ်လို ရအောင် ယူရမယ် ဆိုတာ တစ်ပွဲထက် တစ်ပွဲ ပိုသိလာတယ် ဆိုတာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် ကစားသမားတွေ ကစားပုံ ပိုပိုပြီး တည်ငြိမ်လာခဲ့သလို အခုပွဲမှာ အထူးတလည် ချီးကျူးဖို့ မြင်မိတဲ့ ကစားသမား ဆိုရင်တော့ ဂိုးသမား အာရွန်ရမ်းစ်ဒေးလ်ပဲ ဖြစ်ပါတယ်။ မက်ဒီဆင်ရဲ့ ဖရီးကစ် ကန်ချက်ကို လေထဲမှာ ဝဲပြီး ကာကွယ်သွားပုံကို ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ် ကိုယ်တိုင် လူမှုကွန်ယက် ကတစ်ဆင့် အခုနှစ်ပိုင်းထဲ မြင်တွေ့ရသမျှထဲမှာ အကောင်းဆုံး ကာကွယ်မှုလို့တောင် ချီးကျူးသွားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ် အနာဂတ် အသင်း ခေါင်းဆောင်လောင်း လို့တောင် သတ်မှတ်လို့ ရနေပါပြီ။ အသင်း အပေါ် စီမံခန့်ခွဲနိုင်မှု၊ ဩဇာ အာဏာရှိမှု အပိုင်းမှာ လက်ရှိ အော်ဘာမီယန်း ထက်တောင် ပိုပြီး သာလွန်နေတယ်လို့တောင် ပြောလို့ ရပါတယ်။ တခြား ကစားသမား အားလုံး ကတော့ အပြစ် ပြောစရာ မရှိခဲ့ပဲ ဂျပန်သား တိုမီယာဆု တစ်ယောက် ပုံစံကောင်းတစ်ခုကို ဆက်လက် ထိန်းထားနိုင်ခဲ့သလို နူနို တာဗာရက်စ်၊ စမစ်ရိုးဝ် တို့ကတော့ ထူးထူးခြားခြား စွမ်းဆောင်ရည် ပြသနိုင်ခဲ့သူတွေလို့ပဲ ဆိုချင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လက်စတာစီးတီး တို့ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ စပါးတပ်ခ် မော်စကိုနဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ကစားဖို့ ရှိသလို အာဆင်နယ် ကတော့ ဝက်ဖို့ဒ်နဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်