နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ရှင်အသင်းကို ပင်နယ်တီဂိုးတွေ ပေးခဲ့ရလို့ သရေ ၁ မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ အက်စလက်တီကိုမက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

လီဗန်တေး ၂-၂ အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကို အတွက် ဆုံးရှုံးမှု များခဲ့တဲ့ လာလီဂါပွဲလို့ ပြောလို့ရပါတယ်။ အကြိမ်ကြိမ် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့်  ပြန်ပေးခဲ့ရတဲ့ ဂိုးတွေက ပင်နယ်တီ ဖြစ်ခဲ့တာက နည်းပြ ဆီမြွန်နီ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ နိုင်ပွဲရဖို့ သေချာသလောက် ရှိနေပြီးမှ ပင်နယ်တီ ပေးခဲ့ရတဲ့ အခြေအနေက အက်သလက်တီကို အသင်းကို အဆင့် ၆ အထိ ဆင်းသွားစေခဲ့ပါတယ်။ အိမ်ရှင် လီဗန်တေး အတွက်ကတော့ ရရှိခဲ့တဲ့ အဖိုးတန် ပင်နယ်တီ နှစ်ဂိုး နဲ့အတူ ရမှတ် တစ်မှတ် ရရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပွဲစဉ်အကျဉ်း

လက်ရှိ ချန်ပီယံ အက်သလက်တီကို အနေနဲ့ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေတဲ့ အချိန် အဖိုးတန် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။ ရီးရဲယ်၊ ဆီဗီလာတို့ ရမှတ် ဆုံးရှုံးနေတဲ့ အချိန် နိုင်ပွဲရဖို့ အားစိုက်လာတဲ့ အက်သလက်တီကို ဆီကနေ အိမ်ရှင် လီဗန်တေးတို့ အမှတ်ခွဲယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၃-၄-၂-၁ အခြေခံ ပွဲထွက် လူစာရင်းမှာ ဆွာရက်ဇ်၊ ဂျာအိုဖီးလစ်၊ ဂရစ်ဇ်မန်း တို့ ဦးဆောင်လာတဲ့ အက်သလက်တီကိုရဲ့ တိုက်စစ်ပိုင်း အတည်ငြိမ်ဆုံး ရှိခဲ့ပါတယ်။ လီဗန်တေး ကတော့ ၅-၃-၂ ကစားကွက်နဲ့ ခံစစ် ဦးစားပေး ကစားခဲ့ ပေမယ့် ပြိုင်ဘက်အသင်းရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကြောင့် ရုန်းကန်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ပွဲအစ ၁၂ မိနစ် ကတည်းက ဂရစ်ဇ်မန်းရဲ့ ဦးဆောင်မှုကြောင့် အိမ်ရှင်အသင်း တိုက်စစ်ထက် ခံစစ်ကိုပဲ ပိုပြီး အားစိုက် ကစားခဲ့ရပါတယ်။ အထူးသဖြင့် လီဗန်တေးရဲ့ တန်ပြန်တိုက်စစ် ကစားပုံက တော်တော်လေး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အက်သလက်တီကိုတို့ ပွဲကို ဦးဆောင်နေပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ ဆွာရက်ဇ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီ နောက်ချေပဂိုး ပြန်ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ မက်သီးရက်စ်ကွန်ဟာက လီဗန်တေး နောက်တန်းရဲ့ လူကျွံ ထောင်ခြောက်ကို ကျော်ဖြတ်ကာ ဒုတိယအကြိမ် ဦးဆောင်စေခဲ့ပါတယ်။ဂိုးပေးလိုက်ရ ပြီးတဲ့နောက် လီဗန်တေးရဲ့ တောင်ပံ တိုက်စစ်တွေ ကနေတဆင့် ဂိုးရဖို့ အားစိုက်မှုတွေက တော်တော်လေးကို အလုပ်ဖြစ်ခဲ့တာပါ။ တကယ်တမ်းမှာလည်း ပွဲချိန် ၈၇ မိနစ်မှာ နောက်ထပ် ပင်နယ်တီ ထပ်ရခဲ့ပြီး ပထမ ချေပဂိုး သွင်းယူထားတဲ့ ဘာဒီကပဲ အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

လာလီဂါမှာ နိုင်ပွဲ လုံးဝ မရှိသေးတဲ့ အသင်းကို သရေပဲ ကစားနိုင်ခဲ့တဲ့ အခြေအနေက အက်သလက်တီကို အတွက် တကယ်ကို ဆိုးရွားလွန်းပါတယ်။ အဓိက အချက်ကတော့ လီဗန်တေးရဲ့ တန်ပြန် တိုက်စစ်ပိုင်းနဲ့ တိုက်စစ် အစပြုရာ တောင်ပံ ကစားသမားတွေရဲ့ ရုန်းအားကြောင့်လို့ ပြောလို့ရပါတယ်။ အက်သလက်တီကို ခံစစ် အလုပ်ရှုပ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လီဗန်တေး အတွက်ကတော့ အိမ်ကွင်းမှာ ထိုက်တန်တဲ့ ရလဒ် ရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အခုလို သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ အတွက် အက်သလက်တီကို အနေနဲ့ ဆီဗီလာ၊ ရီးရဲလ်တို့ နိုင်ပွဲ ပျောက်ဆုံးမှုကို အခွင့်ကောင်း ယူနိုင်မယ့် အခြေအနေ ဆုံးရှုံးသွားခဲ့ပါတယ်။ ချေပဂိုး ရခဲ့တဲ့ ဂိုးတွေက ပင်နယ်တီတွေ ဖြစ်နေခဲ့တာက အက်သလက်တီကို အတွက် ဆုံးရှုံးမှု ဖြစ်ခဲ့ပေမယ့် အိမ်ရှင် အသင်း အတွက်တော့ ဆုလာဘ်တစ်ခု ဖြစ်ခဲ့တယ်ပဲ ဆိုရမှာပါ။ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်ရောက်ဖို့ အားစိုက်နေတဲ့ အက်သလက်တီကို အသင်းကို နောက်ကနေလိုက်ကစားပြီး ဂိုးတွေ သွင်းနိုင်ခဲ့တဲ့ လီဗန်တေးရဲ့ ရမှတ်တစ်မှတ် ကိုတော့ အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ လီဗန်တေး အတွက် သရေတစ်မှတ်က တကယ်ကို ထိုက်တန်ခဲ့ပေမယ့် လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာပဲ ရပ်တည်ခဲ့ ပါတယ်။

လာမယ့်ပွဲစဉ်များ

လီဗန်တေး အနေနဲ့ လာမယ့် လာလီဂါ ပွဲစဉ်မှာ ဂရန်နာဒါ အသင်းကို အိမ်ကွင်းမှာပဲ ရင်ဆိုင်ရဖို့ရှိနေပြီး အက်သလက်တီကို ကတော့ အိမ်ကွင်းမှာ ရီးရဲယ်ဘက်တစ်ကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်